ကျောက်ထီးတန္တုသာသနာ

ကျောက်ထီးတန္တုသာသနာ ပြုကျင့်စဉ်တော်ကြီ

သာသနာပြု သတ္တဝါကယ်ဆိုတဲ့ လမ်းစဉ်ကို လိုက်နာကျင့်ကြံကြသူတွေအတွက် အမြဲမပြတ် ကျင့်ကြံရမယ့် ကျင့်စဉ်တွေဖြစ်တဲ့အတွက် သူတော် ကောင်းများက ကျောက်ထီးတန္တုသာသနာ ပြုကျင့်စဉ်တော်ကြီးရယ်လို့ အမည်ပေးကင်ပွန်းတပ်ခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆရာအရှင်တွေ အနေနဲ့ မဖြစ်မနေကျင့်ကြံရမယ့် ကျင့်စဉ်တော် အခြေခံအချက် ခြောက်ချက်ရှိပါတယ်။

  • ၁။ အေးစေတတ်တဲ့ တရားမြတ်ကျင့်စဉ်
  • ၂။ ရဲစေတတ်တဲ့ တရားမြတ်ကျင့်စဉ်
  • ၃။ သတိတရားမြတ်ကျင့်စဉ်
  • ၄။ ရင့်စေတတ်တဲ့တရားမြတ်ကျင့်စဉ်
  • ၅။ မြတ်သောတရားမြတ်ကျင့်စဉ်
  • ၆။ ဖြောင့်စင်းသော တရားမြတ်ကျင့်စဉ်

ရယ်လို့ ရှိတာဖြစ်ပါတယ်။ သူတော်ကောင်းများက ဒီကျင့်စဉ်ကို အလွယ်မှတ်သားထားဖို့အတွက် အေး၊ ရဲ၊ သတိ၊ ရင့်၊ မြတ်၊ ဖြောင့် ရယ်လို့ အတိုကောက် မှတ်သားထားကြပါတယ်။

(၁) အေးစေတတ်သော တရားမြတ် ကျင့်စဉ်

(က) မေတ္တာပါရမီကိုဖြည့်ရမည်။

(ခ) မဟာကရုဏာ သမာပတ္တိဥာဏော အနန္တော။

စကြဝဠာရှိ သတ္တဝါ အသင်္ချေအနန္တတို့အား ကြီးမြတ်သော မဟာကရုဏာတရားတော်ကို အညီ အမျှ ရောက်တော်မူသည့် မဟာ ကရုဏာ သမာပတ္တိ ရွှေဥာဏ်တော်ကို ရေတွက်၍ မကုန်နိုင်ပါတကားဟု စိတ်တည်ငြိမ်လာသည့်တိုင် မြတ်မြတ်နိုးနိုး ပွားများ ပူဇော်နေရမှာ ဖြစ်ပါတယ်။

(ဂ) အရဟံဂုဏ်တော်ကို ပွားများရမယ်

လူမင်းနတ်မင်း၊ ဗြဟ္မာင်းတို့ရဲ့ နှစ်သက် ကြည်ဖြူ လှူဒါန်းခြင်းကို ခံယူတော်မူသော မြတ်စွာ ဘုရားဟူသော ပါဠိအနက်နှစ်မျိုးပွားရမှာ ဖြစ်ပါသည်။

(ဃ) အကြောင်း မေတ္တာပါရမီဖြစ်တဲ့အတွက် ဗြဟ္မစိုရ် တရားလေးပါးကို ပွားများပေးရမယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားလေးပါး ကို ဆိုလိုပါတယ်။

မေတ္တာကမ္မဋ္ဌာန်းပွားများနည်းကတော့ –

တစ်ကမ္ဘာလုံးမှာ ရန်သူဆိုတာ ရှာမရနိုင်အောင် မေတ္တာအလင်းစိတ်ဖြင့် လွှမ်းခြုံထားရမယ်။ မေတ္တာပွားပို့ပုံကတော့ –

၁။ သတ္တဝါများ ဘေးရန်ကင်းကြပါစေ

၂။ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ(အခြံအရံ ကောင်းပါစေ၊ မဆုတ်ယုတ်ပါစေနဲ့)

၃။ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ(လာဘ်မျာ ပါစေ၊ လာဘ်မနည်းပါစေနဲ့)

၄။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။ (မဆင်းရဲပါစေနဲ့)

ကရုဏာပို့ပုံကတော့ သတ္တဝါအပေါင်းကို ရင်ဝယ်သားကဲ့သို့ ကြင်နာ သနားသော အအေးဓာတ်ဖြင့် လွှမ်းခြုံထားရပါမယ်။ ဒုက္ခသည် အချင်းချင်း ကရုဏာဓာတ်မညီရင် သင်္ခါရဓမ္မနဲ့ ညှိယူရပါတယ်။

