ဈေးရောင်းကောင်းစေ လာဘ်ရွှင်စေဖို့

ဈေးသည်တစ်ဦးအဖို့ မိမိ၏ ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် အရောင်းသွက်ချင်၊ ဈေးရောင်းကောင်းချင်သည်မှာ ဓမ္မတာဖြစ်ပါသည်။ ဈေးရောင်းကောင်းပါမှလည်း အကျိုးအမြတ်များရ၍ ကြီးပွားတိုးတက်ပါလိမ့်မည်။ လာဘ်လာဘများလည်း ပွင့်လန်းလာပါလိမ့်မည်။

ဤ၌ ဈေးရောင်းချသူသည် အဆွေစာရှုသူ ဖြစ်အံ့။ အောက်ပါနည်းကလေးအတိုင်း လက်တွေ့ လုပ်ဆောင်ကြည့်စေချင်ပါသည်။ လုပ်ဆောင်ရမည့် အမှုမှာ ကုသိုလ်ကောင်းမှုသာ ဖြစ်၍ နတ်လူတို့ သာဓုခေါ်ကြမည်မှာ သေချာလှပါ၏။ လုပ်ဆောင်ရာတွင် သူ့နေ့သားအလိုက် အရပ်မျက်နှာကို ရွေးချယ်၍ အညွန့်အရွက်တို့ကို လှူဒါန်းကြရပါမည်။

၁။ တနင်္ဂနွေသားသမီးများအဖို့
သရော၊ သက်ရင်း၊ သလဲ အစရှိသော အညွန့်အရွက်တို့ကို ညောင်ရေအိုးတွင်ထိုး၍ မြောက် အရပ်တွင်ထားကာ လှူပါ။ ဈေးရောင်းကောင်းရန် ဆုတောင်းပါ။

၂။ တနင်္လာသားသမီးများအဖို့
တမာ၊ နှင်းပန်း၊ နံ့သာဖြူ၊ တတိုင်းမွှေး အစ ရှိသော အညွန့်အရွက်တို့ကို ညောင်ရေအိုးတွင်ထိုး ၍ အနောက်တောင်အရပ်တွင်ထားကာ လှူပါ၊ ဈေး ရောင်းကောင်းအောင် ဆုတောင်းပါ။

၃။ အင်္ဂါသားသမီးများအဖို့
အင်သား၊ ကသစ်အစရှိသော အညွန့်အရွက် တို့ကို ညောင်ရေအိုးတွင်ထိုး၍ အရှေ့အရပ်တွင်ထားကာ လှူပါ။ ဈေးရောင်းကောင်းရန် ဆုတောင်းပါ။

၄။ ဗုဒ္ဓဟူးသားသမီးများအဖို့
ကဒတ်၊ ခွေးတောက် အစရှိသော အညွန့် အရွက်တို့ကို ညောင်ရေအိုးတွင်ထိုး၍ အရှေ့အရပ် တွင်ထားကာလှူပါ ဈေးရောင်းကောင်း ရန် ဆုတောင်းပါ။

၅။ ကြာသပတေးသားသမီးများအဖို့
ညောင်အုပ် သား အညွန့်အရွက် တို့ကို ညောင်ရေအိုး တွင်ထိုး၍ အရှေ့တောင် အရပ်တွင် ထားကာ လှူပါ။ ဈေးရောင်းကောင်း ရန် ဆုတောင်းပါ။

၆။ သောကြာသားသမီးများအဖို့
ရှောက်ချိုး၊ လက်ခုပ်၊ ဝက်သစ်ချ စသော အညွန့်အရွက်တို့ကို ညောင်ရေအိုး တွင်ထိုး၍ တောင်အရပ်တွင်ထားကာ လှူပါ။ ဈေးရောင်းကောင်းရန် ဆုတောင်းပါ။

၇။ စနေသားသမီးများအဖို့
ပင်စိမ်း၊ ပုန်းညက်၊ မုန်ညင်းစသော အညွန့် အရွက်တို့ကို ညောင်ရေအိုးတွင်ထိုး၍ အနောက်အရပ်တွင်ထားကာ လှူပါ။ ဈေးရောင်းကောင်းရန် ဆုတောင်းပါ။

ဘိုးသာမြေး