သေခြင်းတရား

လူတိုင်းလူတိုင်း သေရမှာကို ကြောက်ကြပါတယ်။ လူတိုင်း တစ်သက်လုံး ဒီရုပ်နာမ်ခန္ဓာကြီးကို မြတ်နိုးစွာ စောင့်ရှောက်ခဲ့ကြပါတယ်။ မိမိထက် ဘယ်သူ့ကိုမှ ပိုပြီး ချစ်ခင်ရသူမရှိပါဘူး။ ဤခန္ဓာကိုယ်ကြီး ပျက်စီးသွားလျှင် လုံးဝ ရုပ်နာမ်ပါပျက်စီး သွားမှာလား၊ ဒါမှမဟုတ် ဘဝသစ်တစ်ဖန် ပြန်ဖြစ်ဦးမှာလား။

ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ စသည်ဖြင့် ဘာသာတရားကို ယုံကြည်သူတို့ရဲ့ အယူအဆအရ နောက်ဘဝဆိုတာ ရှိတယ်။ ဤသို့ ဘဝဆိုတာရှိလျှင် မိမိ သေဆုံးတဲ့အခါ လူဖြစ်မှာလား၊ နတ်ဖြစ်မှာလား၊ တိရစ္ဆာန်ဖြစ်မှာလား၊ ငရဲကျခံရမှာလားဆိုတာ မသိ နိုင်ပါဘူး။ ငရဲသာကျသွားလျှင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးဒုက္ခအမျိုးမျိုးကို ခံစားရဖွယ်ရှိပါ တယ်။

သေခြင်းတရားကို မကြောက်ရွံ့တဲ့ပုဂ္ဂိုလ်ဆို တာ ဘုရားရဟန္တာမှလွဲလို့ မရှိနိုင်ပါဘူး။ လူတိုင်း လူတိုင်း အသက်ရှည်ချင်ကြပါတယ်။ အမှန်တော့ သေရမှာကိုကြောက်လို့ အချိန်ဆွဲထားလိုခြင်းသာ ဖြစ်ပါတယ်။ တချို့က မအို၊ မနာ၊ မသေဆေးကို နည်းမျိုးစုံနဲ့ ရှာဖွေနေကြပါတယ်။

သေခြင်းတရားဟာ အသက်ရှိ အသိဉာဏ် ရှိတဲ့ သတ္တဝါတွေသာမက အသိဉာဏ်မရှိ အသက် ရှင်သန်ခြင်းသာရှိတဲ့ သစ်ပင်များလည်း အချိန်တန်လျှင် အိုမင်းရင့်ရော်ပြီး သေကြရပါတယ်။ မွေးဖွား ဖြစ်တည်ခြင်း၊ ကြီးပြင်းလာခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ သေဆုံးပျက်စီးခြင်း နိယာမတရားကြီးဟာ လောက ဓာတ်ကြီးတစ်ခုလုံး စကြဝဠာတိုက်ကြီးအားလုံးမှာ ဖြစ်ရှိနေကြပါတယ်။

တကယ်တော့ ရုပ်နာမ်ခန္ဓာနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတစ်ဦး ပျက်စီးသေဆုံးခြင်းသည် ခန္ဓာကိုယ် အတွင်းရှိ နာမ်ဓာတ် (သို့မဟုတ်) ဝိညာဉ်အနေဖြင့် ခန္ဓာအိမ်အသစ်လဲခြင်းသာ ဖြစ်ပါတယ်။ နာမ်ဓာတ် သို့မဟုတ် ဝိညာဉ် ဘဝသစ်တစ်ခုစခြင်းလည်း ဖြစ် ပါတယ်။

