စန္ဒ၊ သူရိယ နေနှင့်လတို့ကို အခြေခံ၍ စီရင်ထားသော ဂါထာမန္တန်များ

မြန်မာ့ဂန္ဓာရီ ဝိဇ္ဇာမယလောကီပညာရပ်တို့ တွင် နေ၊ လနှစ်ပါးတို့ကို အခြေခံ၍ စီရင်ထား သော ဂါထာမန္တန်များ များစွာရှိပါသည်။ ထိုဂါထာ မန္တန်များအနက်မှ ကျွန်ုပ်လေ့လာဆည်းပူးရရှိထား သော ဂါထာမန္တန်အချို့ကို ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

(၁) စန္ဒ၊ သူရိယ နေနှင့်လ နှစ်ပါးဂါထာ အမှတ် – ၁

နဝလောကုတ္တရာ အဋ္ဌမဂ်င်္ဂါနိတိပိဋကတ္တယံ သုညံစေဝဘဝိဿတိ နေမင်း အဖ၊ လမင်း အမိ၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။

အထက်ပါဂါထာကို ဗုဒ္ဓအာဏာစက်တော် မြတ်ဂါထာဟုလည်း ခေါ်ကြပါသည်။ ဤဂါထာကို အမြဲရွတ်ဖတ်က ဘုန်းတန်ခိုးတေဇော်အာနုဘော် ကြီး မားတိုးတက် ဩဇာအာဏာစက် ထက်မြတ်၏။ နတ် ဗြဟ္မာတို့ ချစ်ခင်စောင့်ရှောက်၏။ အင်းအိုင်၊ ဆေး ဝါးများ စီရင်ခြင်းမပြုမီ ဤဂါထာကို ၉ခေါက်ရွတ်ပြီး  စီရင်ပါက အစီအရင်များ ပိုမိုထက်မြတ်၏။

(၂) စန္ဒ၊ သူရိယ နေနှင့်လနှစ်ပါးဂါထာ – ၂

နမောဗုဒ္ဓဿ စန္ဒရောစ သူရိယော ဩဘာ သယံ၊ အဂ္ဂမဟာတေဇံ လာဘံ မေ ဘဝိဿတိ။

ဤဂါထာကို နေ၊ လနှစ်ပါး မန္တရားဟုခေါ် ပါသည်။ ဤမန္တရားကို နံနက်နေထွက်စအချိန် ညနေ နေဝင်ပြီးချိန် တစ်နေ့နှစ်ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် အနည်းဆုံး ကိုးခေါက်မှ ၁၀၈ခေါက်အထိ(နဝင်းကိုက်) ရွတ်ပွားပါက မိမိရွတ်နိုင်သလောက် လျင်မြန်စွာ အကျိုးပေး၏။ နတ်သိကြားဗြဟ္မာတို့ ချစ်ခင်စောင့် ရှောက်၏။ အိပ်မက်ထူးများပေး၏။ လာဘ်လာဘ ပေါများ၏။ ဘုန်းကျက်သရေတိုး၍ အလုပ်အကိုင် အကြံအစည်များ အောင်မြင်တိုးတက်၏။ ကူညီ စောင့်ရှောက်မည့်သူများ ပေါ်ပေါက်လာတတ်၏။

(၃) စန္ဒ၊ သူရိယ နေနှင့်လနှစ်ပါး ဂါထာ အမှတ် – ၃

ငါဟဲ့ရာဇာ လမင်းအမိ၊ နေမင်းအဖ၊ ကျွနု်ပ်  ဦးခေါင်းမှာ မားမားရပ်၍ အကျွနု်ပ်အား သွားလေ ရော စောင့်ရှောက်ကူညီပါ။ စန္ဒာသူရိန်၊ သူရိန်စန္ဒာ ငါ့အမေကလ၊ ငါ့အဖေက နေ၊ သွားလေရာမှာ ငါ့ မျက်နှာ နေနှင့်လ။ ဗုဒ္ဓအာဏာဟဲ့ရာဇာနဲ့ ခုနစ်ရက် သားသမီးအပေါင်းတို့ ငါလာပြီ။ နင်တို့ဦးနှိမ်ချစောင့် ရှောက်ကူညီပါ။

ဤဂါထာကို နေနတ်သား၊ လနတ်သားဂါ ထာဟုခေါ်ပြီး ရွှေသိဒ္ဓိအောင် အပ်ချည်မျှင်ဆရာ တော်အရှင်ဝိမလဝံသချီးမြှင့်လေ့ရှိသော ဂါထာဖြစ် သည်။ အမြဲရွတ်က မျက်နှာပွင့်လန်း၏။ ရာဇ၊ သဗ္ဗ  ဣတ္ထိသျှိုပြီး၏။ လူ၊ နတ်တို့ချစ်ခင်စောင့်ရှောက်၏။

(၄) စန္ဒ၊ သူရိယနေနှင့်လနှစ်ပါးဂါထာ အမှတ် – ၄

ဒက္ခိဏ၊ ဒက္ခိစ၊ သူရိယော၊ ဝါမအက္ခိစ စန္ဒိမာ၊ ဗုဒ္ဓစက္ခုစနိဒါနော။

သဗ္ဗညော အဟံဝန္ဒာမိ သဗ္ဗဒါ။

(ဂါထာမူကွဲအချို့လည်း ရှိပါသေးသည်)

သူရိယော-နေမင်းသည်၊ ဒက္ခိဏက္ခိစ-မြတ် စွာဘုရား၏ လက်ယာဘက်မျက်စိဖြစ်ပါ၏။ စန္ဒိမာ- လမင်းသည် ဝါမအက္ခိစ-လက်ဝဲမျက်စိဖြစ်ပါ၏။ (နောက်တစ်နည်းကား)ဒက္ခိဏက္ခိစ-မြတ်စွာဘုရား၏ လက်ယာဘက်မျက်စိသည်ကား၊ သူရိယော-နေမင်း ဖြစ်၏(နေမင်းနှင့်တူ၏)ဝါမအက္ခိစ-လက်ဝဲဘက် မျက်စိသည်ကား၊ စန္ဒိမာ-လမင်းဖြစ်၏။(လမင်းနှင့် တူ၏။) ဗုဒ္ဓစက္ခုစ-ဗုဒ္ဓမြတ်ဘုရား၏ စက္ခုသည်ကား နိဒါနော-အားလုံးကို သိမြင်ခြင်း၏အကြောင်းဖြစ်ပေ ၏။ သဗ္ဗညော-နေနှင့်တူသော လက်ယာမျက်စိ၊ လနှင့်တူသော လက်ဝဲမျက်စိ ဗုဒ္ဓစက္ခု-ဘုရားမျက်စိ တော်ဖြင့် အရာအားလုံးကို သိမြင်တော်မူတတ်သော မြတ်စွာဘုရားကို သဗ္ဗဒါ-အခါခပ်သိမ်း၊ အဟံ- အကျွနု်ပ်သည်၊ ဝန္ဒာမိ-ရှိခိုးပါ၏။

ဤဂါထာကား နေ၊ လနှစ်ပါးနှင့် ပတ်သက် ၍စီရင်ထားသော ဓနုဖြူခင်မကန်ဆရာတော်ကြီး၏ မျက်စိရေကြည်ခတ်ရန် ချီးမြှင့်ပေးသော ဂါထာဖြစ် ပါသည်။ မျက်နှာသစ်ချိန်၊ ရေချိုးချိန်များ၌ ဤဂါထာ ဖြင့် ရွတ်ဆိုပွားများပြီး ဘုရားရှင်ကို စိတ်ကရည်စူး၊  ပူဇော်လျက် မျက်စဉ်းခတ်ပေး၊ မျက်နှာသစ်ပေးက  မျက်စိရောဂါဝေဒနာများ သက်သာပျောက်ကင်း ချမ်း သာစေသည်ဟုဆိုပါသည်။ ယုံကြည်စွာ ပြုလုပ်သင့် ကြပါသည်။

(၅) စန္ဒ၊ သူရိယ နေနှင့်လနှစ်ပါးဂါထာ အမှတ် – ၅

အမရွံ ဟရီဟရီ၊ ဆရီ မုခံ ပံဂဂျံ၊ တြေပိ ဋကတ်၊ ဟရီဟရီ ဘာဟိန္ဒြို၊ မဟိန္ဒြို၊ ဗျကျန္ဒြို၊ နရကျန္ဒြို၊ ဗေဒါဓာရာဂြဟာ၊ သျှူရာဂဂျတြာစိန္တာ မုနိ၊ ဆမရွံ ဟရီဟရီ၊ ကြုဗ္ဗန္တုံ၊ မေ ဂျယံ မံဂလံ။

အမရွံ ဟရီ ဟရီ-မသေရာအမှန်မြတ်နိဗ္ဗာန် ကို ဧကန်ထုတ်ချောက်ရောက်အောင် ပို့ထနိုင်သော၊ ဆရီမုခံပံဂဂျံ-မြတ်စွာဘုရား၏ အသရေရှိသော ခံတွင်းတည်းဟူသော ကြာတိုက်မှဖြစ်ထသော၊ တြေပိဋကတ်-သုံးပုံသော ပိဋကတ်တော်ကို၊ ဟရီ ဟရီ-စောင့်ရှောက်အစဉ် အကြင်သူရဿတီနတ်ဒေ ဝီသည်လည်းကောင်း၊ ဘာဟိန္ဒြို-ကောင်းကင်ကို စောင့်ရှောက်သော နတ်မင်းသည်လည်းကောင်း၊ မာဟိန္ဒြို-မြေပြင်ကို စောင့်ရှောက်သော နတ်မင်းသည် လည်းကောင်း၊ ဗျကျန္ဒြို-လဗိမာန်ကိုစောင့်ရှောက် သော လနတ်သားသည်လည်းကောင်း၊ နရကျန္ဒြို- နေဗိမာန်ကိုစောင့်ရှောက်သော နေနတ်သားသည် လည်းကောင်း၊ ဗေဒါဓာရာ-ဗေဒင်လေးပုံကို စောင့် ရှောက်ကြကုန်သော၊ ဂြဟာ-ရှစ်လုံးသော ဂြိုဟ်မင်း တို့သည်လည်းကောင်း၊ သျှူရာဂဂျာတြာ-သိကြား မင်းစီးသော ဧရာဝဏ်ဆင်ကြီးသည်လည်းကောင်း၊ စိန္တာမုနိ-နတ်တို့ကိုအစိုးရသော သိကြားမင်းကြီး သည်လည်းကောင်း(ဝါ)ယခုရွတ်ဆိုနေသော စိန္တာမ ဏိမန္တန်ကြီးသည်လည်းကောင်း၊ ဆမရွံ ဟရီ ဟရီ ထွန်တုံးလယ်မြေ၌ ကမ္ဘာပတ်လုံးတည်သော ကမ္ဘာ စောင့်နတ်မင်းကြီးသည်လည်းကောင်း၊ တေဆမိဌာ နေ-ဤအရပ်ဤဒေသ၌၊ ဒေဝဗေဒါ-စောင့်ရှောက် နေထိုင်ကုန်သော နတ်မင်းကြီးအပေါင်းတို့သည်၊ မေ-အကျွနု်ပ်အား ဂျယမံဂလံ-အောင်ဆဲ အောင် လတ္တံ့ဖြစ်သော မင်္ဂလာကျက်သရေအပေါင်းတို့ကို ကြုဗ္ဗန္တုံ-လျင်စွာထုတ်ချောက်အပြီးရောက်အောင် ချီးမြောက်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။

အထက်ပါမန္တန်ကြီးမှာ စိန္တာမဏိမန္တန်ကြီးဟု ခေါ်တွင်ကြပါသည်။ ထိုမန္တန်တွင် ဗျကျန္ဒြို-လနတ် သား၊ နရကျန္ဒြို-နေနတ်သားဟူ၍ နေ၊ လနှစ်ပါး ကို ထည့်သွင်းတိုင်တည်ထားကြောင်း တွေ့ရပါမည်။ ထို့ကြောင့်ဤမန္တန်ကြီးကို စန္ဒ၊ သူရိယနေနှင့်လ ဂါထာအမှတ်(၅)အဖြစ် ဖော်ပြခဲ့ရခြင်းဖြစ်ပါသည်။ ဤမန္တန်ကြီးကား ဆောင်ယူရွတ်ပွားသူတို့အား ဘုန်း ကျက်သရေအပေါင်းနှင့် ပြည့်စုံစေသည်။ မျက်နှာ ပွင့်လန်းစေသည်။ နတ်တို့ချစ်ခင်စောင့်ရှောက်စေ သည်။ မင်္ဂလာကျက်သရေတိုးစေသော မန္တန်ကြီးဖြစ် သဖြင့် အချို့ဘိသိတ်ဆရာများ အလှူမင်္ဂလာပွဲများ၌ ရွတ်ဆိုကြလေ့ရှိ၏။ အချို့က ဆေးဝါး၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့အစီအရင်များ စီရင်ဆောင်ရွက်  ပြီးသောအခါ ရွတ်လေ့ရှိကြသည်။ ဤမန္တန်ကြီးမှာ သက္ကတဘာသာ အသံထွက်ဖြင့် ရေးသားသော မန္တန်ဖြစ်သဖြင့် စာလုံးပေါင်းအသံထွက်မူကွဲများ လည်းရှိကြပါသည်။ ဌာန်၊ ကရိုဏ်းကျကျပီပြင်စွာ ရွတ်တတ်ပါက အလွန်နားထောင်၍လည်း ကောင်း သောမန္တန်ကြီးဖြစ်ပါသည်။

