ပြိုင်ပွဲဟူသမျှ အနိုင်ရ ဂါထာ

ပြိုင်ပွဲမဝင်မီမှာ ဒီဂါထာကို သုံးခေါက်တိတိ ယုံယုံကြည်ကြည် လေးလေးစားစား ရွတ်ဆိုကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ စိတ်ပါလက်ပါနဲ့ သုံးခေါက် ထက်ပိုပြီး ကိုးခေါက် ၁၂ ခေါက်ရွတ်နိုင်မယ်ဆိုရင် ပိုပြီး အစွမ်းထက်မြက်မှာ သေချာပါတယ်။

လူအချင်းချင်းအပေါ် လူလည်ကျတာမျိုးကို ပညာရှိများက အားမပေးပေမယ့် လူရည်လည်တယ်၊ ပါးရည်နပ်ရည်ရှိတယ်ဆိုတာမျိုးကိုတော့ ပညာရှိတွေ လည်း လက်ခံကြပါတယ်။ အထူးသဖြင့် အတဲ့လူက တော့ ဘဝမှာ အောက်တန်းနောက်တန်းကျမှာ သေချာပါတယ်။ လောကီပညာရပ်တွေကို လေ့လာ တဲ့အခါမှာ အမေမှာ မှာတဲ့အတိုင်း အဖေမှာ မှာတဲ့ အတိုင်းဆိုသလို လှေနံဓားထစ် မှတ်သား အသုံးချ တာမျိုးလောက်ပဲ ရပ်မထားဘဲ အရာရာကို ရှေ့ဆက် ပြီး တွေးသင့်ပါတယ်။

ဥပမာအားဖြင့် ရှေးအခါတုန်းက စစ်ချီစစ် တက်ပြုတဲ့အခါ (စစ်တိုက်ကြတဲ့အခါ) တစ်ဖက်ကို  အနိုင်ရစေဖို့အတွက် ဂါထာမန္တန်တွေ ရွတ်ကြတာ မျိုးရှိပါတယ်။ ဒါဟာ စစ်တိုက်တဲ့အခါမျိုးမှာတင် မသုံးဘဲ ပြိုင်ပွဲဝင်တဲ့နေရာတွေမှာလည်း အဲဒီဂါထာ မျိုးကို ရွတ်ဆိုပြီးမှ ပြိုင်မယ်ဆိုရင် အနိုင်ရနိုင်တဲ့ သဘောရှိတာပဲ မဟုတ်လား။

အထူးသဖြင့် ဒီကနေ့ခေတ် ကမ္ဘာမှာခေတ် စားနေတဲ့ အားကစားပြိုင်ပွဲဟာ ဘောလုံးပွဲတွေပါပဲ။ ဘောလုံးပွဲတွေနိုင်အောင် လူမျိုးပေါင်းစုံဟာ သူတို့ နည်းသူတို့ဟန်နဲ့ ယတြာတွေလုပ်ကြတယ်။ ဂါထာ တွေ စုတ်ကြတယ်။ အဆောင်လက်ဖွဲ့တွေလည်း ယုံယုံကြည်ကြည်ဆောင်ကြတယ်။

အချို့အသင်းအဖွဲ့တွေ လုပ်ချင်လုပ်ကြမှာပါ။ တကယ်တော့ ဘောလုံးပွဲ၊ ကြက်တောင်၊ တင်းနစ်၊ ရေကူး၊ လက်ဝှေ့တာပဲ မဟုတ်လား။ အဲဒီလို ယှဉ် ပြိုင်တာဟာလည်း စစ်တိုက်သလိုပဲ အနိုင်အရှုံးဆို တာ ရှိနေတယ်လေ။ ဒီတော့ကိုယ့်ဘက်က အနိုင်ရ အောင် အားကစား လေ့ကျင့်ခန်းဆင်းဖို့ လိုအပ်သလို ဂါထာမန္တန်ရွတ်ကြရင်ကော မကောင်းဘူးလား။