တစ်ခါက အိန္ဒိယမှ ဆာဒူးကြီးတစ်ပါးက သူ့တပည့်တွေကို ငါ မကြာခင် သေတော့မယ်လို့ ပြောပါတယ်။ တပည့်အချို့က ဆရာသခင် မသေပါနဲ့ဦး၊ ကျွန်တော်တို့မှာ ဆရာသခင်ထံမှ ပညာလည်း ပြည့်စုံအောင် မသင်ရသေးပါဘူး။ တပည့်တို့ကို သင့်လျော်တဲ့ အတိုင်းအတာအထိ ပညာသင်ပေးပြီးမှ ဘဝကူးပြောင်းဖို့ တပည့်တွေက လျှောက်ထား မေတ္တာရပ်ခံကြပါတယ်။

အဲဒီအခါမှာ ဆာဒူးကြီးက –

“အေး …ကောင်းပြီ၊ ဒီလိုဆို ငါ နောက် ခြောက်လကြာမှ ဘဝပြောင်းမယ်”လို့ အမိန့်ရှိပါတယ်။ တပည့်တွေကို သင့်လျော်တဲ့ပညာ သင်ပေးပြီး ခြောက်လကြာတဲ့အခါ ဆာဒူးကြီးက တပည့်တွေကို –

“ဟိုမှာ မင်းတို့မြင်ရဲ့လား။ နွားကျောင်းသား တစ်ယောက် …၊ အဲဒီသူငယ် မကြာခင် မြွေကိုက်ခံရပြီး သေဆုံးလိမ့်မယ် …၊ အဲဒီသူငယ်ခန္ဓာကိုယ်ထဲကို ငါဝင်စားမယ်”လို့ ပြောပါတယ်။

ဆာဒူးကြီးပြောပြီး မကြာခင်မှာဘဲ အဲဒီနွား ကျောင်းသားဟာ မြွေကိုက်ခံရပါတယ်။ နွားကျောင်းသားဟာ သေတော့မလို သတိမရဘဲ မြောနေစဉ်မှာပဲ ပြန်ကောင်းလာပြီး မူလ နွားကျောင်းသားရဲ့ ဘဝ အသိဉာဏ်ထက် မြင့်မားတဲ့အသိဉာဏ်နဲ့ လူတစ်ယောက်ဖြစ်လာပါတယ်။ ဆာဒူးကြီးကတော့ ရုတ်တရက် ဘာရောဂါဝေဒနာမှ မခံစားရဘဲ သေဆုံးသွားပါတယ်။ နွားကျောင်းသားခန္ဓာကိုယ်ထဲကို ဆာဒူးကြီး ဝင်စားသွားတယ်လို့ ယုံကြည်ကြပါတယ်။

ကျွန်တော်တို့ မိတ္ထီလာ ရွှေပေါ်ကျွန်းဆရာ တော်ကြီးလည်းပဲ တစ်ခါက နေထိုင်မကောင်းဖြစ်လို့ မန္တလေးဆေးရုံမှာ တက်ရောက်ကုသရပါတယ်။ ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေ မကောင်းလို့ ရွှေပေါ်ကျွန်းပြန်ပင့်လာရာ ရွှေပေါ်ကျွန်းရောက် တော့ ပြန်ကျန်းမာလာပါတယ်။ အဲဒီအချိန်မှာ မူလ ဆရာတော်နဲ့မတူတဲ့ ဆရာတော်တစ်ပါး ဖြစ်နေပါတယ်။ ဆရာတော်ကြီးက သူရဲ့ဘွဲ့ပါ ပြောင်းခဲ့တဲ့ အကြောင်း ဆရာတော်ကြီးရဲ့တပည့်ရင်း ဧရာဝတီတိုင်း တာဝန်ခံ ဦးခင်မောင်ဆွေက ကျွန်တော့်ကို ပြောခဲ့ဖူးပါတယ်။

ဒီဖြစ်စဉ်တွေဟာ ခန္ဓာကိုယ်မသေဘဲ ဘဝ သစ်တစ်ခုရခဲ့ခြင်းဖြစ်ပါတယ်။ တစ်နည်းပြောမည်ဆို လျှင် နာမ်ဓာတ်အသစ် သို့မဟုတ် ဝိညာဉ်အသစ် ဝင်ရောက်ကိန်းအောင်းလာတဲ့သဘော ဖြစ်ပါတယ်။

