ထီပေါက်ဖို့ရာ

ထီပေါက်ဖို့ရာ

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများအဖို့ ဘုရားရုပ်ပွားတော်များကို ထုလုပ်ပူဇော်ကိုးကွယ်ကြသည်မှာ သဘာဝကျပါသည်။ ဝမ်းသာပီတိဖြစ်စရာလည်း ကောင်းပါသည်။

စာရေးသူတို့အဖို့ မိမိ၏ရရှိပြီးသော ငွေကြေး ဥစ္စာတို့ မြဲလိုကြသည်။ လုပ်ငန်းကိုင်ငန်း အဆင်ပြေပြီး စီးပွားတိုးတက်ချင်ကြသည်။ ကံဇာတာတက်ပြီး ထီဆုကြီးများ ပေါက်လိုကြသည်။ လောကီလူသားများ ဖြစ်ကြ၍လည်း ထိုအနေအထားအပေါ် အပြစ်မမြင်ကောင်းပါချေ။

“ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”ဆိုသော စကားရပ်ကို ကြားဖူးသည်။

ဤတွင် ကိုယ့်ရှိသည့်ကံကို ကောင်းအောင် ပြုလုပ်ဖို့လိုပါသည်။ ကံဆိုသည်မှာ အလုပ်ပဲဖြစ်သည်။ မိမိတို့ လုပ်ဆောင်နေကြသော အလုပ်မှန်သမျှသည် ဘာသာရေးနှင့် မဆန့်ကျင်ဘဲ သမာအာဇီဝကျဖို့ အရေးကြီးပါသည်။ သူတစ်ပါး မျက်ရည်ကြီးငယ်ကျပါမှ ကိုယ့်ဝမ်းဝလေသော အလုပ်သည် ကံကိုနိမ့်ပါးစေသည့် လမ်းပဲဖြစ်ချေသည်။ သည့်အတွက် ကံကို အမြဲတစေ မိမိတို့ပြုပြင်နေရပါမည်။ ဤ၌ ကံလည်းကောင်းစေ၊ ထီဆုကြီးများလည်း ပေါက်စေရန် စိတ်ကို ဖြူစင်အောင်ထား၍ အောက်ဖော်ပြပါအတိုင်း မိမိတို့နေ့နံနှင့် ကိုက်ညီမည့် အသားတို့အား ဘုရားရုပ်ပွားတော်များ ထုလုပ်ပြီး ရိုသေစွာ ကိုးကွယ်ပူဇော်ကြပါရန် တိုက်တွန်း အပ်ပါသည်။ ထူးခြားသော အကျိုးအာနိသင်များ ရရှိခံစားရပါလိမ့်မည်။

  • ၁။ တနင်္ဂနွေသားသမီးများ- စနေ+တနင်္လာ နံသားဖြစ်သည့် ဒါန်းကြီးသား။
  • ၂။ တနင်္လာသားသမီးများ-တနင်္ဂနွေ+အင်္ဂါ နံသားဖြစ်သည့် ဩဇာသား
  • ၃။ အင်္ဂါသားသမီး-တနင်္လာ+ဗုဒ္ဓဟူးနံသား ဖြစ်သည့် ကလိန်သား။
  • ၄။ ဗုဒ္ဓဟူးသားသမီးများ-အင်္ဂါ+ကြာသပ တေးနံသားဖြစ်သည့် စိန်ပန်းသား။
  • ၅။ ကြာသပတေးသားသမီးများ-ဗုဒ္ဓဟူး+ သောကြာနံသားဖြစ်သည့် ဝံသဲသား။
  • ၆။ သောကြာသားသမီးများ-ကြာသပ တေး+ စနေနံသားဖြစ်သည့် ပိတောက်သား။
  • ၇။ စနေသားသမီးများ-သောကြာ+တနင်္ဂ နွေ နံသားဖြစ်သည့် သစ်အယ်သား။

စသည့် မိမိတို့ နေ့နံဆိုင်ရာ လိုက်ဖက်ကိုက်ညီမည့် အသားတို့အား ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပြီး ရိုသေစွာ ကိုးကွယ်သင့်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။

အင်္ဂဝိဇ္ဇာဆရာအောင်