ပွားများပုံမှာ . . . ဆင်းရဲကင်းပါစေ

မုဒိတာ ကမ္မဋ္ဌာန်းပွားများပုံကတော့ –

သာသနာတော်နှင့် တွေ့နေကြတဲ့ သတ္တဝါ တိုင်း ဝမ်းသာအားရ အကြည်ဓာတ်အပြည့်အဝဖြင့် မွှမ်းထုံထားရပါမယ်။ ရပြီးသား စည်းစိမ်ချမ်းသာတွေ တည်တံ့ပါစေ။ (အတွင်းသာသနာတည်ပါစေ) ဆိုပြီး လှိုက်လှိုက်လှဲလှဲပွားများရပါမယ်။

ဥပေက္ခာ ကမ္မဋ္ဌာန်းပွားများပုံကတော့

ဆင်းရဲသူ၊ ချမ်းသာသူ၊ ကောင်းသူ၊ ဆိုးသူတို့အပေါ်၌ ကံတရားအတိုင်း စိတ်ထားညီမျှအောင် ထားရမှာ ဖြစ်ပါတယ်။ ကံစီမံခံရသူ အချင်းချင်း ဥပေက္ခာမညီရင် ကံနဲ့ ညှိရပါတယ်။ ပွားများ ဆင်ခြင်ပုံကတော့ သတ္တဝါအပေါင်းတို့သည် ကံသာလျှင် အကြောင်းရင်း ရှိကြကုန်၏။ သူ့ကံ သူ့ထံပြန်၏။ ကိုယ့်ကံ ကိုယ့်ထံပြန်၏လို့ ဆင်ခြင်ပွားများ ပေးရမှာ ဖြစ်ပါတယ်။

(၂) ရဲစေတတ်သောတရားမြတ်ကျင့်စဉ်

(က) သီလပါရမီဖြည့်ရမည်။

(ခ) ယမကပါဠိဟာရိယဥာဏော အနန္တော

ရေအစုံ၊ မီးအစုံ၊ မီးအစုံ၊ ရေအစုံ တန်ခိုး အဟုန်ဖြင့် ကလာပ်အစုံ၊ ဓာတ်အစုံ ဖွင့်လှစ်တော်မူသော ယမကာပါဟာရိ ရွှေဥာဏ်တော်ကို ရေတွက်လို့ မကုန်နိုင်ပါတကားလို့ စိတ်တည်ငြိမ်မှုရနိုင်တဲ့အထိ မြတ်မြတ်နိုးနိုးပူဇော်ရပါမယ်။

(ဂ) ဘဂဝါဂုဏ်တော်ကို ပွားများရပါမယ်။ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဃ) သီလ နုဿတိ ကမ္မဋ္ဌာန်းနှင့် မရဏ သတိကမ္မဋ္ဌာန်းကို ပွားများရမယ်။

ပြစ်မှားကျူးလွန် လိုတဲ့ စိတ်မရှိဘဲ အရိယာများကို သီလအပြည့်အဝရှိ ရမယ်။ မရဏနုဿတိပွားများရာမှာ မရဏံမေ ဓုဝံ မရိဿတိ ငါသည်ဧကန်သေရအံ့။ (၃၁)ဘုံ အလုံးစုံ အကုန်ပျက်ရအံ့။ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ပညာဂုဏ်၊ ဥစ္စာဂုဏ်၊ ရာထူးဂုဏ်တို့နှင့် စသော်လည်း သေလျှင် နိဂုံးချုပ်ရသည်မှာ သံသရာဘေးဆိုးကြီးပါပေတည်း လို့ နှလုံးသွင်းရပါမယ်။

(၃) သတိတရားမြတ်ကျင့်စဉ်

(က) ဒါနပါရမီနဲ့ ဝီရိယ ပါရမီကို ဖြည့်ရ မယ်။

(ခ) အာသဃာနုသယ ဥာဏော အနန္တော

သတ္တဝါအနန္တတို့ရဲ့ အာသာစရိုက်တွေကို ဇောဝီထိ အလိုက်ဘဝင်ခိုက်အောင် သိမြင်တော်မူ သော အာသဃာနုသယ ရွှေဥာဏ်တော်ကို ရေတွက်၍ မကုန်နိုင်ပါတကားလို့ စိတ်ထဲမှာ ထင်ပြီး တည်ငြိမ်လာတဲ့အထိ မြတ်မြတ်နိုးနိုးပူဇော်ရမယ်။