သေခြင်းတရားဟာ အလွန်ဆန်းကျယ်ပါ တယ်။ အလွန်လည်း နက်ရှိုင်းပါတယ်။ ကျွန်တော်  သေခြင်းတရားအကြောင်း ဆောင်းပါးရေးချင်နေတာ သုံးလလောက်ရှိပါပြီ။ ကျွန်တော့်မှာ လုံလောက်တဲ့ အကြောင်းအချက်မရှိလို့ မရေးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ရေးချင်တဲ့ သေခြင်းတရားအကြောင်း ဆောင်းပါးရေးပုံဖန်လာပုံက –

၁၆-၃-၂၀၁၅ ရက် မနက် ၄ နာရီမှာ မဟာ အနန္တတန်ခိုးရှင်ကြီးတစ်ပါး ကျွန်တော့်ဘုရားခန်းြွက ရောက်လာပါတယ်။

ကျွန်ုပ် ။  ။ မဟာအနန္တသဗ္ဗတန်ခိုးရှင်ကြီး ကို ကြိုဆိုပါတယ်။ တန်ခိုးရှင်ကြီးရဲ့ ဘွဲ့နာမည်ရှိ လျှင် အမိန့်ရှိပါဘုရား။ ဘယ်လောက်ဝေးတဲ့ အာကာ သထဲကြွကလာတာလည်းဆိုတာ သိပါရစေ။

တန်ခိုးရှင်ကြီးဗွီရှင်နား ။  ။ ကျွန်ုပ်ရဲ့ ဘွဲ့ နာမည်က ဗွီရှင်နားပါ။ အလင်းနှစ် ၁၁၀ç၉၀ဝ ဝေး တဲ့ အာကာသထဲက ကြွလာတာပါ။

ကျွန်ုပ် ။  ။ မဟာအနန္တသဗ္ဗတန်ခိုးရှင်ကြီး ဘယ်လိုအကြောင်းများရှိလို့ ကြွလာပါသလဲ။

ဗွီရှင်နား ။  ။ ဘဝတစ်ခု နိဂုံးချုပ်ခြင်း သို့မဟုတ် သေဆုံးခြင်းအကြောင်းပြောလို၍ ကြွလာတာပါ။

ကျွန်ုပ် ။  ။ အမိန့်ရှိပါဘုရား …၊ အလွန် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာပါ။ တပည့်တော်လည်း ဒီအကြောင်းအရာကို မကြာခဏ တွေးတောနေမိပါတယ်။

ဗွီရှင်နား ။  ။ သတ္တဝါတစ်ဦးဟာ မွေးဖွား ချိန်ကစပြီး သေဆုံးချိန်အထိ တစ်ဘဝလို့ခေါ်တယ်။ တစ်ဘဝတာအတွင်း ဖြစ်ပျက်လှုပ်ရှား ရုန်းကန်ရတဲ့ အကြောင်းတွေကိုတော့ မပြောတော့ဘူး။ ဘဝတစ်ခု သေဆုံးခြင်း၊ ဘဝတစ်ခု နိဂုံးချုပ်ခြင်းမှာ  အကြောင်း တရား ငါးမျိုးရှိတယ်။

၁။       အတိတ်ဘဝ ကံကုန်လို့ သေဆုံးခြင်း၊

၂။       အများကံကြောင့် သေဆုံးရခြင်း။

ဥပမာ – သင်္ဘောနစ်၍ လူအများ သေ ဆုံးရာတွင် မိမိပါ ပါဝင်သေဆုံးခြင်း၊ လေယာဉ်ပျက် ကျ၍ သေဆုံးရခြင်း။

၃။       အတိတ်ဘဝက ရန်သူ၊ ရန်ဘက်ရဲ့ နှောင့် ယှက်တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်း။