ကိုယ့်ဘာသာကိုယ် နိုင်အောင် ဂါထာနဲ့ အထောက်အကူယူတာဟာ တကယ်တော့ တရား နည်းလမ်းကျပါတယ်။ ဒါဟာ မတရားလုပ်တာမှ မဟုတ်ဘဲ။ ကိုယ်ယုံကြည်ရာ အထောက်အကူပြု ဆောင်ရွက်တာပဲလေ။

ရှေးခေတ်တုန်းက မြန်မာမင်းအဆက်ဆက် စစ်ဗိုလ်မှူးကြီးတွေ၊ မင်းသားကြီးတွေအသုံးပြုခဲ့တဲ့ တိုက်တိုင်းအောင်စေတဲ့ စစ်ချီဂါထာတစ်ပုဒ်စာတွေ ပေတွေထဲမှာ တွေ့ဖူးကူးယူထားတာရှိပါတယ်။ ကိုယ့် ဆီမှာရှိနေတာ ၁၂ နှစ်လောက်တော့ရှိနေပြီ။ ဆောင်း ပါးအဖြစ် ရေးပေးမယ်။ ရေးပေးမယ်နဲ့ မရေးဖြစ်ခဲ့ သေးဘူး အခြားအာရုံပေါ်တဲ့ ဆောင်းပါးတွေသာရေး သေးဖြစ်ခဲ့တာ။

ခုတော့မှပဲ မှတ်မှတ်ရရ ရေးဖြစ်တော့တယ်။

ပြိုင်ပွဲမှာ အောင်မြင်စေတဲ့ဂါထာ

“ဥုံ ရာဇမဘူတာ၊ သဟိဗျတ္တာ၊ အအာဣဤ   သုလဓိက၊ ဧအဲဩဪသာ်၊ သဒ္ဓိကမ္မရာဇ၊ ကခကခန မရာဇာ၊ စဆဓ ဆဣတ္ထိမိတြာ၊ သယလဝ သုခါဝဟံ၊  သစ္စံနံ ဘာဝတော၊ သတ္တောဂျာလုတော မဿရာဇ သဗ္ဗဒါ ဣစ္ဆန္တော သာသပဂဗ္ဘေ၊ ဣတော ဝိတော စင်္ကမတိ၊ စက္ကဝါဠံပိ၊ အတ္တဘာဝေန ဆာယိ။”

ပြိုင်ပွဲမဝင်မီမှာ ဒီဂါထာကို သုံးခေါက်တိတိ ယုံယုံကြည်ကြည် လေးလေးစားစား ရွတ်ဆိုကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ စိတ်ပါလက်ပါနဲ့ သုံးခေါက် ထက်ပိုပြီး ကိုးခေါက် ၁၂ ခေါက်ရွတ်နိုင်မယ်ဆိုရင် ပိုပြီး အစွမ်းထက်မြက်မှာ သေချာပါတယ်။ ပြိုင်ပွဲ တိုင်းအောင်မြင်နိုင်တဲ့ သဘောသတ္တိဖြစ်ပါတယ်။  ပေစာမူတွေကို ကူးယူခဲ့ကြတာဖြစ်ပါတယ်။

အောင်မြေနင်းပြီး ရွတ်ဆိုကြရင်တော့ ပိုပြီး ထူးခြားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီး အပါအဝင် အနယ်နယ်အရပ်ရပ်က မြို့ကြီးများမှာ ရှိတဲ့တန်ခိုး ကြီးဘုရားအဆူဆူမှာ အောင်မြေဆိုတဲ့ ထူးခြားတဲ့ သိဒ္ဓိဓာတ်တွေ ကိန်းအောင်းနေတဲ့နေရာတွေရှိပါ တယ်။ အဲသလို အောင်မြေနေရာမှာ အဖွဲ့လိုက် ရွတ်ဆိုနိုင်ရင် ပိုပြီးကောင်းမယ်လို့ ယူဆမိပါတယ်။

