သရဲခြောက်တာ မဟုတ်ပါ

သိုက်၊ နတ်၊ အပိုင်စား၊ မြို့တော်ရှင် ရွာ တော်ရှင် စသဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ မမြင် အပ်သူတွေ အများအပြားရှိနေပါတယ်။
လမ်းတွေ ပေါ်မှာ သူတို့လည်း ဘာသာဘာဝ လျှောက်သွား နေကြတာပါပဲ။ သူတို့မှာ နေစရာမဲ့၊ စားစရာမဲ့၊ ရည်ရွယ်ချက်မဲ့နဲ့ နေရသူတွေပါ။ ဟောပြောကြ သူတွေ ပြောသလို “အတည်မကျ ဘဝတစ်ပါး” ဆိုတဲ့စကားအတိုင်း သူတို့ဘဝတွေ။ ပြိတ္တာဘဝကို သွားရမယ့်သူက လောက်လန်းသဖွယ် ဝိညာဉ်တွယ် ဆိုသလို ပြိတ္တာဘဝကိုတွယ်မိချိန် လက်ရှိခန္ဓာကိုယ် ထဲကထွက်တဲ့ ဇီဝိန်ချုပ်ချိန်ကစပြီး သူတို့ကျင်လည် ရမယ့် ပြိတ္တာဘဝမှာ ပျော်ပျော်မပျော်ပျော် စားစရာ ရှိရှိ မရှိရှိ နေကြရတဲ့ဘဝပါ။

သူတို့အတွက် အခက်အခဲများစွာနဲ့ နေကြ ရတာပါ။ ဒီလိုအခက်အခဲတွေကနေ အနည်းငယ် ကူညီနိုင်မယ့်သူရှိရင် အဲဒီလူကို သူတို့အကြောင်း သိစေပြီး သူတို့ အနေ၊ အစားအတွက် အကူအညီ တောင်းလေ့ရှိကြပါတယ်။ ကိုယ်ထင်ပြတာမျိုး၊ အသံ ပေးခြင်း၊ အနံ့ပေးခြင်း၊ အရိပ်အယောင်ပြခြင်း စသဖြင့် သက်ရှိလူသားတွေသိရအောင် ပြသလေ့ ရှိပါတယ်။ ဒါကို လူတွေက သရဲခြောက်တယ်လို့ ခေါ်နေကြတာပါ။

သူတို့ဖြစ်ချင်ကြတာတွေ … သူတို့လုပ်စေ ချင်ကြတာတွေကို လူတွေသိအောင် ပြောဆိုဖို့ အရမ်းကို ခက်ခဲလွန်းပါတယ်။ ဒါကြောင့် သူတို့ ခမျာ တစ်ဆင့်ခံတွေနဲ့ ပြောစေလိုခြင်းပါ။ နောက် တစ်ခု ဖြစ်နေတာက မကျွတ်မလွတ်ဖြစ်နေကြသူ တွေ လမ်းတွေပေါ်မှာ၊ ရပ်ကွက်တွေထဲမှာ အများ အပြား ရှိနေကြပါတယ်။ သူတို့အတွက် နေစရာ လည်း အခက်အခဲ ရှိနေတတ်ကြပါတယ်။

တစ်နေ့ ကျွနု်ပ်ဆီကိုရောက်လာတဲ့ သရဲတစ်ကောင်က သူ့မှာ နေစရာအခက်အခဲရှိနေလို့ အကူ အညီ လာတောင်းပါတယ်။ အမှန်က ကျွနု်ပ် ပယောဂ ကုနေချိန်မှာ မခေါ်ဘဲနဲ့ ရောက်လာတဲ့ ပူးကပ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပူးကပ်လိုက်ပြီဆိုတာနဲ့ သူ နောက်ကို တရွေ့ရွေ့ဆုတ်သွားပါ တယ်။ “မင်း အဲဒီနေရာမှာ နေလို့ရပြီ” လို့ခွင့်ပြုလိုက်တော့မှ သူ ရပ်လိုက်ပါတယ်။

“ဟေ့ မင်း …မင်းဘာလဲ … ငါမခေါ်ဘဲ ဘာလာ လုပ်တာလဲ”

“ကျွန်တော် သရဲတစ်ကောင်ပါ”

သူ့အသံက မပီမသ ထွက်လာတာပါ။ မနည်း နားထောင်ရပါတယ်။

“သရဲက ဒီပညာခွင်ထဲကို ဘာလာလုပ်တာ လဲ …ပြော”

“ဟို ဟို ကျွန်တော့်မှာ နေစရာမရှိလို့”

“နေစရာမရှိတာ ငါ ဘာလုပ်ပေးရမှာလဲ”

“အဲဒါ နေစရာတစ်ခုခုပေးဖို့ပါ”

“ဟာ ဒီကောင်ပြဿနာပဲ။ မင်းနေစရာ လိုချင်ရင် ရွာတော်ရှင်တို့ ကွင်းပိုင်တို့ကို ပြောပါလား။ သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ ပေးပိုင်ခွင့်လည်း ရှိတယ်”

“သူတို့က ဆရာ့ဆီမှာ တောင်းလည်း ရ တယ်လို့ ပြောပါတယ်”

ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်ပါ တယ်။ အရင်ကတော့ ဒီလိုတောင်းခံသူတွေ အောက်လမ်း၊ ရွာသူတွေမွေးထားလို့ အခိုင်းခံ အချုပ်ခံနေရတဲ့ သရဲတွေကို မနီမဝေးမှာရှိတဲ့ ဘုရားဆီ ပို့ပေးထားပါတယ်။ ဒီတစ်ယောက် ကိုတော့ ဘယ်လိုလုပ်ရမလဲ စဉ်းစားပြီး

“ဒီလိုလုပ်ကွာ … မင်းတို့ရပ် ကွက်ထဲ လျှောက်သွားပြီး မင်းအတွက် နေစရာရှိနိုင်မယ့်အပင်တစ်ပင်ရှာလိုက်။ တွေ့တာနဲ့ငါ့ကိုလာပြော … အဲဒီ အပင်မှာ မင်းနေနိုင်အောင်၊ နေခွင့်ရ အောင် ငါပြောပေးမယ်”လို့ ပြော လိုက်ပါတယ်။

သူထွက်သွားတော့မှ ကျွနု်ပ်လည်းကုသမှုကို ဆက်လက်လုပ် ဆောင်ခဲ့ပါတယ်။နာရီဝက်လောက် ကြာချိန် ကုသနေတဲ့ပယောဂစက် မိန်းကလေးကိုယ်ထဲက ထွက်သွားတာနဲ့ ခုန သရဲက မန်းကတန်း ပြေးဝင်လာ ပါတော့တယ်။

“ဆရာ ဆရာ …ကျွန်တော်ပါ။ ကျွန်တော် နေစရာ သွားရှာတဲ့သူပါ”

“ဪ…မင်း ပြန်ရောက်လာတာလား … အင်း ပြောပါဦး ဘယ်နားကအပင်မှာတွေ့ခဲ့လဲ”

“အမှန်အတိုင်းပြောရရင် ဘယ်နားက အပင် မှာမှ နေရာလွတ်မရှိပါဘူး ဆရာ … တချို့ အပင်တွေဆို နှစ်ကောင်သုံးကောင်က နေ ခြောက်ကောင် ခုနစ်ကောင်အထိ နေကြတာတွေ့ရပါတယ်”

“အဲဒီတော့ မင်းအတွက် နေ စရာမရှိတော့ဘူးပေါ့။ ဟုတ်လား”

“ဟုတ်ပါတယ် ဆရာ … ကျွန်တော့်ကို ကူညီပါ …”

ထိုအခါမှ ကျွနု်ပ်လည်းသူ့ကို မနီးမဝေးက ဘုရားဆီပို့ပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဒါပေမဲ့ ဒီဘုရားတွေမှာ နာမ်လောကသားတွေ အထူးသဖြင့် သရဲ၊ ဘီလူးတွေကို ထိန်းချုပ်တဲ့ ယက္ခကြီးရှိပါတယ်။ အဲဒီယက္ခကြီးကို ခေါ်ယူဆွေးနွေးပြီး သူ ခွင့်ပြုမှ သာလျှင် နာမ်လောကသားတို့ နေခွင့်ရမှာ ဖြစ်ပါ တယ်။

ကျွနု်ပ် ယက္ခကြီးကို ခေါ်ယူခွင့် တောင်း ကြည့်တဲ့အခါ သူတို့အုပ်ချုပ်မှုအောက်မှာ နာခံပြီး နေမယ်ဆိုရင် လက်ခံမယ်ဆိုတာကို နေစရာမရှိတဲ့ သရဲ က သဘောတူလက်ခံတဲ့အတွက် ဘုရားပရဝုဏ်မှာ နေခွင့်ရသွားပါတယ်။ ကျွနု်ပ်လည်း သရဲကို ယက္ခ ကြီးနဲ့ ထည့်ပေးလိုက်ပါတယ်။