ဥပမာ – ဘီလူး၊ နတ်၊ နတ်ြွေမတို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်း။

၎။       သတ္တဝါတစ်ဦးတွင် မွေးဖွားစဉ်ကပင် သူ့ရဲ့အသက်ကို သတ်နိုင်တဲ့ နာမ်ရုပ် သတ္တဝါ တစ်မျိုး ခန္ဓာအိမ်မှာ ကိန်းဝပ်ပြီး ပါလာတာ ရှိတယ်။ ညာ ဘက်လက်ရုံးမှာ နေတယ်။ သူ့ရဲ့အရောင်က အဖြူနု ရောင် ရှိတယ်။ ခြေလက်အင်္ဂါက လူအတိုင်းပဲရှိတယ်။ အရပ်က လေးပေလောက်ရှိတယ်။ လူလားမမြောက် သေးခင်မှာတော့ သူ့ရဲ့ အရပ်က နှစ်ပေလောက်ပဲ ရှိတယ်။

ကျွန်ုပ် ။  ။ အဲဒီပုဂ္ဂိုလ်ပါရှိလာတာ သိရ တာ ဒါပထမဆုံးပါပဲ။ အံ့အားလည်း သင့်မိပါတယ်။ သူက ဘယ်လိုအကြောင်းကြောင့် သတ်တာလဲ။

ဗွီရှင်နား ။  ။ မိဘကို စိတ်ဆင်းရဲမှုဖြစ် အောင် အကြိမ်ကြိမ် ဆောင်ရွက်တဲ့သူ၊ ရဟန်းသံဃာ နဲ့ သူတော်စင်များကို သေကြောင်းကြံသူ၊ ဆင်းရဲ ဒုက္ခအမျိုးမျိုးရောက်အောင် ပြုလုပ်သူများကို ၄င်းရဲ့ ခန္ဓာထဲ ညာလက်ရုံးမှာနေတဲ့ ပုဂ္ဂိုလ်က သတ်ပစ်လို့ သေဆုံးရတာလည်း ရှိပါတယ်။

ကျွန်ုပ် ။  ။ သူက ဘယ်လိုသတ်တာပါလဲ။

ဗွီရှင်နား ။  ။ မတော်တဆဖြစ်ပြီး သေ ဆုံးရတာဟာ ၄င်းပုဂ္ဂိုလ်ရဲ့ အသတ်ခံရတာပါပဲ။ ဥပမာ – ဆေးထိုးမှားလို့သေတာ၊ အစာမှားလို့ သေ တာ၊ သစ်ပင်ပေါ်ကကျလို့ သေတာ၊ မြင်းပေါ် လှည်း ပေါ်က ကျလို့သေတာ၊ ဆိုင်ကယ်ပေါ်က ကျလို့ ရုတ်တရက် သေဆုံးရခြင်းဖြစ်တာဟာ ၄င်းပုဂ္ဂိုလ်က သတ်လို့ သေဆုံးရခြင်းဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်က ပရလောကမှ ပုဂ္ဂိုလ်တော့ မှန်တယ်။ သူ့ကို နတ် အဆင့်၊ နတ်လို့ သတ်မှတ်လို့မရဘူး။ ပြိတ္တာ၊ အသူ ရကာယ်ဘုံသားလည်း မဟုတ်ဘူး။ ဘယ်နတ် ဘယ် ပုဂ္ဂိုလ်နဲ့မှလည်း အဆက်အဆံမရှိဘူး။ သူတို့ကဲ့သို့ သော ပုဂ္ဂိုလ်ချင်းလည်း အဆက်အဆံမရှိဘူး။ သူတို့ က တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ပါးပါးရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိတာလည်း မဟုတ်ဘူး။ မူလက လူ သေတော့ သူတို့လည်း လိုက်ပါသေဆုံးသွားတယ်။ သူ့မှာ ဘဝသစ်တစ်ခု ဖြစ်တယ်ဆိုတာ မရှိဘူး။ အလွန်ထူးဆန်းတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။

