လောဘကို အတောမသတ်နိုင်လို့

လောဘကို အတောမသတ်နိုင်တဲ့အခါ မိမိရဲ့ လက်ရှိဘဝ၊ သံသရာခရီးမှာပါ အခက်အခဲတွေ့ရ အပါယ်ဆီ မျက်နှာမူရတဲ့အဖြစ်အပျက် ကလေး တစ်ခုပါ။

ရေးသင့်မရေးသင့် ချိန်ဆနေပေမယ့် ရေး လိုက်တာကမှ နောက်လာနောင်သားတွေအတွက် ဗဟုသုတအပြင် လက်ရှိဘဝနဲ့ သံသရာခရီးအ တွက်ပါ အနှောက်အယှက်သဖွယ် ဖြစ်တတ်တာ ကို ထိန်းကျောင်းပဲ့ပြင်နိုင်ဖို့ အခုလိုရေးလိုက်ရတာပါ။

ရေးတဲ့နေရာမှာလည်း ဘယ်သူ့ကိုမှ အနှောင့် အယှက်မဖြစ်စေလိုပါဘူး။ ဒါကြောင့် အားလုံးကို လွှဲရေးပေးထားပါတယ်။ အဓိကသိစေလိုတဲ့ အ ကြောင်းအရာကို အသားပေးရေးထားပါတယ်။

တစ်နေ့ ကျွနု်ပ်တပည့်(တနင်္လာသမီး) တစ်ယောက် ကျန်းမာရေးမကောင်းဖြစ်နေလို့ သူ့အိမ် ကိုရောက်သွားခဲ့ပါတယ်။

“ဟဲ့ နင် ဘယ်လိုဖြစ်တာလဲ …”

“ခေါင်းမထူနိုင်တာပါ ဆရာ …၊ ဘာဖြစ် မှန်းလည်းမသိပါဘူး …၊ ဆေးခန်းသွားပြီး ဆေး ထိုးဆေးသောက်လုပ်ပေမယ့် မသက်သာဘူး ဘာ ဖြစ်နေမှန်းကို မသိပါဘူး …”

ကျွနု်ပ်လည်း ခေါင်းမထူနိုင်ဖြစ်နေတဲ့ တပည့်မကိုစစ်ဆေးကြည့်လိုက်ပါတယ်။ သူမက မထနိုင်ဘဲ လှဲနေရတဲ့အတွက် သူမနဖူးကို လက် ထောက်ပြီး အမိန့်ပြန်လိုက်တာနဲ့ သူမနေမထိ ထိုင် မသာဖြစ်သွားပြီး အံတကြိတ်ကြိတ်ဖြစ်လာပါတယ်။ တစ်စုံတစ်ခု ကပ်နေတာကို သိလိုက်ပါတယ်။ ဒါ ကြောင့် တန်ပြန်ဂါထာ ရွတ်လိုက်တယ်ဆိုရင်ပဲ တနင်္လာသမီးလှဲနေရာမှ ဖျတ်ခနဲထထိုင် လိုက်ပါ တယ်။

“ဟင်း ဟင်း ဟင်း …”

အံကြိတ်ထားတဲ့ကြားက ဒေါသတကြီး ညည်းသံကြီးလို လုပ်လာပါတယ်။

“ဘာလဲ  …၊ မင်းက ဘာကောင်မို့ ဘာတွေဖြစ်နေတာလဲ …”

သူကသာ ဒေါသတကြီးဖြစ်နေတယ် …၊ ကိုယ်က သူဘာဖြစ်နေလို့ သူ့ကိုယ်ထဲကို ဘယ်သူ ဝင်ရောက်ပူးကပ်နေမှန်းမသိပါဘူး …၊ ဒါကိုသိရဖို့ လိုပါတယ်။

“ကဲပြော မင်းဘာကောင်လဲ …ပြော”

“မင်း သိပါတယ်၊ သိလျက်နဲ့မေးနေတာ လား …ဗုဒ္ဓဟူးသားနဲ့ပတ်သက်တာလေ”

