သိထားသင့်တဲ့ ပယောဂစက်ရဲ့ သဘောသဘာဝ

ပညာစက် အတိုက်တစ်ခုက လူတစ်ယောက်ကို ချော်လဲအောင်၊ အမြင့် တစ်နေရာက ပြုတ်ကျအောင် လုပ်လိုက်တယ်ဆိုပါစို့။

ပယောဂတစ်ခုရဲ့ သဘောသဘာဝကို စာဖတ်သူတွေ သိထားဖို့ ရေးသားတင်ပြလိုက်ပါတယ်။ ဘာလို့သိသင့်သလဲဆိုတော့ ပယောဂလို့ ဆိုလိုက်တာနဲ့ ယနေ့ခေတ်မီနေပါတယ်ဆိုတဲ့ လူတန်းစာတစ်ရပ်က ဟာ… မဖြစ်နိုင်ပါဘူးကွာလို့ ဦးဆုံးရှောင်ဖယ်စကား ပြောတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သဘောသဘာဝက ပယောဂဆိုတဲ့ ရှေးဟောင်းပညာရပ်အပေါ်မှာ လက်မခံလိုသူတွေရယ်… တချို့လက်ခံပေမယ့် လူသိမခံချင်သူတွေရယ် ရှိတတ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် လက်မခံလိုသူတွေဘက်က အယူအဆအရတော့ ခေတ်မီတိုးတက်နေတဲ့ အိုင်တီခေတ်ကြီးမှာ ဒီလိုခေတ်နောက်ကျနေတယ်လို့ သူတို့ယူဆတဲ့ ဒီလိုပညာမျိုးကို လက်မခံလိုကြပါဘူး။ နောက်တစ်မျိုးကတော့ သူတို့ဘက်က ဘယ်လောက်ပဲ ခေတ်မီနေပါစေ… ဒီလို ပညာမျိုးကို လက်ခံကြ၊ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ယုံကြည်မှုကိုတော့ သူများ မသိစေချင်ကြပါဘူး။

ဘာပဲဖြစ်ဖြစ် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပယောဂ ပညာစက်ရဲ့ သဘောသဘာဝကိုတော့ သိထားသင့်တယ်ထင်လို့ ရေးဖြစ်လိုက်တာပါ။ အကြောင်း တိုက်ဆိုင်တာလည်း ပါပါတယ်။

တိုက်ဆိုင်လိုက်ရတဲ့ အကြောင်းကတော့ တစ်နေ့ အမျိုးသားတစ်ယောက် ရောက်လာပြီး သူ့အစ်မ ဆေးရုံပေါ်မှာ အခြေအနေမကောင်းလို့ စစ်ဆေးပေးပါဆိုပြီး ပြောလာတာပါ။ စစ်ဆေးကြည့်လိုက်တော့ သိုက်ဆက်တွေ့ရပြီး သိုက်နန်းရှင် ခေါ် တွေ့၊ သိုက်နဲ့ လိုအပ်တာတွေ ညှိနှိုင်းလိုက်တဲ့အခါ တော်တော် အဆင်ပြေသွားပါတယ်။ နောက်တစ်ပတ်လောက်အကြာမှာ သိုက်ပွဲလှူဖို့ဆိုပြီး အမျိုးသမီးကိုယ်တိုင် ရောက်လာပါတယ်။ ရောဂါကတော့ ပျောက်မသွားပေမယ့် တော်တော် အခြေအနေကောင်းသွားပါတယ်။ အမှန်ကတော့ ရောဂါမသည်းခင်မှာ လာရောက် စစ်ဆေးလိုက်နိုင်တာကြောင့် ရောဂါကိုပိုလေးစေတဲ့ သိုက်ဆက်(တနည်း)ပယောဂစက်ကို ဖြေရှင်းပေးလိုက်လို့ အဆင်ပြေသွားတာပါ။