ရန်ကုန်သူ ရန်ကုန်သားတွေအတွက်ဆိုရင် တော့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အောင်မြေနေရာ ရှိပါတယ်။ ရွှေတိဂုံစေတီတော်ကြီးရဲ့ အနောက် မြောက်ဘက် (ရာဟုထောင့်)မှာရှိတဲ့ အောင်မြေမှာ မတ်တပ်ရပ် ရွှေတိဂုံစေတီတော်ကြီးရဲ့ ငှက်ပျောဖူး ဘက်ကို လက်အုပ်ချီဖူးမြော်ရင်း ရွတ်ဆိုကြမယ်ဆို ရင် ပိုပြီး ထိရောက်အောင်မြင်စေမှာ သေချာပါတယ်။

ရွှေတိဂုံစေတီတော်ကြီးရဲ့ ရာဟုထောင့်ဘက် က ငှက်ပျောဖူးအောက် ပန်းဆွဲနေရာမှာ စ၊ ဓ၊ ဗ၊ ဝ လို့ခေါ်တဲ့ စမကြီးလေးလုံးရှိတယ်။ ဒီစမလေးလုံး ဟာ နှယ်နှယ်ရရ မဟုတ်ဘူး။ ဖွင့်ခဲ့ပြီးတဲ့ ဒီဘဒ္ဒ ကမ္ဘာက ဘုရားကြီးလေးဆူရဲ့ ဗိန္ဓုအက္ခရာလေးလုံး ပါပဲ။ ဒီဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့ပြီးတဲ့ ဘုရားကြီးလေးဆူ ဟာ ကောကုသန်ဘုရား၊ ကောဏဂုံဘုရားနဲ့ ကဿပ ဘုရား၊ ဂေါတမဘုရားတို့ပါပဲ။ အဲဒီဘုရားကြီး လေး ဆူရဲ့ ကိုယ်ပိုင် ဗိန္ဒုအက္ခရာလေးလုံးဟာ အစဉ်အ လိုက် သွားပါတယ်။

ကောကုသန်ဘုရားရဲ့ ဗိန္ဒုအက္ခရာဟာ ‘စ’၊ ကောဏဂုံဘုရားရဲ့ ဗိန္ဒုအက္ခရာဟာ ‘ဓ’၊ ကဿပ ဘုရားရဲ့ ဗိန္ဒုအက္ခရာဟာ ‘ဗ’၊ ဂေါတမဘုရားရဲ့ ဗိန္ဒုအက္ခရာဟာ ‘ဝ’ဖြစ်ပါတယ်။ ဒါကြောင့် ဂေါတမ   သာသနာအတွင်းမှာ သိမ်ဝင်ပြီး သံဃာပြုကြတဲ့ သံဃာတွေရဲ့ သင်္ကန်းစ အောက်နားစွန်းမှာ ‘ဝ’ အက္ခရာကို ရေးထိုးရတဲ့ အစဉ်အလာရှိပါတယ်။ ဒါ ကြောင့် ဒီ စ၊ ဓ၊ ဗ၊ ဝ စမကြီးလေးလုံးဟာ အလွန်အစွမ်းထက်တဲ့ သဘောရှိပါတယ်။

ဒါကြောင့် အောင်မြေမှာ ခြေစုံရပ်၊ လက်အုပ် ချီပြီး ပန်းဆွဲထိပ်မှာရှိတဲ့ စ၊ ဓ၊ ဗ၊ ဝ စမကြီးလေး လုံးအာရုံပြု၊ အောင်နိုင်စေတဲ့ ဂါထာကို သုံးခေါက် တိတိရွတ်ကြမယ်ဆိုရင် အောင်မြင်ဖို့သေချာသွားပြီ ပေါ့။ ထူးခြားတာက ရွှေတိဂုံစေတီတော်ရဲ့ ငှက်ပျော ဖူးအောက်က ပန်းဆွဲတွေဟာ စေတီတော်ရဲ့ ပတ် ပတ်လည်မှာ ရှိနေပေမယ့် စ၊ ဓ၊ ဗ၊ ဝ စမ အက္ခရာ လေးလုံးကိုတော့ အောင်မြေနဲ့တည့်တည့် ပန်းဆွဲ ထိပ်မှာပဲ စီရင်ပြုလုပ်ထားတာကို တွေ့ရတာပါပဲ။