ကျွနု်ပ်သိလိုက်ပါပြီ၊ ဗုဒ္ဓဟူးသားနဲ့ပတ်သက် တယ်ဆိုတော့မှ ကျွနု်ပ်သိလိုက်ရပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ကျွနု်ပ်ကုသပေးလိုက်ရတဲ့ ဗုဒ္ဓဟူးသားရဲ့ပြဿနာကြောင့်ဆိုတာ သိလိုက်ရပါတယ်။

ဗုဒ္ဓဟူးသားဆိုတာက သူ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွနု်ပ်ဆီမှာ ပယောဂလာရောက်စစ်ဆေး ကုသမှုခံယူခဲ့သူတဲ့ မိသားစုဖြစ်ပါတယ်။ သူတို့ ကြီး တော်တစ်ယောက်နဲ့ ပတ်သက်ရောက်လာကြပြီး နောက်ပိုင်း ဗုဒ္ဓဟူးသားရောက်လာကာ ဘိုးမင်း ခေါင်အတွက် ဒါနပွဲလှူဒါန်းတာတို့၊ ကျွနု်ပ်အလှူ တွေမှာလည်း ပါဝင်လှူဒါန်းတာတို့ လုပ်နေကြတဲ့ မိသားစုတွေဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးသားက သူ့လုပ်ငန်းနဲ့ ဆက်စပ်နေသူတစ်ယောက်နဲ့ပတ်သက်ပြီး တနင်္ဂနွေ သား ဘိုးတော်ဆိုသူတစ်ယောက်နဲ့ ဆက်သွယ် မိပါ တယ်။ သူတို့က လုပ်ငန်းကိစ္စ၊ ငွေကြေးကိစ္စ၊ မိသား စုကိစ္စတွေအတွက် ဘိုးတော်ကို ဆည်းကပ်ခဲ့ကြပါ တယ်။ ဘိုးတော်ဆိုသူက သူတို့အိမ်၊ ရုံးခန်း၊ ပိုင် ဆိုင်သမျှနေရာတွေကို ကိုယ်တိုင်သွားရောက်ပြီး တရားထိုင်တာတို့၊ ဓာတ်ခန်းတစ်ခုတည်ဆောက်တာ တို့ လုပ်ပါတယ်။ ဗုဒ္ဓဟူးသားအနေနဲ့လည်း ဘိုးတော် ကိုယုံကြည်တာကြောင့် သူ့ရုံးခန်းမှာပါ ဓာတ်ခန်း တစ်ခု ဖွင့်ခွင့်ပြုလိုက်ပြီး အစစအရာရာ အပ်ခဲ့ပါ တယ်။

ဗုဒ္ဓဟူးသားကိုယ်တိုင်က အဘဘိုးမင်းခေါင် ကို ယုံကြည်သူဖြစ်တဲ့အပြင် အဘနဲ့လည်းအကြောင်း ဆက်မကင်းသူဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဆည်း ကပ်တဲ့ဘိုးတော်ဆိုသူပတ်သက်လို့ ဗုဒ္ဓဟူးသား စိတ် ထဲကို သံသယလမ်းကြောင်း ထည့်ပေးလိုက်ပုံရပါ တယ်။

ဗုဒ္ဓဟူးသားတစ်ယောက် မိသားစုနဲ့အဆင် မပြေ၊ အိမ်ထောင်ဖက်နဲ့အစီးမကပ်၊ အလုပ်သမား တွေနဲ့ ပြောမကောင်းဆိုမကောင်းတွေ ဖြစ်လာတာ ကြောင့် သံသယလမ်းကြောင်းက ပိုမိုကြီးကျယ်လာခဲ့ ပါတယ်။ သူ့သံသယနဲ့ အဆင်မပြေမှုတွေကြောင့် အဘဘိုးမင်းခေါင်းကို ပွဲလှူဖို့ ကျွနု်ပ်ဆီရောက်လာ ပါတယ်။ ကျွနု်ပ်စစ်ဆေးကြည့်တဲ့အခါမှာ သူ့အနီး ဝန်းကျင်မှာ ရောက်ရှိနေတဲ့အစောင့်အရှောက်တွေ ဟာ ဘီလူး၊ သရဲ၊ အစိမ်းတွေပဲ ဖြစ်နေတာတွေ့ရပါ တယ်။

