ကမ္ဘာကြီး ဘေးအန္တရာယ် အမျိုးမျိုးက ဘယ်လိုကာကွယ်မလဲ

ကမ္ဘာကြီးရဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ ၁၀နှစ်၊ ၁၅ နှစ်က အခြေအနေနဲ့ မတူတော့ဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး သဘာဝဘေး အန္တရာယ်ကျရောက်မှုတွေ ပိုပြီး အကြိမ်တွေများလာတာ တွေ့ရပါတယ်။

နိုင်ငံတွေမှာ သဘာဝဘေး အန္တရာယ်တွေ ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ ကြိုတင် ဆောင်ရွက်နေကြရပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ပင် နာဂစ်ကဲ့သို့သော မုန်တိုင်းကြီးတွေ ကျရောက်ခဲ့သော် အရေးပေါ် ခိုလှုံနိုင်အောင် shellen တွေ ဆောက်လုပ်ထားရပါတယ်။ ကျင်းတွေများမှာ အကယ်၍ သဘာဝဘေးအန္တရာယ် ကျရောက်လာလျှင် ဘယ်လို နေထိုင်ရမည်ဆိုတာ ကလေးတွေကို အသိပညာပေးနေတာတွေ့ရပါတယ်။

အရပ်သားတွေကိုလည်း သတင်းစာ၊ ရေဒီယို  တီဗွီက တစ်ဆင့် ပညာပေးမှုများ တွေ့ရပါတယ်။  ၂၀၁၈ ခုနှစ်ထဲမှာ ကမ္ဘာအရပ်ရပ်က သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေ ပိုများလာတာတွေ့ရပါတယ်။ ဖိလစ်ပိုင်၊ ဂျပန်၊ အင်ဒိုနီးရှား၊ တရုတ်ပြည်တွေမှာ လေမုန်တိုင်းဒဏ်၊ ရေကြီးမှုဒဏ်ခံခဲ့ကြရပါတယ်။ ဂျပန်မှာတော့ မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်မှုတွေပါ ဆက်တိုက်လိုလို ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုးဦးပိုင်းမှာ ရေကြီးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

အမေရိကန်မှာ တောမီးလောင်မှုကြီးတွေဟာ ကြောက်စရာကောင်းလောက်အောင် ဖြစ်ပေါ် ခဲ့ပါတယ်။ မြို့နယ်တစ်မြို့ပင်လျှင် လောင်ကျွမ်းခံရ ပြီး လူ ၁၀ဝ၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီလိုသဘာဝဘေးအန္တရာယ်တွေ ကျရောက်မှုဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ တန်ခိုးကြီး နတ်ကြီးများရဲ့ နှောင့်ယှက်မှုကြောင့် ကြုံတွေ့နေရ တဲ့အကြောင်း သိရပါတယ်။ တန်ခိုးကြီးနတ်ကြီးများက လူသားတွေက ကမ္ဘာပေါ်က သစ်တောတွေကို လူသားအကျိုးစီးပွားရေးတစ်ခုတည်းကြည့်ပြီး ခုတ် ယူသုံးစွဲကြလို့ ကမ္ဘာပေါ်က သစ်တောဧရိယာတွေ လျော့ပါးလာပြီး တောတွင်းမှာ နေထိုင်ကျက်စားကြ တဲ့ တောတိရစ္ဆာန်တွေ မျိုးတုံးပျောက်ကွယ်ကုန်တဲ့အတွက် မကျေနပ်တဲ့အကြောင်း၊ ကမ္ဘာကြီးအတွင်းက သဘာဝသယံဇာတပစ္စည်းတွေကို အမြောက်အမြားထုတ်ယူသုံးစွဲနေတာတွေကို မကျေနပ်၍ လူသားတွေကို သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖန်တီးပြီး တိုက်ခိုက်နေတဲ့အကြောင်း၊ ဒါကြောင့် ကျွန်တော်  သဘာဝ တောတောင်ပတ်ဝန်းကျင်တွေကို ပြန်လည် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်းပါး သုံးပုဒ်လောက် ရေးသား သတိပေးခဲ့ဖူးပါတယ်။

