ဝဋ်ကြွေးရှိက ရှောင်တိမ်းမရ

“မကောင်းမှုပြုသောသူသည် ကောင်းကင် ၌နေသော်လည်းကောင်း သမုဒ္ဒရာအလယ်၌ နေသော်လည်းကောင်း၊ တောင်အခေါင်းထဲ၌ဝင်၍ နေသော်လည်းကောင်း၊ မကောင်းမှုအပြစ်မှ မလွတ် ရာ မကောင်းမှုအဖြစ်ခံစားခြင်းမှ လွတ်သော အရပ်ဟူ၍ တစ်ကွက်မှမရှိလေ”။

(ဓမ္မပဒ- ၁၂၇)
ဓမ္မပဒ၏ မိန့်ဆိုမှုကား တိကျမှန်ကန်သေ ချာပေသည်။ မကောင်းမှုပြုခဲ့သော ဝဋ်ကြွေးပါလာ လျှင် မြတ်စွာဘုရားရှင်သော်မှ ရှောင်တိမ်းမရဘဲ ထိုဝဋ်ကြွေးကို ပေးဆပ်ရပါ၏။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပေးဆပ်ခဲ့ရသော ဝဋ်တော် ၁၂ပါး (ဝိပါတ်တော်-၁၂ပါး) အကြောင်းကို မနောမယ ဂမ္ဘီရဂျာနယ်၊ အမှတ်စဉ်(၅၈၅)တွင် စာရေးသူ ကိုယ် တိုင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပေသည်။
ယခုလည်း မြတ်စွာဘုရားရှင်၏ တပည့် သာဝက ရှင်မဟာမောဂ္ဂလာန် မထေရ်အား ခိုးသား ငါးရာတို့မှ သတ်ဖြတ်ခဲ့ခြင်းအကြောင်းကို ဖွင့်ဆိုပါ မည်။ ရှင်မဟာမောဂ္ဂလာန်သည် တန်ခိုးတော်အရာ တွင် အစွမ်းထက်သော မထေရ်တစ်ပါးဖြစ်၏။ ကောင်းကင်ခရီးဖြင့် နတ်ပြည်သို့ ကြွမြန်းနိုင်သလို မြေအောက်ခရီးဖြင့် ငရဲပြည်သို့ ြွကမြန်းနိုင်သော (မြေလျှိုး၊ မိုးပျံ)အစွမ်းရှိသည့် အရှင်သူမြတ်ဖြစ်၏။ သို့သော် အတိတ်ဘဝက ပြုခဲ့သော အကုသိုလ်ကံ ကြောင့် အစွမ်းထက်သော မထေရ်မြတ်သည် ခိုးသားငါးရာတို့၏ သတ်ဖြတ်ချေမှုန်းခြင်းကို ခံခဲ့ရ ပါသည်။ ဝဋ်ကြွေးပါ၍ မလွဲမသွေ ခံစားပေးဆပ်ခဲ့ရသော အရှင်မဟာမောဂ္ဂလာန်မထေရ်၏ အတိတ် ဘဝဝဋ်ကြွေးသည်ကား။
လွန်လေပြီးသောအခါက ဗာရာဏသီပြည်ရှိ အမျိုးကောင်းသားတစ်ယောက်သည် မျက်မမြင် ဒုက္ခိတမိဘနှစ်ပါးကို ပြုစုစောင့်ရှောက်လုပ်ကျွေးနေပါသည်။ အချိန်ကြာလာသောအခါ မျက်မမြင် မိဘနှစ်ပါးက သားဖြစ်သူ အမောင်လုလင်ကို အိမ်ထောင် ပြုဖို့ နားချကြသည်။ သားဖြစ်သူကလည်း ဒုက္ခိတ မိဘနှစ်ပါး ကွန်လွန်ပြီးမှသာ အိမ်ထောင်ဖက် ရှာမည် ဖြစ်ကြောင်း ပြောဆိုပါသည်။ မိဘနှစ်ပါးကလည်း သားဖြစ်သူ၏ ပင်ပန်းနွမ်းနယ်မှုကို ခံစားသိရှိနေ၍ မကြာခဏဆိုသလို အိမ်ထောင်ပြုဖို့ တိုက်တွန်း စကားဆို၏။ နောက်ဆုံးတွင် ထိုအမျိုးကောင်းသားသည် မိဘနှစ်ပါး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်အ တွက် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုကာ မိဘ နှစ်ပါးနှင့်အတူ ပေါင်းသင်းနေထိုင်ခဲ့ပါသည်။