အဲဒိတော့မှ အောက်မလွတ်တဲ့ အစောင့် တွေရဲ့ပိုင်ရှင်ကို ခေါ်သွင်းလိုက်တဲ့အခါ ဘိုးတော် ရောက်လာပါတယ်။ အဲဒိတော့မှ သူ့ကို ပညာစက် တွေနဲ့ အစောင့်တွေ သိမ်းခိုင်းလိုက်ပါတယ်။ ပညာ သည်လည်း သူလုပ်ထားတဲ့ပညာစက်နဲ့ အစောင့် တွေကို သိမ်းပေးလိုက်တယ်။ သူ့ကိုကြောက်သွားတဲ့ ဗုဒ္ဓဟူးသားကလည်း သူလုပ်ပေးထားတဲ့ ဓာတ်ခန်းနဲ့ တခြားဓါတ်ဆင်ထားတာတွေကို အကုန်စွန့်ပြီး ဘုရားတစ်ဆူမှာ သွားလှူလိုက်ပါတယ်။

တပြိုင်ထဲမှာပဲ ဘိုးတော်တုကိုလှူနေတဲ့ လစဉ်ကြေးကိုလည်း ဖြတ်တောက်ထားလိုက်ပါတယ်။ အဲဒါကိုမကျေနပ်လို့ ကျွနု်ပ်တပည့်ကို ပညာ စက်နဲ့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

“အင်း မင်းက ငါ့ကိုမကျေနပ်လို့ ငါ့တပည့် ကို တိုက်ခိုက်တာပေါ့ ဟုတ်လား”

“ဟုတ်တယ် …မင်းကို မကျေနပ်လို့ လုပ်တာ …မင်းကြောင့် ငါ လစဉ်ရနေတဲ့ငွေ မရ တော့ဘူး၊ မင်းပြန်ပြောပေး”

အဓိကကတော့ သူ့လောဘကို ရပ်တန့်လိုက် သလိုဖြစ်သွားလို့ စိတ်မထိန်းနိုင်ဘဲ ပညာစက်သုံး လိုက်တာပါ။ လောဘကြောင့် ပညာစက်သုံး လိုက်ရ တော့ သူလျှောက်နေတဲ့လမ်း ဘာပဲဖြစ်ဖြစ် အောက် လမ်းဆရာ ဖြစ်သွားရပါတယ်။ အောက်လမ်းပညာ ကိုသုံးလိုက်တော့ သူ အောက်လမ်းဆရာဖြစ်သွားပြီး လက်ရှိဘဝမှာရော သံသရာခရီးမှာပါ အပါယ်ဆီကို တန်းတန်းမတ်မတ် ရောက်သွားရတော့မှာပါ။ လော ဘကိုမထိန်းနိုင်လို့ သူ ဒုက္ခနဲ့တွေ့လိုက်ရတာပါ။

တကယ်ဆို ကိုယ့်ပညာကိုယ်ထိန်းပြီး ဂမ္ဘီရ ခရီးကိုလျှောက်မယ်ဆိုရင် အကောင်အထည် ပေါ် သွားနိုင်မှာဖြစ်ပေမယ့် လောဘဦးစီးတဲ့စိတ်ကြောင့် မိမိလျှောက်ရမယ့် သံသရာခရီးမှာပါ အဆင်မပြေ ဖြစ်ရပြီး အစစပျက်သုဉ်းသွားနိုင်ပါတယ်။

ဒါကြောင့် ဂမ္ဘီရခရီးကိုလျှောက်လှမ်းမယ့်သူ တွေဟာ မိမိတို့ရဲ့ လောဘ၊ ဒေါသ၊ မောဟတို့ကို ထိန်းသိမ်းသင့်ပါကြောင်း …..။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊

(၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊

ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