ကမ္ဘာကြီးကို ဖျက်ဆီးမည့် တန်ခိုးကြီး နတ်ကြီးတွေရဲ့ အန္တရာယ်ကို သိရှိပြီး ဒီကမ္ဘာကြီး ပျက်မည့်အန္တရာယ်က ကာကွယ်လိုတဲ့ တန်ခိုးကြီး နတ်ကြီးတွေလည်း ပေါ်ပေါက်လာပြန်ပါတယ်။

၁၈-၁၁-၂၀၁၈ ရက် မနက်ကတော့ မဟာအနန္တသဗ္ဗ သန်း ၃၂၀ဝ တန်ခိုးရှင်ကြီးတစ်ပါး   ကျွန်တော့်ဆီ ကြွရောက်လာပါတယ်။

ကျွန်ုပ် ။ ။ မဟာအနန္တတန်ခိုးရှင်ကြီးကို ကျွန်တော်ကြိုဆို ဂါရဝပြုပါတယ်။ ကျွန်တော့်အား လိုအပ်သည်များ မှာကြားလမ်းညွှန်တော်မူပါ။

အနန္တတန်ခိုးရှင်ကြီး။ ။ မင်းရဲ့အတိတ်အကြောင်းပြောပြီး မင်းယခုဘဝ ဆောင်ရွက်ရမည့် တာဝန်တွေ မိန့်ကြားချင်ပါတယ်။

မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သိန်းက အာကာသထဲက နတ်ကြီးတစ်ပါးအဖြစ်က လူ့ဘဝသို့ စေလွှတ်တာဝန်ပေးခြင်းခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။ အတိတ်ဘဝတွေက လူသားတွေအကျိုး ဘာတွေ ဆောင်ရွက်ခဲ့ရတဲ့အကြောင်း မပြောတော့ပါဘူး။ ယခုဘဝဆောင်ရွက်ရမယ့် တာဝန်တွေပြောချင်ပါ တယ်။

မင်း လူ့ဘဝမှာ ဆောင်ရွက်ရမည့် တာဝန်တွေက –

– ကမ္ဘာကြီးကို မပျက်စီးအောင် စောင့်ရှောက်ရမည့် တာဝန်

– ကမ္ဘာပေါ်က လူသားတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်မက်ဖြစ်ပွားပြီး ကမ္ဘာပေါ်က ပျောက်ကွယ်မသွားဖို့

– ကမ္ဘာပေါ်က လူတွေအားလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်လာအောင် ဆောင်ရွက်ဖို့

– ကမ္ဘာကြီးကို စစ်မက်ကင်းပြီး ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီး ဖြစ်အောင် ဆောင်ရွက်ဖို့

– အာကာသကြီးထဲမှာ အစိမ်းရောင်အလွန်တန်ခိုးကြီးတဲ့ နတ်ကြီးတစ်ပါးရှိတယ်။ အဲဒီနတ်ကြီးနဲ့ပူးပေါင်းပြီး ယခုကမ္ဘာကြီးကို ဘေးအန္တရာယ်တွေ ကျရောက်အောင် ဆောင်ရွက်နေတဲ့ နတ်ကြီးတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့။

ကျွန်ုပ် ။ ။ အဲဒီနတ်ကြီးက ကျွန်တော်ပင့်လျှင် ကြွရောက်လာပါမည်လား။

အနန္တတန်ခိုးရှင်ကြီး။ ။ ကြွလာပါလိမ့်မည်။

ကျွန်ုပ် ။ ။ ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွေ ကျရောက်အောင် ဆောင်ရွက်နေတဲ့ နတ်ကြီးတွေက ယခုကမ္ဘာကြီးကို ဒုက္ခပေးနေပါပြီလား။