ဤသို့ဖြင့် အမျိုးကောင်းသားသည် မိသားစု စားဝတ်နေရေးအတွက် အပြင်တွင် စီးပွားရှာသွားသည့်အခါ ဒုက္ခိတမိဘနှစ်ပါးကို ဇနီးမယားဖြစ်သူနှင့် နေအိမ်တွင်ထားရှိခဲ့သည်။ နေအိမ်တွင် ကျန် ရှိခဲ့သော ဇနီးမယားသည် မျက်မမြင်ဒုက္ခိတ ယောက္ခမနှစ်ဦး၏ ဝတ်ကြီးဝတ်ငယ် ပြုစုပေးရပါ သည်။ အချိန်အတော်အတန် ကြာလာသောအခါ ချွေးမဖြစ်သူသည် ယောက္ခမနှစ်ဦး၏ စားဝတ်နေရေး နှင့် အညစ်အကြေးကအစ ပြုစုပေးရမှုကို မကြည် ဖြူဘဲ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ထိုအမျိုးသမီး သည် ခင်ပွန်းလင်သား အိမ်ပြန်လာသောအခါ မိဘ နှစ်ပါးနှင့်ခွဲ၍ တစ်အိုးတစ်အိမ် နေထိုင်ကြရန် အမျိုး ကောင်းသားအား နားပူနားဆာ ပြောဆိုပါသည်။ ခင်ပွန်းသည်အမျိုးကောင်းသားကလည်း မျက်မမြင် ဒုက္ခိတမိဘနှစ်ပါးကို ပစ်ပယ်၍ ခွဲခွာမနေလိုကြောင်း ဇနီးသည်အား ပြောဆိုပါသည်။
တစ်နေ့တွင် ခင်ပွန်းဖြစ်သူ အမျိုးကောင်းသား အပြင်သွားသည့်အခါ ဇနီးဖြစ်သူ အမျိုးသမီး သည် နေအိမ်ပေါ်တွင် အမှိုက်သရိုက်များ၊ အညစ် အကြေးများ စသည်တို့ကို ကြဲဖြန့်လျက်ထားရှိခဲ့ သည်။ ခင်ပွန်းဖြစ်သူ အမျိုးကောင်းသား အိမ်ပြန် ရောက်သောအခါ ထိုအခြင်းအရာကို မြင်တွေ့၍ ဇနီး သည်အား မေးမြန်းပါသည်။ ထိုအခါ ဇနီးဖြစ်သူက ဤအခြင်းအရာသည် မျက်မမြင်သက်ကြီးအိုတို့၏ ပြုလုပ်မှုဖြစ်ကြောင်း လီဆယ်၍ ပြောဆိုပါသည်။ ထို့ကြောင့် ဤမျက်မမြင် ဒုက္ခိတတို့နှင့် အတူမနေ လိုကြောင်း ထပ်လောင်း၍ ခင်ပွန်းသည် အမျိုး ကောင်းသားအား လှုံ့ဆော်သွေးထိုးစကား ဆိုပါ သည်။
ဇနီးမယား၊ မိန်းမသား၏ မဟုတ်မမှန် လုပ် ကြံ၊ သွေးထိုးစကားဆိုမှုကို အမျိုးကောင်းသားက ယုံကြည်စွာ လက်ခံခဲ့သည်။ ထို့ကြောင့် အမျိုး ကောင်းသားသည် မိဘနှစ်ပါးအား အစာရေစာ စား သုံးစေပြီးနောက် မိခင်ဖခင်တို့၏ အဆွေအမျိုးတို့ သည် ဤမည်သော အရပ်၌ ရောက်ရှိနေကြောင်း အဆွေအမျိုးတို့မှ မိဘနှစ်ပါးကို တွေ့မြင်လိုကြောင်း ထို့ကြောင့် ဤမည်သော အရပ်သို့ လိုက်ပို့ပေးမည် ဖြစ်ကြောင်း ပြောဆိုပါသည်။ ထို့နောက် အမျိုး ကောင်းသားသည် မျက်မမြင်ဒုက္ခိတ မိဘနှစ်ပါးကို နွားဆွဲသော လှည်းပေါ်တင်ဆောင်၍ မောင်းနှင်လာ ခဲ့ပါသည်။ တောအုပ်အလယ်သို့ ရောက်သောအခါ “ဖခင် နွားနှင့်ကြိုးတို့ကို ကိုင်ထားကြပါ။ ဤအရပ် သည် ခိုးသားဓားပြတို့ရှိပါ၏။ ကျွနု်ပ် သက်ဆင်းကြည့် ပါမယ်” ဟုဆို၍ ဖခင်လက်၌ နွားနှင်ကြိုးကို ပေး၏။ ထို့နောက် နှင်တံဖြင့် နွားတို့ကို ပြေးစေပြီး အမျိုးကောင်းသားသည် လှည်းနောက်မှ အပြေး လိုက်၍ ခိုးသားဓားပြတို့၏ အသွင်သဏ္ဌာန်ဖြင့် အသံ ပြုခြိမ်းခြောက်ပါသည်။ လှည်းပေါ်တွင် လိုက်ပါသွား သော မျက်မမြင် ဒုက္ခိတမိဘနှစ်ပါးသည် အမှန်တကယ် ခိုးသားဓားပြများ ထကြွသည်ထင်၍ –