၅။       စုန်းပညာရှင်က သတ်လို့၊ အောက်လမ်း ဆရာက သတ်လို့ သေရတာလည်းရှိတယ်။

ပုဂ္ဂိုလ်သတ္တဝါတစ်ဦးမှာ မွေးကတည်းကပါ လာတဲ့ နာမ်ဓာတ်တစ်ခု ရှိတယ်။ အဲဒီနာမ်ဓာတ်ဟာ ဘဝသံသရာအမျိုးမျိုးကို ကျော်ဖြတ်ခဲ့တာလည်း သူ ပဲဖြစ်တယ်။ ရုပ်ခန္ဓာအမျိုးမျိုး၊ ဘဝအမျိုးမျိုးကို ရခဲ့ ကျော်ဖြတ်ခဲ့တဲ့သူ ဖြစ်တယ်။ ဒီနာမ်ဓာတ်ဟာ သံ သရာခရီးဆုံးအထိ ရှိနေမှာဖြစ်တယ်။ တိရစ္ဆာန်ဘဝ ရောက်သွားလည်း ဒီနာမ်ဓာတ်ပဲ၊ ငရဲကျသွားလည်း ဒီနာမ်ဓာတ်ပဲ၊ နတ်ဖြစ်လည်း ဒီနာမ်ဓာတ်ပဲ။ ဒီနာမ် ဓာတ်က ပုံသဏ္ဌာန်လည်းမရှိဘူး။ နာမ်ရုပ်နဲ့ဖွဲ့စည်း ထားတဲ့ ပုဂ္ဂိုလ်သတ္တဝါမျိုးလည်း မဟုတ်ဘူး။ မြင်လို့ လည်း မရဘူး။ တကယ်တော့ ဓာတ်သဘောလည်း မဟုတ်ဘူး။ သို့သော် ပုဂ္ဂိုလ်ကို ကိုယ်စားပြုပြီး တစ်စုံ တစ်ရာရှိနေတာတော့ အမှန်ပါပဲ။ အဲဒီနာမ်ဓာတ် သို့မဟုတ် အများနားလည်နေတဲ့ စကားနဲ့ ပြောရလျှင် အဲဒီဝိညာဉ်က သံသရာတစ်လျှောက်လုံး ပျက်စီး ပျောက်ကွယ်ခြင်းမရှိဘဲ ရှိနေတယ်။ ဘဝတွေအမျိုး မျိုးကို ဖြတ်သန်းနေတယ်။ သံသရာခရီးအဆုံး နိဗ္ဗာန် ဝင်သွားမှသာ ဘဝဆက်ပြီးမဖြစ်တော့တာဖြစ်တယ်။

ကျွန်ုပ် ။  ။ ဘဝတစ်ခုမှာ အလုပ်တွေကို အဲဒီနာမ်ဓာတ်က ဦးဆောင်ပြုလုပ်တာလား။

ဗွီရှင်နား ။  ။ ဘဝတစ်ခုမှာ အဲဒီနာမ်ဓာတ် အဲဒီနာမ်ထူးက ဦးဆောင်ပြုလုပ်တာ မဟုတ်ပါဘူး။ အဲဒီဘဝမှာ ဖွဲ့စည်းဖြစ်ပေါ်တဲ့ ရုပ်နာမ်မှာရှိနေတဲ့ စိတ်က ဦးဆောင်ပြုလုပ်တာပါ။ အဲဒီဘဝမှာ ဖြစ်ရှိ နေတဲ့ စိတ်က ဦးဆောင်ပြုလုပ်တာပါ။ ကောင်းမှု အလုပ်၊ မကောင်းမှုအလုပ်တွေကိုလည်း အဲဒီပစ္စက္ခ ဘဝမှာရှိတဲ့ စိတ်က ဦးဆောင်ပြုလုပ်တာပါ။