အနန္တတန်ခိုးရှင်ကြီး။ ။ အဲဒီနတ်ကြီးတွေက ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကျရောက်အောင် ဒုက္ခပေးနေတာ ငါးနှစ်ရှိပါပြီ။ သူတို့က တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးဝါးလာအောင် ဒုက္ခပေးလိမ့်မည်။ နတ်ကြီးတွေက ကမ္ဘာပေါ်မှာ မုန်တိုင်းကြီးတွေ ကျအောင် မိုးကြီးအောင်၊ ရာသီဥတုတွေ ပူလွန်းအောင် အေးလွန်းအောင်၊ ငလျင်ကြီးတွေ လှုပ်အောင် တောမီးကြီးတွေလောင်အောင် အကုသရ ခက်ခဲတဲ့ရောဂါတွေ ကျရောက်အောင် ဆောင်ရွက်နေကြပါတယ်။

အဲဒီနတ်ကြီးတွေက စုစုပေါင်း ငါးသိန်းလောက်ရှိတယ်။ ကဏ္ဍ ခုနစ်မျိုးခွဲပြီး ဒုက္ခပေးနေကြတယ်။ ကဏ္ဍ ဆိုတာ ငလျင်လှုပ်အောင် ဆောင်ရွက်မည့်အဖွဲ့၊ မုန်တိုင်းကြီးတွေ ကျအောင် ဆောင်ရွက်မည့် အဖွဲ့၊ ရာသီဥတုအပူလွန်ကဲအောင် အအေးလွန်ကဲအောင် ဆောင်ရွက်မည့်အဖွဲ့ ရောဂါပိုးတွေ ကျရောက်အောင် ဆောင်ရွက်မည့်အဖွဲ့၊ နောက် ၂၂ နှစ်နေလျှင် ကမ္ဘာပေါ်တွင် ငလျင်ကြီးတွေ အကြီးအကျယ် လှုပ်ပြီး ကမ္ဘာကြီးကို ရေတွေလွှမ်း အောင် ဆောင်ရွက်မည့်အဖွဲ့၊ ကမ္ဘာကြီးကို ငလျင် ကြီးတွေလှုပ် ရေတွေလွှမ်းပြီး ပျက်စီးအောင်ပြုလုပ် သော်လည်း ကျန်ရှိနေသေးသည့် လူတွေကို ရောဂါ ဆန်း သုံးမျိုးနဲ့ သေဆုံးအောင်ဆောင်ရွက်မည့်အဖွဲ့၊ နောက်ဆုံးတစ်ဖွဲ့ကတော့ ကမ္ဘာကြီးအတွင်းပိုင်းက ချော်ရည်ပူတွေကို ကမ္ဘာ့အပြင်ဘက်ကို မီးတောင် တွေပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာပြီး ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေအားလုံး သေဆုံးပျောက် ကွယ်သွားအောင် ဆောင်ရွက်မည့်အဖွဲ့။

ဒီနတ်ကြီးတွေဟာ ဒီအစီအစဉ်အတိုင်း ကမ္ဘာကြီးကို ဖျက်ဆီးကြလိမ့်မယ်။ အဲဒီနတ်ကြီးတွေ ရဲ့ရန်က ကာကွယ်နိုင်အောင် မင်းနဲ့စောစောက ပြော တဲ့ အာကာသထဲက အလွန်တန်ခိုးကြီးတဲ့ နတ်ကြီး နဲ့ ပူးပေါင်းပြီး သုံးနှစ်အတွင်း နတ်ကြီးတွေရဲ့ ရန်ကို ချုပ်ငြိမ်းအောင် ဆောင်ရွက်ပါ။ အဲဒီနတ်ကြီးတွေရဲ့ ရန်ကိုကာကွယ်တဲ့အခါ နတ်ကြီးတွေကို မသတ်ပါ နဲ့။ အကျိုးအကြောင်းပြောပြီး ကမ္ဘာကို မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါ။ မင်းတို့နှစ်ဦးပေါင်းပြီး မေတ္တာရပ်ခံ လျှင် သူတို့လက်ခံပါလိမ့်မည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းကလည်း ကမ္ဘာမှာ ယခုလို တစ်ကြိမ် ကြုံခဲ့ပြီးပြီ။

ကျွန်ုပ် ။ ။ တစ်ချိန်က မာယာလူမျိုးတွေ မာယာမြို့ပြနိုင်ငံတွေ ပျက်စီးခဲ့ရတာဟာ ယခုလို နတ်ကြီးတွေရဲ့ ပယောဂကြောင့် သဘာဝဘေး အန္တရာယ်တွေ ကျရောက်ပြီး ပျောက်ကွယ်သွားတာပါလား။