“ချစ်သား …ငါတို့သည် အိုမင်းမစွမ်းသော ဒုက္ခိတများဖြစ်ပေ၏။ ငါတို့၏အသက်ကို မငဲ့ကွက်နှင့် ချစ်သား အသက်ချမ်းသာရေးကိုသာ ရှေ့ရှုပါ လော့”ဟု မိဘနှစ်ပါးမှ သားဖြစ်သူအား ကရုဏာသက်စွာ ပြောဆိုပါသည်။ မိဘတို့မှ ကရုဏာသက်သော်လည်း အမျိုးကောင်းသားသည် မိဘတို့ အပေါ် မေတ္တာမဖက်၊ ခိုးသားဓားပြတို့၏အသံကို ပြုလျက် မျက်မမြင် မိဘနှစ်ပါးအား ထုထောင်းရိုက် နှက်သတ်ဖြတ်ခဲ့ပါသည်။ သေလွန်သွားသော မိဘ နှစ်ပါး၏ ရုပ်အလောင်းကို ထိုတောတွင်း၌ပင် စွန့် ပစ်ခဲ့ပြီးနောက် အမျိုးကောင်းသားသည် ဇနီးမယား ရှိရာနေအိမ်သို့ ပြန်လာခဲ့ပါသည်။
ထိုအမျိုးကောင်းသားသည် မိဘနှစ်ပါးကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ပဉ္စာနန္တရိက ကံငါးပါးဖြစ် သော မာတုဃာတက (အမိကို သတ်သောကံ)နှင့် ပီတုဃာတက(အဖကို သတ်သောကံ)တို့၏ အကုသိုလ် ကြောင့် သေလွန်သည့်အခါ၊ မဟာအဝီဇိငရဲ၌ မရေ မတွက်နိုင်သော အချိန်အတိုင်းအတာအထိ ကျခံခဲ့ရပါသည်။ ထိုငရဲမှ ကင်းလွတ်၍ ဂေါတမ မြတ်စွာ ဘုရားရှင် ပွင့်တော်မူသောအခါ အရှင်မဟာမောဂ္ဂလာန် မထေရ် ဖြစ်ခဲ့ပါသည်။ သို့သော် “ဝဋ်အမြဲ ငရဲအပ” ဆိုသည့်အတိုင်း ဝဋ်အြွကင်းအကျန်ကိုကား ဘုရား၊ ရဟန္တာများပင် မလွတ်ကင်းနိုင်ကြပေ။ ထို့ကြောင့် အရှင်မဟာမောဂ္ဂလာန် မထေရ်သည် နောက်ဆုံး ဘဝအနေဖြင့် မိမိပြုခဲ့သော ဝဋ်ကြွေးကို ပြန်လည် ပေးဆပ်ခံစားခဲ့ရခြင်း ဖြစ်ပေသည်။
နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် မကောင်းမှုပြုသော သူသည် ဤဘဝ၌လည်း ပူပန် ဆင်းရဲရ၏။ နောင်ဘဝ၌လည်း ပူပန်ဆင်းရဲရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌ ပူပန်ဆင်း ရဲ၏။ ငါသည် ယုတ်မာသော မကောင်းမှုကိုပြုမိချေ ပြီဟု နှလုံးမသာမယာ ပူပန်ဆင်းရဲရ၏။ ထိုသူသည် အပါယ်လေးပါးသို့ သွားရသည့်အခါ သာ၍ပင် ပူပန် ဆင်းရဲရ၏။ (ဓမ္မပဒ-၁၇)ဆုံးမစကားကို အသိပေးလျက် ဝဋ်ကြွေးရှိက ရှောင်တိမ်းမရဟု ပမာပြုအပ်ပါသည်။

မေတ္တာစေတနာဖြင့်
မောင်အေးထွန်း
ကျမ်းကိုး။ ။ဓမ္မပဒဝတ္ထုတော်ကြီး၊ ဒဏ္ဍဝဂ် မှ ရှင်မဟာမောဂ္ဂလာန်မထေရ်ဝတ္ထု။