နောက်တစ်ဦးကတော့ ဧရာဝတီတိုင်းဒေသကြီးဘက်ကပါ။ မိန်းကလေးက ရင်သားမှာ အကျိတ်ပေါက်လာလို့ စစ်ဆေးဖို့ရာမှာ ဦးဆုံး မစစ်သေးဘဲ သူ့မှာဖြစ်တာ ပယောဂများလားလို့ လာရောက် စစ်ဆေးမှုခံယူခြင်း ဖြစ်ပါတယ်။

သူမကို စစ်ဆေးကြည့်လိုက်တော့လည်း သူများအတိုက်ကို တွေ့ရပါတယ်။ တစ်ခြံတည်း အတူနေတဲ့ ညီမဖြစ်သူရဲ့ ယောကျာ်းက အမွေခွဲပေးရမှာ စိုးလို့ လုပ်ထားတာပါ။ အောက်လမ်းဆရာကိုခေါ်ပြီး လုပ်ထားသမျှကို မေးတော့လည်း ကျန်းမာရေး မကောင်းဖြစ်အောင်၊ အိပ်ရာဖျာကပ်လဲအောင် လုပ်ထားတာလို့ သိလိုက်ရပါတယ်။ ပညာစက် ရှင်းခိုင်းပြီး ထွက်ခိုင်းလိုက်ပါတယ်။ ဘုရားကန်တော့ပြီး မထွက်ခင်မှာ ပညာသည် ပြောသွားတာက “သူ့ကို အိပ်ရာဖျာကပ်ဖြစ်ပြီး သေအောင် လုပ်ထားတာပါ… ဆရာဦးသွားလို့ပါ”တဲ့။

အခု ဒီနေ့ ရောက်လာတဲ့ တစ်ယောက်ကတော့ ဆေးရုံပေါ်မှာ အိပ်ရာဖျာကပ်ဖြစ်နေပြီ။ ရောဂါရှာလို့လည်း အဖြေက မသေချာသေးဘူး။ ဒီတော့ မိန်းမက ဆေးရုံမှာ သားနဲ့ ပစ်ထားခဲ့ပြီး ကမန်းကတန်း ရောက်လာတာပါ။ စစ်ဆေးကြည့်လိုက်တော့ ပညာစက်တွေ့ရပါတယ်။ ပညာသည်က အောက်လမ်းဆရာမ တစ်ယောက်ပါ။ ပြောရရင် သူရောက်လာတာ အချိန်တော်တော်လေး နောက်ကျပါတယ်။

“ဆရာရယ် ကျွန်မ လွန်ခဲ့တဲ့ ခုနစ်လလောက်ကတည်းက ဆရာ့ဆီလာဖို့ ကြိုးစားနေတာပါ… ဒါပေမဲ့ ဘယ်လိုမှ ခြေဦးလှည့်လို့ မရတာနဲ့ ရောက်မလာဖြစ်တာပါ။ ခုတော့ သူလည်း ဆေးရုံပေါ်ရောက်၊ စကားတွေကလည်း ကမောက်ကမတွေပြော၊ သုံးရက်လောက် သတိမေ့နေပြန်တော့ သွားမှဖြစ်မယ်လို့ တွေးလိုက်မိတာပါ… ကျွန်မ ယောကျာ်းကိုယ်တိုင်ကလည်း နင်သွားလိုက်ပါ ဆိုတာနဲ့ ကမန်းကတန်း ထွက်လာခဲ့တာပါ”

ပညာသည်ကိုခေါ်စစ်လိုက်တော့ ထုံးစံအတိုင်းပါပဲ။ ဒီလူနာနဲ့ပတ်သက်ခဲ့ဖူးတဲ့ မိန်းကလေးက သူမကို ပစ်ထားခဲ့တာကြောင့် မကျေနပ်လို့ လုပ်လိုက်တာပါ။ အောင့်တဲ့ ဝေဒနာ ခံစားရမယ်၊ မစားနိုင် မသောက်နိုင်ဖြစ်စေရမယ်ဆိုပြီး လုပ်ထားတာပါ။ ဒါပေမဲ့ လူနာခံစားနေရတာကတော့ ဒီထက်မကပါဘူး။

