ဆူးလေဓာတ်နဲ့ အကျိုးအမြတ်ယူပါ

ဆူးလေဓာတ်နဲ့ အကျိုးအမြတ်ယူပါ

ဆူးလေဓာတ်နဲ့ အကျိုးအမြတ်ယူပါ

ဓာတ်တို့၏ စွမ်းပကားမှာ ကြီးမားလွန်းလှပါဘိ။

အစီအရင် တော်တော်များများ၌ ဓာတ်သဘောတွေ ပါဝင်တတ်၏။ ဓာတ်တို့ကို နေသားတကျ ချတတ်၊ စီရင်တတ်ပါမူ ဓာတ်တူနံတူတာတွေ များလေလေ အင်အားထက်မြတ်တတ်လေဖြစ်ချေ၏။ ဤသို့ဆူးလေ စေတီတော်မြတ်ကို ဓာတ်တူနံတူများ ပေါင်းစုဝန်းရံလျက် ကိုးကွယ်ပူဇော်ခြင်းဖြင့် အခက်အခဲများ ပြေလည်နိုင်ခြင်း၊ စိတ်ညစ်ညူးမှုများ ကွယ်ပျောက်ကာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ခြင်း စသည့် အကျိုးအမြတ်များ ရရှိခံစားနိုင်ပါသည်။ လုပ်ဆောင်ရမည်တို့ကား။

  • (၁) ဆူးလေစေတီတော် ရုပ်ပွားတော် (သို့မဟုတ်) ဓာတ်ပုံလိုပါမည်။
  • (၂) ဆူးလေပုံတော်၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ညောင်ရွက်တစ်ရွက်စီပါသော ဆည်းလည်းနှစ်လုံးကို တစ်လုံးစီချိတ်ဆွဲပါ။
  • (၃) ဆူးလေပုံတော်ရှေ့၌ ဇလုံတစ်လုံးကို သန့်ရှင်းစွာထားပါ။
  • (၄) ထိုဇလုံထဲသို့ လက်စွပ်လေးကွင်းထည့်ပါ။ (ရွှေ၊ ငွေ၊ ကြေး တတ်နိုင်ရာထည့်ပါ)
  • (၅) ဇလုံထဲသို့ စွန်ပလွန်(သို့) စောင်းလျား (သို့) ဆီးသီးတစ်မျိုးမျိုးကို ခုနစ်လုံးစီထည့်လှူပြီး ဆွမ်းကပ်ပါ။
  • (၆) ပန်းအိုးတွင်း ဇီဇဝါပန်းထည့်၍ ကပ်လှူပါ။

ထိုအလှူကို နေ့တိုင်းလုပ်ပါက ကောင်း၏။ နေ့တိုင်းမဟုတ်သော်မှ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့များတွင် လုပ်ရပါမည်။
ဆူးလေဓာတ်ဆိုသည်မှာ အင်္ဂါနံ၊ ဗုဒ္ဓဟူးနံတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဤ၌ ညောင်ရွက်၊ စောင်းလျား၊ ဆီးသီး၊ ဇီဇဝါ၊ ဆည်းလည်း၊ ဇလုံ၊ လက်စွပ်၊ စွန်ပလွန်စသည့် ဓာတ်များမှာ ဆူးလေဓာတ်နှင့် လျော်ညီစွာ အင်္ဂါနံ၊ ဗုဒ္ဓဟူးနံများ သက်ဝင်၍ မနေပါသလော။ မပျက်မကွက်လုပ်သင့်သည့် နေ့များမှာလည်း အင်္ဂါနှင့် ဗုဒ္ဓဟူး။ ထိုသို့ဓာတ်ပေါင်း စု၍ အလှူဒါနပြုလိုက်သောကြောင့် လောကီအခက်အခဲများ ပြေလည်သွားမည်က အသေအချာ။
ဆူးလေဓာတ်နှင့် အကျိုးမြတ်ကြပါစေသတည်း။

သုတေသီဆရာငြိမ်း