၁၃၈၁ ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ခေါင်းဆေးမင်္ဂလာပြုလုပ်ရန် မင်္ဂလာအခါနာရီ

၁၃၈၁ ခု၊ မြန်မာနှစ်ဆန်းတစ်ရက်၊ ၁၇-၄-၂၀၁၉ ရက်တွင် အတိတ်ကောင်းနိမိတ်ကောင်းယူ၍ ခေါင်းဆေးမင်္ဂလာပြုလိုကြကုန်သော ခုနစ်ရက်သားသမီးအပေါင်းတို့အနေနှင့် ဖော်ပြထားသည့် အစီ အစဉ်များအတိုင်း နှစ်ဆန်းတစ်ရက်နေ့ နံနက်စောစောတွင် ဆောင်ရွက်နိုင်ကြပါသည်။ အချိန်နာရီ အတိအကျ ဆောင်ရွက်လိုပါသော် ဇယားပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

 

ခေါင်းဆေးမင်္ဂလာပြုလုပ်ရန် အစီအစဉ်

တနင်္ဂနွေသားသမီးများသည် အနောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ရွက်လှ(၄)ညွန့်၊ ဘယ်ခြေဖြင့် ဆီးညွန့်(၃)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ မေမြို့(၅)ပွင့်၊ ကံ့ကော်(၂)ညွန့်၊ သပြေ(၆)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အနောက်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို တောင်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၆)တိုင်၊ ဖယောင်းတိုင်(၆)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။

တနင်္လာသားသမီးများသည် မြောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် မြေစာ(၅)ညွန့်၊ ဘယ်ခြေဖြင့် ရွက်လှ(၄)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ သပြေ(၆)ညွန့်၊ စံပယ်(၃)ကုံး၊ နှင်းဆီ(၇)ပွင့်ကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး မြောက်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အနောက်တောင်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၁၅)တိုင်၊ ဖယောင်းတိုင်(၁၅)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။

အင်္ဂါသားသမီးများသည် အနောက်တောင်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် သရက်(၆)ညွန့်၊ ဘယ်ခြေဖြင့် မြေစာ(၅)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ နှင်းဆီ(၇)ပွင့်၊ ရွက်လှ(၄)ညွန့်၊ အုန်း(၁)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အနောက်တောင်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အနောက်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၈)တိုင်၊ ဖယောင်းတိုင်(၈)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။

ဗုဒ္ဓဟူးသားသမီးများသည် အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ဒန်း(၇)ညွန့်၊ ဘယ်ခြေဖြင့် သရက်(၆)ညွန့် ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ အုန်း(၁)ညွန့်၊ ကံ့ကော်(၂)ညွန့်၊ မေမြို့ပန်း(၅)ပွင့်ကို ထည့်ပြီး အမြင့်တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အရှေ့မြောက်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အနောက်မြောက်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၁၇)တိုင်၊ ