ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အိမ်ထောင်ဘက်များအတွက်

ဗေဒင်ဆရာဘ၀ အတွေ့အကြုံများထဲတွင် အိမ်ထောင်ရေးကိစ္စများ အများဆုံး ကြုံတွေ့ရတတ်၏။ ရှေ့အခါတုန်းက ဆရာသမားများက ဗေဒင်ဆရာများ ဗေဒင်ကိန်းဂဏန်းများတွင် အသုံးပြုရန်အတွက် မှတ်ရလွယ်ကူစိမ့်သောငှာ ဓမ္မာသောက အင်း၀ ရာဇာ အိမ်ထောင်ဘက် အသက်မရှည်ရာ စသည်ဖြင့် လင်္ကာများ စပ်၍သင်ပေးထားခဲ့ကြပါတယ်။

ထိုလင်္ကာများကို ဗေဒင်ပညာနှင့် မနီးစပ်သူများကယူ၍ စနေနှင့် ကြာသပတေး ၊ သောကြာနှင့် တနင်္လာ ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊ ရာဟုနှင့် အင်္ဂါ လက်မထပ်ကောင်း၊ လက်ထပ်ပါက အိမ်ထောင်သက် မရှည် စသည်ဖြင့် ကောက်ယူကြ၏။ မည်သို့ ဖြစ်သည်မသိ ထိုအယူအဆသည် လူတော်တော်များများ အထူးသတိထားကြသော အယူအဆတစ်ခုသို့ ရောက်သွား၏။ထို့ကြောင့် မကြာခနဆိုသလိုပင် ဓမ္မာသောကအင်းဝရာဇာ အိမ်ထောင်ပြုထားကြသော သူများက အိမ် ထောင် မမြဲ၊ ကွဲမည်ကို စိုးရိမ်သောကြောင့် ဗေဒင်လာမေးကြလေရာ လူတိုင်းကို နားလည်အောင် ရှင်းပြရသည်မှာလည်း တော်တော်များများ ရှိခဲ့ပြီဖြစ်လေသည်။ မည်သို့ပင် ဆိုစေကာမူ ထိုကဲ့သို့ စနေနှင့် ကြာသပတေး ၊ သောကြာနှင့် တနင်္လာ ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ပြုထားကြသူများ အတွက် အိမ်ထောင်ရေး အညံ့အခိုက် ကင်းဝေးစေသာ နည်းတစ်ခုကို ပြန်လည် တင်ပြပေးလိုက်ရပါတယ်ဗျာ

ဓမ္မာ

စနေသားသမီးနှင့် ကြာသပတေးသားသမီး အိမ်ထောင်ပြုထားသူများ အနေနှင့် ပိတောက်သားကို (၁၂)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုးနီနှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။

သောက

သောကြာသားသမီးနှင့် တနင်္လာသားသမီး အိမ်ထောင်ပြုထားပါက ရန်ဓာတ် ပျယ်စေရန် ကသစ်သားကို (၈)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုးအဝါနှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။

အင်းဝ

တနင်္ဂနွေသားသမီးနှင့်ဗုဒ္ဓဟူးသားသမီး အိမ်ထောင်ပြုထားသူများ ဝင်အူသားကို (၅)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ ထိုသစ်သားချောင်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ အပြာရင့်ရောင် ဖဲကြိုးနှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။

ရာဇာ

ရာဟုနှင့် အင်္ဂါသားသမီး ဇနီးမောင်နှံများအတွက် စောင်းလျှားသားကို (၁၁)လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း နှစ်ချောင်းဖြတ်ပါ။ ထိုသစ်သားချော်းနှစ်ချောင်းကို ရွှေချပါ။ ထိပ်အသီးသီး၌ ဖဲကြိုးအစိမ်းရောင် နှင့် ရစ်ပတ်ကာ လင်မယားနှစ်ဦးနေသော နေရာ၏ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။ထိုကဲ့သို့ ချိတ်ဆွဲရာတွင် အောက်ဖော်ပြပါ အချိန်အတိအကျ လိုက်နာ ချိတ်ဆွဲပါက ပိုမို၍ အကျိုးပေး ကောင်းမွန်မည် ဖြစ်ပါတယ်

ဓမ္မာဇနီးမောင်နှံများ – တနင်္ဂနွေနေ့ နေ့လည် (၁၁) နာရီ(၄၅)မိနစ်တွင် ချိတ်ဆွဲပါ။

သောကဇနီးမောင်နှံများ – တနင်္လာနေ့ နံက်(၆)နာရီ မိနစ်(၂၀)တွင် ချိတ်ဆွဲပါ။

အင်းဝဇနီးမောင်နှံများ – ဗုဒ္ဓူးနေ့ မွန်းလွဲ (၁)နာရီ (၄၅)မိနစ်တွင် ချိတ်ဆွဲပါ။

ရာဇာဇနီးမောင်နှံများ – အင်္ဂါနေ့ (၉)နာရီ (၉)မိနစ်တွင် ချတ်ဆွဲပါ။

Credit : ဆရာဟိန်းတင့်ဇော်