ပယောဂပညာစက်ရဲ့ သဘောသဘာဝကို ခုမှ စပြောမှာပါ။ ပညာသည်ဟာ လူတစ်ယောက်ကို ကျန်းမာရေးအရ အိပ်ရာဖျာကပ်ဖြစ်အောင် အိပ်ရာထဲလဲအောင် လုပ်တော့မယ်ဆိုရင် သူတို့သုံးလေ့ရှိတဲ့ အောက်လမ်းပညာ၊ အောက်လမ်းစက်နဲ့ စတင် တိုက်ခိုက်ပါတယ်။ ဥပမာ – မောင်ဖြူကို တိုက်ခိုက်တယ်ဆိုပါတော့… မောင်ဖြူကို စတင်တိုက်ခိုက်ချိန်မှာ ပထမဆုံး မောင်ဖြူ ဘုန်းကံကျအောင် အရင်လုပ်ရပါတယ်။ ဘုန်းကံကျသွားပြီဆိုမှ သူတို့ သုံးလေ့ရှိတဲ့ ဘီလူး၊ သရဲ၊ အစိမ်းကို အတိုက်အဖြစ်လွှတ်ပါတယ်။ ဘုန်းကံနည်း သွားသူ ဖြစ်နေလေ ဘီလူးသရဲရဲ့ အသံပေးတာ၊ အမြင်ပြတာတွေကို မြင်လာ၊ ကြားလာတာကြောင့် စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာရပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြုတ်ကျသွားပြီး အိပ်မပျော်တာ၊ စားမဝင်တာတွေ ဖြစ်လာတတ်ပါတယ်။ မကြာခင်မှာ ကယောင်ကတန်းတွေဖြစ်ရပြီး ရောဂါတစ်ခု ကပ်ရောက်လာပါတော့တယ်။ ဘယ်လို ရောဂါမျိုးပဲဖြစ်ဖြစ် ဆေးရုံ၊ ဆေးခန်းတွေမှာ ရောဂါရှာလို့ မတွေ့တာမျိုး၊ ကုသဖို့ ခက်ခဲတာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။
လူနာဟာ ရောဂါကြောင့် ခံစားနေရပြီး အိပ်ရာထဲလဲပြီးတဲ့နောက် အကြောင်းကြောင်းကြောင့် တခြားရောဂါတွေ ဝင်ရောက်လာတာမျိုးဖြစ်လာပြီဆိုရင် ပယောဂစက်က သူ့အလုပ်သူ ဆက်မလုပ်တော့ဘဲ လူနာဟာရောဂါကိုသာ ဆက်လက်ခံစား သွားရပါတော့တယ်။

ပညာစက် အတိုက်တစ်ခုက လူတစ်ယောက်ကို ချော်လဲအောင်၊ အမြင့် တစ်နေရာက ပြုတ်ကျအောင် လုပ်လိုက်တယ်ဆိုပါစို့။ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးပေမယ့် ကုသမှုအတိုင်း ဆက်လက်ကုသပါတယ်။ လက်ကျိုးတာ၊ ခြေကျိုးတာ စသဖြင့် ဖြစ်တာမျိုး ဖြစ်သွားခဲ့ပြီးမှ ပယောဂ စစ်ဆေးဖို့ ရောက်လာရင် ပယောဂစက်ကို ကုသလို့ပျောက်ကင်းပေမယ့် လက်ကျိုးတာ၊ ခြေကျိုးတာတွေကတော့ ပြန်မကောင်းနိုင်တော့ပါဘူး။

ဒါကြောင့် မိမိ တစ်ခုခုဖြစ်လာရင်၊ ထူးခြားနေတယ်ဆိုရင် ပယောဂစက်ကို အရင် စစ်ဆေးကြည့်သင့်ပါတယ်။ နောက်ကျသွားမှဆို ပုံမှန်ရောဂါထဲ ရောက်သွားမှာပါ။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊

ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