သရဲ၊ တစ္ဆေ၊ ပြိတ္တာတွေမှာ နေစရာ၊ စားစရာ၊ သွားလာစရာအတွက် အမြဲလိုလို အခက် အခဲတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် သူတို့တွေ အခက်အခဲ ဖြစ်လာတဲ့အခါ သူတို့အခက်အခဲ၊ လို အပ်ချက်တွေကို သူတို့ကိုယ်စား ပြောပေးနိုင်မယ့် သူတွေဆီမှာ အကူအညီတောင်းလေ့ရှိကြကြောင်း ကျွနု်ပ် ကိုယ်တွေ့လေးတစ်ခု တင်ပြလိုက်ခြင်း ဖြစ် ပါတယ်။

ခုတင်ပြလိုက်တဲ့အကြောင်းအရာက ကျွနု်ပ် ပယောဂကုသနေချိန် အသိပေးလာတဲ့အတွက် ခြောက်လှန့်သလိုမျိုးမဖြစ်ပေမယ့် လူတစ်ယောက် သွားစဉ်လာစဉ် နေစဉ်ထိုင်စဉ်ကာလတွေမှာ လာ ရောက်ပြောခဲ့တာမျိုးကို လူတွေက သရဲခြောက်တယ် ဆိုပြီး ကြောက်လန့်တကြား ဖြစ်သွားတတ်ကြပါတယ်။

သရဲအဆင့် ရောက်နေကြသူတွေအနေနဲ့ သူတို့ပြောတဲ့အခါ လူတွေကြားချင်မှ ကြားတတ်ကြ သလို အမြင်ပြတဲ့ အခါမျိုးတွေမှာလည်း မြင်ချင်မှ မြင်ကြတာပါ။ ဆယ်ခါပြပေမယ့် တစ်ခါမြင်ဖို့ မလွယ် ကူပါဘူး။ မမြင်နိုင်တာကို ပြနေမိတဲ့ သရဲတစ် ကောင်က အားမလိုအားမရဖြစ်လာပြီး မမြင်မြင် အောင်၊ မကြားကြားအောင် လုပ်တဲ့အခါ ရုတ်တရက် ဗြုန်းခနဲ မြင်သွား၊ ကြားသွားတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ လူတွေက သရဲခြောက်တယ်လို့ ပြော စမှတ်ပြုကြတာပါ။

အမှန်တော့ သရဲဆိုတာ ကြောက်စရာ မဟုတ်ပါဘူး။ သနားစရာပါ။ သူတို့ လိုအပ်ချက် တွေ၊ ဆန္ဒတွေကနေ ခြောက်လှန့်သလို ဖြစ်သွား ရတာမို့ သူတို့ကြောင့် ခြောက်လှန်သလို ကြုံလာရ ရင် …

“ဒီပတ်ဝန်းကျင်မှာရှိနေကြတဲ့ မြို့တော်ရှင်၊ ရွာတော်ရှင်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ဘုမ္မစိုး ရုက္ခစိုးနဲ့ မကျွတ်မလွတ်သေးတဲ့ ဝေနေယျ သတ္တဝါတွေကို ကျွနု်ပ် ပြုခဲ့သမျှ ကောင်းမှု ကုသိုလ် အဖို့ဘာဂကို အမျှပေးဝေပါတယ်။ ကျွနု်ပ်နဲ့ထပ်တူ ထပ်မျှ သာဓုအနုမောဒနာ ပြုနိုင်ကြပါစေ။ အားလုံး ကြားကြသမျှ အမျှ …အမျှ …အမျှ …ယူတော် မူကြပါကုန်သော် …သာဓု …သာဓု …သာဓု”  လို့ အမျှပေးဝေလိုက်ပါ။

ဆယ်တန်းစာမေးပွဲဖြေမယ့် ကလေးတွေ အတွက် စာမေးပွဲကိုစောင့်ရှောက်တဲ့ နတ်ဝိဇ္ဇာကြီး ခုနစ်ပါးကို ကန်တော့ပွဲပေးပြီး ကျောင်းသားတွေ အပ်နှံပေးဖို့ ဖေဖော်ဝါရီလ ၁ ရက်က စပါပြီ။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