ရှေးမင်းများ စစ်ချီတဲ့အခါ အဲဒီနေရာကနေ   အဲသလို ခြေစုံရပ်အာရုံပြုပြီး တိုင်တည်ဆုတောင်းကြ တယ်လို့ မှတ်သားဖူးပါတယ်။ တကယ်တော့ မြင့်မြတ် တဲ့ အောင်မြေနေရာမှာ ဆုတောင်းမယ်ဆိုရင်တော့ ဆုတောင်းတဲ့သူဟာ ကံငါးပါးလုံခြုံဖို့လိုပါတယ်။ ပြိုင်     ပွဲဝင်တဲ့သူတွေ၊ အားကစားသမားတွေဟာ မူးယစ် ဆေးဝါး၊ အရက် စတဲ့ကံထိုက်စေတဲ့ အရာတွေကို မသုံးစွဲ မမှီဝဲတာ အကောင်းဆုံးပါပဲ။ ကံငါးပါးလုံခြုံသူ မှန်ရင် အောင်မြင်တိုးတက်ဖို့က ရာခိုင်နှုန်းအတော် များများ သေချာနေပါပြီ။

အခုတင်ပြလိုက်တဲ့ အောင်ပွဲဆင်စေတဲ့ ဂါ ထာကို ဆိုရရွတ်ရခက်လို့ မဆိုချင် မရွက်ချင်ရင် လည်း ရပါသေးတယ်။ မြန်မာဗုဒ္ဓဘာသာလူမျိုး မှန်ရင် လူတိုင်းလိုလို အာရုံရနေကြတဲ့ သမ္ဗုဒ္ဓေဂါထာ တော်ကြီးကိုလည်း ပြိုင်ပွဲမစခင် အချိန်မှာကပ်ပြီး ရွတ်လို့ရပါတယ်။ ဘောလုံးပွဲ၊ ပြေးပွဲ၊ ပြိုင်ပွဲ အားလုံးမှာ အောင်နိုင်ချင်သူများ၊ အနီးကပ် သမ္ဗုဒ္ဓေ (၁၂)ခေါက်တိတိ ရွတ်ဆိုပူဇော်ပေးရမှာပါပဲ။

ရန်သူတွေ့မြောက် ၁၂ ခေါက် ဆိုတဲ့စာဆို အရ သမ္ဗုဒ္ဓေကို ၁၂ ကြိမ် ရွတ်ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ့် ရန်သူမဟုတ်သော်လည်း ကိုယ်တွေရဲ့ ပြိုင်ဖက်ဖြစ်နေတဲ့ တစ်ဖက်လူ တစ် ဖက်အသင်းကို အနိုင်ရဖို့ဆိုရင် သမ္ဗုဒ္ဓေ ၁၂ ခေါက် ရွတ်ပြီးမှ ယှဉ်ပြိုင်တာဟာ မမှားပါဘူး။

“ဥုံ ရာဇမဘူတာ”အစချီတဲ့ ပြိုင်ပွဲဝင် အောင်မြင်စေတဲ့ ဂါထာတွေကို ရွတ်ဆိုနိုင်ရင်လည်း ပိုကောင်းပါတယ်။ မြန်မာနိုင်ပြီဆိုတဲ့ သီချင်းသံ များများကြားရဖို့ အဓိကထားပြီး ဒီဆောင်းပါးကို လက်တို့ပြီးတော့ ပြောကြည့်ကြပါလား။

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာ အောင်မြင်စေတဲ့ ရတနာဒီပံ ရွှေ ဖယောင်းတိုင်ကိစ္စ တခြားကိစ္စများအတွက် လာရောက် ဆွေးနွေးလိုပါက တိုက်အမှတ် ၁၁၀၇၊ ယဿဝတီ ၁၈ လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉ ၄၂၀ ဝ၁၄ ၆၁၄