ကျွန်ုပ် ။  ။ ဘဝတစ်ခုမှာ ထိုပုဂ္ဂိုလ်ပြုလုပ် တဲ့ ကံဟာ နောက်ဘဝတွေမှာ ပါသွားရာမှာ သံသရာ ကို ကျော်ဖြတ်နေတဲ့ နာမ်ထူးနဲ့အတူ ပါသွားတာပါ လား။

ဗွီရှင်နား ။  ။ ဘဝတစ်ခုမှာ ထိုပုဂ္ဂိုလ်စိတ် က ဦးဆောင်ပြုလုပ်ခဲ့တဲ့ ကောင်းမှု၊ မကောင်းမှု ကံဟူသမျှ ၄င်းနာမ်ထူးနဲ့အတူ လိုက်ပါသွားပါတယ်။ နောက် သင့်လျော်တဲ့ဘဝတစ်ခုမှာ အဲဒီကုသိုလ် အကုသိုလ်တွေရဲ့ အကျိုးကို ခံစားရမှာပါ။

ကျွန်ုပ် ။  ။ ပဋိသန္ဓေတည်တယ်ဆိုရာမှာ ဒီနာမ်ထူးက ကုသိုလ်၊ အကုသိုလ်ကံတွေနဲ့အတူ မိခင်တစ်ဦးထံ ဝင်ရောက်ပြီး သန္ဓေတည်တာလား။

ဗွီရှင်နား ။  ။ ဟုတ်ပါတယ်။

ကျွန်ုပ်နှင့် တန်ခိုးရှင်ကြီးဗွီရှင်နားတို့ ဆွေးနွေး နေစဉ် ဝတ်ရုံအနက်နှင့် မဟာအနန္တသဗ္ဗတန်ခိုးရှင် ကြီးတစ်ပါးြွကရောက်လာပါတယ်။ ထိုတန်ခိုးရှင်ကြီး က ဗွီရှင်နားတန်ခိုးရှင်ကြီးထက် ပိုပြီးတန်ခိုးကြီး ကြောင်းလည်း သိရပါတယ်။

ကျွန်ုပ် ။  ။ ယခုြွကရောက်လာတဲ့ မဟာ အနန္တသဗ္ဗတန်ခိုးရှင်ကြီးရဲ့ဘွဲ့နာမည်နဲ့ ဘယ်လောက် ဝေးတဲ့ အာကာသထဲကြွကလာတယ်ဆိုတာ အမိန့် ရှိပါဦးဘုရား …။

အုန်မာန်ရှား ။  ။ အလင်းနှစ် ၃၁၇,ဝ၀ဝ ဝေးတဲ့ အာကာသကြီးထဲကြွကလာတာပါ။ ဘွဲ့နာ မည်က အုန်မာန်ရှားဖြစ်ပါတယ်။

ကျွန်ုပ် ။  ။ မဟာအနန္တသဗ္ဗတန်ခိုးရှင်ကြီး အုန်မာန်ရှားကို ကြိုဆိုပါတယ်။ ဘယ်လိုအကြောင်း ကိစ္စရှိလို့ြွကရောက်လာပါသလဲ။

အုန်မာန်ရှား ။  ။ ခန္ဓာကိုယ်ထဲမှာ ကိန်းနေ တဲ့ နာမ်ဓာတ်တစ်ခုအကြောင်း ပြောချင်လို့ြွကလာ တာပါ။