အနန္တတန်ခိုးရှင်ကြီး။ ။ ဟုတ်ပါတယ်။ အဲဒီ အချိန်က ကမ္ဘာပေါ်မှာ လူဦးရေက သန်း ၂၀ဝ လောက်ပဲ ရှိပါသေးတယ်။ တောင်အမေရိကတိုက် မှာရှိတဲ့ မာယာလူမျိုးတွေ၊ အာဖရိကတိုက် မြောက် ပိုင်းမှာရှိတဲ့ ရှီမာန်ဆိုတဲ့ လူမျိုးတွေဟာ ယဉ်ကျေး မှုအဆင့်အတန်းမြင့်တဲ့ လူမျိုးတွေဖြစ်ခဲ့တယ်။ အာရှ တိုက်မှာလည်း ယခုအိန္ဒိယနိုင်ငံ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ တိဘက်၊ တရုတ်ပြည်၊ ယူနန်ဒေသတွေမှာ ယဉ်ကျေးမှုမြင့်တဲ့ အုန်နာရှား လူမျိုးတွေရှိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝဝဝ က သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် ပျက် စီးသွားခဲ့ကြတယ်။ အဲဒီတုန်းကလည်း ဒီနတ်ကြီး တွေရဲ့ ပယောဂကြောင့် ပျက်စီးခဲ့ရတာဖြစ်တယ်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ကမ္ဘာပေါ်မှာ လူဦးရေဟာ သန်း ၂၀ လောက်ပဲ ကျန်တော့တယ်။ အဲဒီသန်း၂၀ သော လူတွေဟာ ကမ္ဘာကြီးကို ယခုလို ဆက်လက်ရှင်သန်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။

အဲဒီတော့ မင်းက အာကာသထဲက နတ်ကြီး နဲ့ ပူးပေါင်းပြီး ကမ္ဘာလူသားတွေကို ကာကွယ်စောင့် ရှောက်ပေးပါ။

တန်ခိုးရှင်ကြီးလည်း မနက် ၄ နာရီ လောက် မှာ ပြန်ကြွသွားပါပြီ။

ကျွန်တော့်အတွေ့အကြုံကို အနည်းငယ် တင်ပြချင်ပါတယ်။ ကျွန်တော်က လွန်ခဲ့တဲ့ ခုနစ်နှစ် လောက်ကစပြီး ဗေဒင်ဟောရင်း လူတွေကို ဒုက္ခ ပေးနေတဲ့ ပရလောက ပုဂ္ဂိုလ်အမျိုးမျိုးကို ဒုက္ခ မပေးဖို့ မေတ္တာရပ်ခံပြီး မလိုက်နာလျှင် လက်ဝါး ပြပြီး သတ်ပစ်လေ့ရှိပါတယ်။ တော်တော်ကြီးသော နတ်ကြီးတွေ တန်ခိုးရှင်တွေပါ ရှင်းပစ်ရပါတယ်။ ဒါကလည်း ကျွန်တော့် အထက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီး တွေ၊ တန်ခိုးရှင်ကြီးတွေက အကြိမ်ကြိမ် သိဒ္ဓိတင် ပေးလို့ ကာကွယ်တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ ပြီး တော့လည်း ဘယ်လောက်တန်ခိုးကြီးတဲ့ နတ်ကြီး တွေဖြစ်စေ၊ တန်ခိုးရှင်ကြီးတွေဖြစ်စေ ကျွန်တော်ပင့် လိုက်လျှင် ြွကလာတာများလည်း တွေ့ရပါတယ်။  ဒီအကြောင်းကိုသိတဲ့ အထက်ပုဂ္ဂိုလ်ကြီးတွေက ကျွန်တော်နဲ့ အာကာသထဲက တန်ခိုးကြီးနတ်ကြီး ကို ပူးပေါင်းပြီး ကမ္ဘာကို ဖျက်ဆီးမည့်နတ်ကြီးတွေ ရဲ့ ရန်ကကာကွယ်ဖို့ တာဝန်ပေးတယ် ထင်ပါတယ်။

