၁။ အမြစ်
ရေရှည်လုပ်လို့ မရတဲ့လုပ်ငန်း တွေ၊ မပြီးပြတ်ဘဲ ကြာနေရတဲ့လုပ်ငန်တွေ၊ ပြောရ ဆိုရခက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆက်ဆံတဲ့ကိစ္စတွေ၊ နာ တာရှည်ဖြစ်နေတဲ့ ရောဂါသည်တွေအတွက် သုံးရ မယ့် ဓာတ်သားဖြစ်ပါသည်။
၂။ ပင်စည်
ရေရှည်လုပ်ရမယ့်အလုပ်တွေ၊ အမြဲတစေ လုပ်တဲ့အလုပ်တွေ၊ သေချာစေချင်တဲ့ အလုပ်တွေ၊ ကိုယ်ရှင်းမှဖြစ်မယ့်အလုပ်တွေအတွက် သုံးရမယ့် ဓာတ်သားဖြစ်သည်။
၃။ အခေါက်
အထင်အမြင်လွဲနေတဲ့ ကိစ္စတွေ၊ လုပ်ချင်တဲ့ကိစ္စတွေ၊ ခက်ခဲနေတဲ့ကိစ္စတွေ၊ စိတ်မချမ်းမသာဖြစ်နေတဲ့အလုပ်တွေ၊ ဆေးမတွေ့ တဲ့ ရောဂါတွေ၊ ရန်ဖြစ်ထားတဲ့ အိမ်ထောင်သည် တွေအတွက် သုံးရမယ့် ဓာတ်သားဖြစ်သည်။
၄။ အသား
ဘယ်ကိစ္စမဆိုသုံးလို့ရတယ်။ လျင်လျင်မြန်မြန် မဖြစ်တတ်ပါ။ ဖြည်းဖြည်းမှန်မှန်ပဲ ဖြစ်တတ်တဲ့ ဓာတ်သားပါ။
၅။ အကိုင်း
အိမ်မှာမနေတဲ့သူ စိတ်ဆိုး ပြီးဆင်းသွားတဲ့သူ အရောင်းအဝယ်ပါးနေတဲ့ကိစ္စ၊ သူများ အနှောင့်အယှက်ပေးတဲ့လုပ်ငန်း အခွင့်အရေး ရခါနီးဖြစ်လိုက် ဝေးသွားလိုက်နဲ့ မရေမရာဖြစ်နေ တဲ့ကိစ္စတွေအတွက် သုံးရမယ့်ဓာတ်သားဖြစ်သည်။
၆။ အရွက်
ကျန်းမာရေးအတွက် လူ ကြီးသူမနဲ့တွေ့စရာရှိတဲ့အခါ၊ ရန်သူနဲ့ယှဉ်ပြိုင်ပြီး တိုက်ရတဲ့အခါ၊ အရောင်းအဝယ် အပြိုင်အဆိုင်နဲ့ ရောင်းတဲ့အခါ၊ လေလံကန်ထရိုက်များအတွက် သုံးရ မယ့် ဓာတ်သားဖြစ်သည်။
၇။ အဖူး
ရည်ရွယ်ထားပြီး လုပ်နေတဲ့ အလုပ်အတွက် သတင်းမကြားရသေးဘူးဆိုရင်၊ သွား နေတာကို လာစေချင်ရင်၊ အခွင့်အရေးတွေ ပိတ် နေရင်၊ ဘယ်လောက် အကောင်းလုပ်ပေး လုပ်ပေး မကောင်းထင်တဲ့ကိစ္စတွေအတွက် သုံးရမယ့် ဓာတ် သားပါ။
၈။ အပွင့်
အချစ် အိမ်ထောင်ရေးမှာ သုံးဖို့အတွက်၊ ဓာတ်အနှောင့်အယှက် ဖြစ်နေတာ အတွက်၊ အကြံအစည်နဲ့ ခရီးသွားချင်တဲ့သူအတွက်၊ အလုပ်နေရာပြောင်းချင်သူအတွက်၊ လုပ်ငန်းသစ် လုပ်ချင်နေသူအတွက် အသုံးပြုရမယ့် ဓာတ်သား ဖြစ်သည်။
၉။ အသီး
ကျန်းမာရေးချို့တဲ့နေသူတွေ အတွက်၊ အထက်လူကြီးက ငြိုငြင်ခြင်းကိုခံနေရသူ အတွက်၊ ပညာရေးမှာ အနှောင့်အယှက် ဖြစ်နေသူ အတွက်၊ အပြိုင်အဆိုင်လုပ်လိုသူတွေအတွက် သုံးရ မယ့် ဓာတ်သားပါ။
၁၀။ အညွန့်အခက်
ကံဇာတာ ညံ့နေသူ တွေအတွက်၊ အဆင်မပြေသူတွေအတွက်၊ တိုးတက် ဖို့ကြိုးစားနေသူတွေအတွက်၊ လုပ်ငန်းတွေ အေးဆေး စွာမဖြစ်ဘဲ ထစ်ငေါ့နေသူတွေအတွက် သုံးရမယ့် ဓာတ်သားပါ။
မှတ်ချက်။ ။ ဓာတ်ရိုက်ဓာတ်ဆင် ပြု လုပ်သောအခါ သစ်ပင်တစ်ပင် ဓာတ်သားတစ်ခု ဆိုတာနှင့် မပြီးပါ။ ကိုယ်သုံးမယ့် ဓာတ်ပင်ရဲ့ ဘယ် အရာနဲ့လုပ်ရမည်ဆိုတာ အရေးပါသည်။
ဟန်ထက်စော
မနောမယဂမ္ဘီရဂျာနယ် အမှတ် (822)