ကျွန်ုပ် ။  ။ ဘယ်လိုနာမ်ဓာတ်များလဲ ဘုရား …၊ တပည့်တော် တစ်ခါမျှမကြားဖူးပါဘူး။

အုန်မာန်ရှား ။  ။ မင်းတို့မသိသေးတဲ့ နာမ်ဓာတ်တစ်ခု လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတယ်။ ပုံသဏ္ဌာန်မရှိဘူး။ အရောင်အဆင်းမရှိဘူး။ ဓာတ် သဘောမျှသာ ရှိတယ်။ အဲဒီနာမ် ဓာတ်က တစ်သံ သရာလုံးကို ကျော်ဖြတ်တဲ့နာမ်ဓာတ်နဲ့ မတူ ဘူး။ သူက ဘဝတစ်ခုထဲမှာရှိ တယ်။ တည်တယ်။ ဒီဘဝ ဒီလူ ကွယ်လွန်တော့ အဲဒီနာမ်ဓာတ် လည်း ကွယ် လွန်ပျက်စီးသွား တယ်။ အဲဒီနာမ်ဓာတ်က လက် ပြင် နှစ်ခုကြား ကျောကုန်းအ ထက်ပိုင်းမှာ နေတယ်။

ကျွန်ုပ် ။  ။ အဲဒီနာမ် ဓာတ်က ဘယ်လို အလုပ်တွေ လုပ်ပါသလဲ၊ ဘယ်လိုတာဝန်တွေ ရှိပါသလဲ။

အုန်မာန်ရှား ။  ။ သူ့ရဲ့ အလုပ်တာဝန်က ရောဂါဝေဒနာ တစ်ခု ဖြစ်တော့မည်ကို ကာယ ကံရှင်သိအောင် ကြိုတင်နိမိတ်ပြ တဲ့ အလုပ်ကို ဆောင်ရွက်ပါ တယ်။ လူတစ်ဦးသေဆုံးတော့ မည်ဆိုလျှင် တချို့လူတွင် သေ ချင်စိတ်ဖြစ်ပေါ်တတ်တာမျိုး၊ လူတစ်ဦး ကြီးစွာသော ဒုက္ခ၊ ကာယိကဒုက္ခဖြစ်စေ၊ စေတသိက ဒုက္ခဖြစ်စေ ကြုံရတော့မည်ဆိုလျှင် ကြိုတင်ပြီး မသိစိတ်က အကြောင်းမဲ့စိုးရိမ်စိတ်ဖြစ်တာမျိုးနဲ့ ကြိုတင် သတိ ပေးတတ်ပါတယ်။ သေဆုံးခါနီးလူတစ်ဦးတွင် မျက်စိ အာရုံ၌ တချို့ မကောင်းတဲ့ အာရုံနိမိတ်တွေ၊ တချို့ ကောင်းတဲ့ အာရုံနိမိတ်တွေမြင်အောင် ၄င်းနာမ် ဓာတ်က ဆောင်ရွက်ပါတယ်။

ကျွန်ုပ် ။  ။ လူ့ခန္ဓာကိုယ်မှာ နာမ်ဓာတ် တစ်ခုက ကုသိုလ်ကံ၊ အကုသိုလ်ကံနဲ့အတူ ဘဝ တွေကို ဆက်လက်ဖြတ်သန်းသွားတဲ့ နာမ်ဓာတ်၊ ဒီဘဝမှာလည်း ကွယ်လွန်တဲ့အခါ ပျက်စီးသွားတဲ့ လူကို သတ်တတ်တဲ့ နာမ်ရုပ်တစ်မျိုးနဲ့ သေဆုံးတော့ မည်၊ တစ်ခုခု ဒုက္ခရောက်တော့မည်ဆိုလျှင် ကြိုတင် နိမိတ်ပေးတတ်တဲ့ နာမ်ဓာတ်၊ စုစုပေါင်း သုံးမျိုး ရှိတယ်လို့ နားလည် လက်ခံရမှာပါလား။

အုန်မာန်ရှား ။  ။ ဟုတ်ပါတယ်။ ကြိုတင် နိမိတ်ပေးတတ်တဲ့ နာမ်ဓာတ်က တရားထိုင်သည်ဖြစ် စေ၊ စိတ်တည်ငြိမ်အောင်ကျင့်တဲ့ သမထအကျင့်ကို ကျင့်သည်ဖြစ်စေ ထိုနာမ်ဓာတ်က အလွန်သဘော ကျ ကျေနပ်ပါတယ်။