(ဂ) အနုတ္တရော ပုရိသ ဓမ္မသာရထိ ဂုဏ် တော်ကို ပွားများ၇မယ်။ မယဉ်ကျေးတဲ့ တိရစ္ဆာန်၊ လူ၊ ဘီလူး၊ နတ်တွေကို ယဉ်ကျေးစေခြင်းငှာ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

(ဃ) အာနာပါဏ ကမ္မဋ္ဌာန်းကိုစီးဖြန်း အားထုတ်ရမယ်

(၁) သတိမြဲရာပထမာ စိတ်ကို နှာသီးဖျားမှာ တည်ငြိမ်အောင်ထားပြီး ဝင်လေ နှာသီးဖျား ရောက်ရင် တစ်လို့မှတ်။ ရှစ်ကြိမ်ရောက်ရင် စိတ် ထဲက တစ်မှတ်ဟုသိပါ။ ရှစ်ခု ငါးခါဖြစ်ရင် ၁၀ဝ၀ ဖြစ်ပါတယ်။ တစ်နေ့တစ်ထောင် ပွားများကြည့်ပါ။

(၂) ဒုမှာ ရှည်တိုသိ တစ်တောင်လောက် တစ်လံလောက်အလိုရှိသလို လေကိုရှူပါ။ ဆလိုက်အလင်းတန်းကို အလင်းရောင်ရရင် တစ်တောင်ခန့် ဆွဲထုတ်ဆွဲသွင်းလုပ်ကြည့်ပါ။

(၃) သုံးချက်သိရာ တတိ ဝင်လေထွက်လေကို နှာသီး၊ ရင်ချိုင့်၊ ချက် သုံးနေရာ သိအောင် မှန်မှန်ရှူထုတ်ပါ။

(၄) စမှာ ငြိမ်းစေဘိ ဝင်လေထွက်လေ အလွန်သိမ်မွေ့လာပြီး ရင်ချိုင့်မှာ ငြိမ်းပေါ့ ချမ်းသာနေမည်။

(၄) ရင့်စေတတ်သော တရားမြတ်ကျင့်စဉ်

(က) ခန္တီပါရမီနှင့် ဥပေက္ခာပါရမီကိုဖြည့် ကျင့်ရမယ်။

(ခ) ဣန္ဒြိယ ပရောပရိယတ္တိ၊ ဥာဏော အနန္တော

လူနတ်ဗြဟ္မာ သတ္တဝါတို့ရဲ့ ဣန္ဒြေ အနုအ ရင့် အသင့်၊ ဒေသနာ အဆင့်ဆင့်ဖြာ၍ သိမြင်တော် မူသော ဣန္ဒြိယ ပရောပရိယတ္တိ ရွှေဥာဏ်တော်ကို ရေတွက်၍ မကုန်နိုင်ပါတကားလို့ စိတ်ထဲမှာ တည် ငြိမ်မှုရလာတဲ့အထိ မြတ်မြတ်နိုးနိုးပွားများ ပူဇော်ရမယ်။

(ဂ) ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်နှင့် သုဂတော ဂုဏ်တော်ကို ပွားများရမယ်။ ဝိဇ္ဇာဥာဏ် ရှစ်ပါး၊ စရဏတရားတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား ဘေးမရှိ၊ မငြိမတွယ်၊ တင့်တယ်သော အရိယာတို့၏ မဂ်ဥာဏ်ဖြင့် နိဗ္ဗာန်သို့ ြွကသွားတော်မူသော မြတ်စွာဘုရား။
အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများကို ဆင်ခြင်ရမည်။

(၅) မြတ်သောတရားမြတ်ကျင့်စဉ်

(က) သစ္စာ၊ ပညာ၊ ပါရမီကို ဖြည့်ကျင့်ရမည်။

(ခ) သဗ္ဗညုဥာဏော အနန္တော လောကီလောကုတ္တရာအပိုင်းတို့၌ အလုံးစုံ အကုန်အစင်သိ မြင်တော်မူသော သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရေ တွက်၍ မကုန်နိုင်ပါတကား။

(ဂ) သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်နှင့် ဗုဒ္ဓေါ ဂုဏ်တော်ပွားပါ

(၆) ဖြောင့်စင်းသောတရားမြတ်ကျင့်စဉ်

(က) နိက္ခမပါရမီနှင့် အဓိဋ္ဌာန် ပါရမီနှင့် အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်ရမည်။

(ခ) လောကဝိဒူဂုဏ်တော်ကိုပွားများပါ။

(ဂ) အသုဘကမ္မဋ္ဌာန်းပွားများပါ။

ကျောက်ထီးတန္တု သာသနာပြု ကျင့်စဉ် တော်ကြီးကို ကျင့်သုံးပြီး သူတော်ကောင်းတရား နိုးကြားနိုင်ကြပါစေ။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)