အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် ဒီဂါထာရွတ်ရင် မနေနိုင်တော့ပဲ ဖြည့်ဆည်းပေးရတဲ့ ဂါထာတော်

သမ္ဗုဒ္ဓေဂါထာလေးအကြောင်း မသိသူတွေအတွက် ဗဟုသုတအဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က ၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် နေမရတော့ပါဘူး။ ပြိတ္တာကတော့ ဂါထာအစကြားတာနဲ့ တစ်ချိုးတည်းလစ်ပြေးပါတယ်။ ကျောင်းထိုင်ပြိတ္တာကြီးတွေ၊ အခြားဂါထာတွေ ပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ့် “သမ္ဗုဒ္ဓေ” စရွတ်တာနဲ့ လစ်ပြေးတာပါပဲ။ ပြေးတဲ့နောက်က လိုက်ရွတ်၊ သူကိုယ်ရောင်တောင် ဖျောက်မပြေးနိုင်ပါဘူး။

သမ္ဗုဒ္ဓေဂါထာတော် တစ်နေ့တစ်ထောင်မကရွတ်ရင် နတ်တွေ၊ တိမ်ကြားမင်းတွေထက်တောင် ဘုန်းကြီးလာနိုင်ပီး၊ စိတ်ကတောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး၊ လိုက်ဖြေစည်းပေးရပါတယ်။

သမ္ဗုဒ္ဓေဂါထာတော်ဟာ နေမင်းကြီးနဲ့ တူပါတယ်။ သဲစုမကဘုရားတွေရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်း အနည်းငယ်ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်။

သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။

ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။

(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။

ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။


Credit – သမ္ဗုဒ္ဓေ ဘယ်ကရ
Ko Nay Zaw