၂၂-၁၁-၂၀၁၈ ရက် မနက် သုံးနာရီမှာ အာကာသထဲက ကျွန်တော်နဲ့ ပူးပေါင်းပြီး သဘာဝ ဘေးအန္တရာယ်အမျိုးမျိုး ဖန်တီးပြီး ဒုက္ခပေးမယ့် နတ်ကြီးများ ရန် အန္တရာယ်က ကာကွယ်မယ့် အစိမ်း ရောင် အလွန်တန်ခိုးကြီးသည့် နတ်ကြီးအား ပင့် ဖိတ်လိုက်ရာ နတ်ကြီးမဟုတ်ဘဲ မဟာအနန္တသဗ္ဗ ၅၈၀ဝ သန်းရှိတဲ့ တန်ခိုးရှင်ကြီး ကြွရောက်လာပါတယ်။

ကျွန်ုပ် ။ ။ မဟာအနန္တတန်ခိုးရှင်ကြီးကို ကြို ဆိုပါတယ်။ တန်ခိုးရှင်ကြီးခင်ဗျား လွန်ခဲ့တဲ့ လေး ရက်က မဟာအနန္တတန်ခိုးရှင်ကြီးတစ်ပါးက ကမ္ဘာ ကြီးကို သဘာဝဘေးအန္တရာယ် အမျိုးမျိုးကျရောက်  အောင် အလွန်တန်ခိုးကြီးတဲ့ နတ်ကြီးငါးသိန်းက လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး ဆောင်ရွက်နေတဲ့အကြောင်း၊  ကမ္ဘာပေါ်မှာ မုန်တိုင်းကြီးတွေ ကျရောက်အောင်၊ ရာသီဥတုတွေ ဖောက်ပြန်အောင်၊ ငလျင်ကြီးတွေ ကျအောင၊် တောမီးကြီးတွေလောင်အောင်၊ ကုသရ ခက်တဲ့ ရောဂါပိုးမွှားတွေကျအောင် နတ်ကြီးငါးသိန်း က အဖွဲ့ ခုနစ်ဖွဲ့ခွဲပြီး ဆောင်ရွက်နေကြောင်း။ ကမ္ဘာ ကို ဖျက်ဆီးကြမည့်အကြောင်း၊ ဤနတ်ကြီးများရဲ့ အန္တရာယ်ကို အရှင်မဟာအနန္တတန်ခိုးရှင်ကြီးနဲ့ ကျွန်တော်နဲ့ ပူးပေါင်းပြီး ကာကွယ်ဖို့ မိန့်ကြားသွား ပါတယ်။ နတ်ကြီးတွေရဲ့ရန်ကို ကာကွယ်ရာမှာ နတ် ကြီးတွေကို သတ်မပစ်ဘဲ အကျိုးအကြောင်းပြော ပြီး မေတ္တာရပ်ခံဖို့ပဲပြောပါတယ်။ ဤကမ္ဘာကြီးကို ဖျက်ဆီးမည့် နတ်ကြီးတွေရဲ့အန္တရာယ်က ကျွန်တော် နဲ့ ပူးပေါင်းပြီး ကာကွယ်ဖို့ ဖိတ်ကြားခြင်းဖြစ်ပါတယ်။  မဟာအနန္တတန်ခိုးရှင်ကြီး ကျွန်တော်နဲ့အတူ ပူး ပေါင်းပြီး ကာကွယ်လိုတဲ့ဆန္ဒရှိ မရှိ သိချင်ပါတယ်။ ကျွန်တော်က လူသားတစ်ယောက်ဖြစ်နေလို့ မဟာ အနန္တတန်ခိုးရှင်ကြီးကဲ့သို့ တန်ခိုးကြီးမယ်လည်း  မထင်ပါဘူး။ တာဝန်ပေးလို့သာ ဆောင်ရွက်ရမှာ ပါ။ ကျွန်တော်အတွက် ဘာတွေလိုမယ် စသည်ဖြင့် မိန့်ကြားစေချင်ပါတယ်။

