ဝက်နားရိုးဖုန်းရွှေအဆောင်

တရုတ်လူမျိုးများ၏ ယုံကြည်မှုအရ တရုတ် နိုင်ငံ၏ ဒေသတိုင်းလိုလိုတွင် ဝက်နားရိုးအဆောင်ကို ဆောင်ကြပါသည်။
ဝက်နားရိုးအဆောင်ဆိုသည်မှာ ဝက်၏ နား ရွက်ထဲတွင်ရှိသော ဝက်နားရိုးကိုယူပြီး အနီရောင် ကြိုးလေးဖြင့် ကြိုးကျစ်ပြီး ဝတ်ဆင်ရသော အဆောင် ဖြစ်ပါသည်။

ဤဝက်နားရိုးအဆောင်သည် မကောင်း ဆိုးဝါး ကြောက်သော အဆောင်ဖြစ်ပါသည်။
တရုတ်ပြည်တွင် ကလေးများ၏ လက်၊ ခြေထောက်တို့တွင် ဝတ်ဆင်ပေးထားတတ်သည်ကို တွေ့ရသည်။
ကလေးများကို ဝတ်ဆင်ပေးမည်ဆိုပါက နှစ်လခွဲအရွယ်မှစ၍ ဝတ်ဆင်ပေးနိုင်ပါသည်။
ဤဝက်နားရိုးအဆောင်ကို ဝတ်ဆင်ထားပါ က မကောင်းဆိုးဝါးများ မိမိအနား မကပ်ရဲကြဘဲ ကြောက်လန့်ကာ ထွက်ပြေးကြသည်ဟု သိရပါ သည်။

နေ့ခင်းဘက်တွင် လန့်တတ်သော ကလေး၊ ညတွင်အငိုမရပ်သော ကလေးများကို ဤဝက်နားရိုး အဆောင် ဝတ်ပေးလိုက်ပါက ကလေးများသည် မလန့်တော့ဘဲ အငိုလည်း ရပ်သွားသည်ဟု သိရပါ သည်။
ဤဝက်နားရိုးအဆောင်ကို ကလေးများရော လူကြီးများပါ အဆောင်အဖြစ် ဝတ်ဆင်နိုင်ပါသည်။
တရုတ်ပြည်တွင် ဤဝက်နားရိုး အဆောင် တစ်ခု၏ ရောင်းဈေးမှာ မြန်မာငွေဖြင့် တွက်ပါက သုံးထောင်၊ ငါးထောင်ခန့် ရှိပါသည်။

ယမုံအေး(စမ်းချောင်း)