ဇင်ယော်နီ Zen yaw Ni

ဇင်ယော်နီ Zen yaw Ni

ရှုပ်နေတာတွေ ရှင်းပါစေ

လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေလို့ လူကြီး သူမတွေက ပြောလေ့ရှိကြပါတယ်။ အသက်တစ် ရာ မနေရတတ်ပေမယ့် အမှုတစ်ရာတော့ ကြုံရ တတ်နိုင်တယ်လို့လည်း ဆိုလေ့ရှိကြပါတယ်။
ကဲ …လတ်တလောအခြေအနေမှာ မိတ် ဆွေအနေနဲ့ ဘာအခက်အခဲပြဿနာနဲ့ ရင်ဆိုင်နေ ရပါသလဲ …။ ဖွဟဲ့ … ငွေရေးကြေးရေး၊ အလုပ်ကိစ္စ၊ ကျန်းမာရေး၊ အမှုအခင်း …စသဖြင့် ပြဿနာအခက်အခဲ တစ်ခုမဟုတ်တစ်ခုတော့ ကြုံရနေနိုင်ပါတယ်။
တကယ်လို့များ စိတ်ရှုပ်ခေါင်းစားစရာ၊ ရင်မောစရာ ပြဿနာတစ်စုံတရာ ကြုံနေပါတယ်ဆိုရင် အဲဒီပြဿနာကနေ အောင်မြင်စွာ လွတ်မြောက်ကျော်လွှားနိုင်ဖို့ ကိုယ်ကြိုးစားစရာရှိတာတွေလည်း အစွမ်း ကုန်ကြိုးစားပါ။ တစ်ဖက်တစ်လမ်းကလည်း ကျွန်တော့်ရဲ့ပညာ၊ ကျွန်တော့်ရဲ့မေတ္တာနဲ့ ပံ့ပိုးလိုက်ချင်ပါတယ်။ အောက်မှာပြောပြထားတဲ့အတိုင်း မိမိတို့နေ့သားအလိုက် ဆောင်ရွက်ခြင်းအားဖြင့် ကြုံတွေ့နေရတဲ့ အပူ သောကပြဿနာတွေကနေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း အခြေအနေကောင်းတွေ ကြုံလာနိုင်ကြ ပါစေဗျာ …။

  • တနင်္ဂနွေသားသမီးများ – အိမ်မှ တံမြက်စည်းအဟောင်းတစ်လက် စွန့်ပစ်လိုက်ပါ။
  • တနင်္လာသားသမီးများ – အိမ်မှ ဓာတ်ခဲအဟောင်းများ အမှိုက်ပုံမှာ စွန့်လိုက်ပါ။
  • အင်္ဂါသားသမီးများ – အိမ်အဝင်တံခါးကို သန့်ရှင်းရေး ပြုလုပ်လိုက်ပါ။
  • ဗုဒ္ဓဟူးသားသမီးများ – ရေသန့်တစ်ပုလင်းထဲမှာ ဆား ၃ ဇွန်းထည့်ဖျော်ပြီး ဖျန်းပက်ပါ။
  • ကြာသပတေးသားသမီးများ – မြေစလောင်းဖုံးကိုပက်လက်လှန်ပြီး ဖယောင်းတိုင်သုံးတိုင် ဆက်တိုက်ထွန်းပါ။
  • သောကြာသားသမီးများ – နွမ်ပါးသူများကို ဖိနပ်လှူပါ။
  • စနေသားသမီးများ – ကလေးများကို စာအုပ်စာတန်း ဒါနပြုပါ။

သဗ္ဗေဓမ္မာ