( နေရာများတွင် ဉုံ/ေဩာင်းခံ၍လည်း ရွတ် ဆိုနိုင်ပါသည်။)

(၆) စန္ဒ၊ သူရိယ နေနှင့်လ ဂါထာအမှတ် – ၆

ဩဃလိမ္မာ၊ ဆရာမှန်ထား၊ သိကြားပေး သည့်မန္တရား၊ မိသူဇာ၊ ဆရာမှန်ထား၊ သိကြားပေး သည့် မန္တရား၊ နေမင်းထက်ပေ၊ လမင်းပယ်လေ၊ တိမ်မင်းဆိုက်ဆရာဆိုက်။

ဤဂါထာဖြင့် ပန်းကို ၃၇ အုပ်မန်းပြီးပန်ထား၊ ဆောင်ထားပါက ပီယသျှိုကောင်း၏။ ကုန်တိုက် ကောင်း၏(ဈေးရောင်းကောင်းစေသည်)ဟု ဆိုပါ သည်။

(၇) စန္ဒ သူရိယ နေနှင့်လ ဂါထာအမှတ် – ၇

လေးကျွန်းမျက်နှာ၊ လေးမျက်နှာလည်း ရှင် နေမင်းလည်း ငါ့အဖ၊ ရှင်လမင်းလည်း ငါ့အမိ၊ သွားလေရာရာ ငါ့မျက်နှာ။

ကရုဏာမင်းကြီး၊ အမိ ငါ့ကို တည်ဘိလော့ ခွတ်ထွတ် ရှင်နေမင်း၊ ခွတ်ထွတ် ရှင်လမင်း၊ နေမင်း ချမ်းသာ၊ လပမာဖြင့်၊ ရှင်လူမေတ္တာပွင့်-ဆရာပွင့် လင်းဆရာလင်း။

ကန်တော့ပွဲတစ်ပွဲပြင်၊ ပန်းသုံးမျိုး၊ မီးတစ် တိုင်၊ ကွမ်းတစ်ယာ၊ လက်ဖက်တစ်ထုပ်၊ ငွေငါးမတ်၊ ရွှေတစ်မတ်၊ ကန်တော့ပွဲတွင် ထည့်ပြီးလျှင် ရေမွှေး အကောင်းစားတစ်လုံးကို အဖုံးဖွင့်၍ အထက်ပါဂါထာ ဖြင့် ၁၀၈ အုပ်စုတ်ပြီးသိမ်းထားပါ။ အလိုရှိသောအခါ  နဖူး၊ ဆံစ၊ လက်ကိုင်ပဝါတို့တွင် ထိုရေမွှေးဖြင့် ဆွတ်ဖျန်း၍သွားပါလေက နတ်၊ လူ၊ ဗြဟ္မာ ထိုသုံး ဖြာတို့သည် အနံ့ကိုရှူမိခါမျှဖြင့် ရင်ဝယ်သားကဲ့သို့ ချစ်ခင်သနား၏။ ရာဇ၊ ဣတ္ထိ၊ သဗ္ဗသျှိုသုံးပါး အပြီး တိုင်၏။ ကျက်သရေမင်္ဂလာတိုး၍ ကောင်းကျိုးချမ်း သာတိုးစေ၏။ ယုံကြည်စွာစီရင်ဆောင်ယူသင့်ပါ သည်။

တြိရတနာဆရာဇေယျာလင်း