မဟာအနန္တတန်ခိုးရှင်ကြီး။ ။ ယခုမင်းပြော တဲ့ တာဝန်ကြီးကို မင်းနဲ့အတူ ပူးပေါင်းပြီး ဆောင် ရွက်ပါမည်။ ငါ့ကိုလည်း ငါ့ရဲ့အထက်ဆိုင်ရာ ပုဂ္ဂိုလ် ကြီးတွေက မင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ မိန့် ကြားပြီးဖြစ်ပါတယ်။ မင်းဘက်က လိုက်နာဆောင် ရွက်ရမည့် အချက်နှစ်ချက် ရှိပါတယ်။

၁။ သူတို့နဲ့တွေ့တဲ့အခါ မင်းနဲ့ ခန္ဓာကိုယ်ကို မိုင် ၃၀ လောက်အမြင့် ဖန်ဆင်းထားပါ။ ကိုယ်ပွား ၉၀ အထိ ဖန်ဆင်းထားပါ။

၂။ မင်းက သူတို့နဲ့ တွေ့ဆုံဆွေးနွေးမယ့် နေ့မှာ ချဉ်တဲ့အရည်တွေ သောက်မထားပါနဲ့။ စူးစူးရှရှ ချဉ်တဲ့အရည်တွေ သောက်မထားဖို့ပြောတာပါ။

နောက်ပြီးတော့ သူတို့ကို တစ်ဖွဲ့ချင်းတွေ့ မည်။ တွေ့ဖို့အတွက် မင်းက ဖိတ်ခေါ်ပါ။ စကားပြောတဲ့အခါမှာတော့ ငါနဲ့ပဲ စကားပြောမယ်။ ပထမ တစ်ခါပြောလို့ မပြေလည်လျှင် ဒုတိယ၊ တတိယ သုံးကြိမ်အထိ ပြောမယ်။ သုံးခါပြောလျှင်တော့ မရမရှိပါဘူး။ သူတို့သဘောတူလက်ခံပါလိမ့်မယ်။

ကျွန်ုပ် ။ ။ တန်ခိုးရှင်ကြီး ကျွန်တော်တို့ အဲဒီ အလုပ်ဘယ်တော့စမည်လဲ။

မဟာအနန္တတန်ခိုးရှင်ကြီး။ ။ နောက်တစ်လ နေမှစပါမည်။ ယခုအချိန်က သူတို့အိပ်နေတဲ့အချိန် ဖြစ်တယ်။

ကျွန်ုပ် ။ ။ ကျွန်တော်တို့ ဒီဇင်ဘာလကုန်လောက်စလျှင် အဆင်ပြေပါမလား။

မဟာအနန္တတန်ခိုးရှင်ကြီး။ ။ အဲဒီလောက် စလျှင် ကောင်းပါတယ်။

ကျွန်ုပ် ။ ။ အချိန်က သုံးနှစ်အတွင်း အပြီး ဆောင်ရွက်ပါ ပြောပါတယ်။ အချိန်က အဲဒီလောက်အထိ လိုပါသလား။

မဟာအနန္တတန်ခိုးရှင်ကြီး။ ။ အချိန်က အဲဒီလောက်အထိ မလိုဘဲ ပြီးလျှင်လည်း ပြီးသွားနိုင်ပါတယ်။

ကျွန်ုပ် ။ ။ ကျွန်တော်တို့ ငလျင်လှုပ်အောင် ဆောင်ရွက်နေတဲ့ နတ်ကြီးတွေအဖွဲ့ကို အရင်တွေ့ ပြီး မေတ္တာရပ်ခံလျှင် ကောင်းမည်လား။

မဟာအနန္တတန်ခိုးရှင်ကြီး။ ။ ကောင်းပါ တယ်။

ကျွန်တော်နဲ့ ပြောဆိုဆွေးနွေးပြီး မဟာအနန္တ တန်ခိုးရှင်ကြီးလည်း ပြန်ကြွသွားပါပြီ။

သတ္တဝါများ ကျန်းမာချမ်းသာပါစေ။

ဆရာဝင်း(သာကီနွယ်)