ကျွန်ုပ် ။  ။ အဲဒီနာမ်ဓာတ်က သန္ဓေသား ဘဝက စတင်ဖြစ်ပေါ်တာလား၊ ဒါမှမဟုတ် မွေးဖွား ပြီးမှ ဖြစ်ပေါ်တာလား။

အုန်မာန်ရှား ။  ။ သန္ဓေသားဘဝကပင် တစ်ခါတည်း ဖြစ်ပေါ်ပါရှိလာတာပါ။

ကျွန်ုပ် ။  ။ လူရဲ့ ညာလက်ရုံးမှာနေတဲ့ လူကိုသတ်တတ်တဲ့ နာမ်ရုပ်သတ္တဝါကရော ပဋိ သန္ဓေဘဝကပင် ဖြစ်ပေါ်တာပါလား။

အုန်မာန်ရှား ။  ။ အဲဒီနာမ်ရုပ်လည်း ပဋိ သန္ဓေနေစဉ်ဘဝကပင် ဖြစ်ပေါ်ပါရှိလာတာပါ။

ကျွန်ုပ် ။  ။ လူတစ်ဦးဟာ သမထဖြစ်စေ၊ ဝိပဿနာဖြစ်စေ ကျင့်ကြံအားထုတ်ခြင်းကြောင့် အသက်ကို ပိုပြီးရှည်စေနိုင်ပါသလား။

အုန်မာန်ရှား ။  ။ လူတစ်ဦးမှာ အကြမ်း ဖျင်းအားဖြင့် ဘယ်အသက်အရွယ်မှာ ဘယ်လို အကြောင်းနဲ့သေမည်ဆိုတာ သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ သို့သော်လည်း သမထဝိပဿနာတရား ကို ကျင့်ကြံအားထုတ်ခြင်းကြောင့် တန်ခိုးကြီးနတ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ပါးပါးက ကူညီစောင့်ရှောက် လျှင် အသက်ရှည်စေနိုင်ပါတယ်။

ကျွန်ုပ် ။  ။ တန်ခိုးကြီးနတ်ဖြစ်စေ၊ တန်ခိုး ရှင်တစ်ပါးပါးကဖြစ်စေ အသက်ကို မူလသက်တမ်း ထက်ပိုရှည်အောင် စောင့်ရှောက်ရာမှာ ဘယ်အတိုင်း အတာထိအောင် စောင့်ရှောက်နိုင်ပါသလဲ။

အုန်မာန်ရှား ။  ။ မူလသက်တမ်း သတ် မှတ်ချက်ထက် ၁၈ နှစ်ပိုရှည်အောင် စောင့်ရှောက် နိုင်ပါတယ်။

ကျွန်ုပ် ။  ။ ဟိန္ဒူဘာသာဝင် သမထ အကျင့်ကို ကျင့်တဲ့ ဆာဒူးကြီးတွေဟာ အသက်ငါးရာ တစ်ထောင် စသည်ဖြင့် အသက်ရှည်တယ် ကြားဖူး ပါတယ်။ သမထအကျင့်ကို ကျင့်ခြင်းကြောင့် အသက်ပိုရှည်နိုင်ပါသလား။

အုန်မာန်ရှား ။  ။ အဲဒီလိုကျင့်စဉ်မျိုးတွေ ရှိပါတယ်။ ထွက်ရပ်ပေါက် ဝိဇ္ဇာအကျင့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်တချို့လည်း အရှင်ထွက် ထွက်ပြီး အသက် တွေ ငါးရာ တစ်ထောင် ရှည်နိုင်ပါတယ်။

ကျွန်ုပ် ။  ။ ကျေးဇူးတင်ပါတယ် မဟာ အနန္တသဗ္ဗတန်ခိုးရှင်ကြီးဘုရား …။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ

ဆရာဝင်း(သာကီနွယ်)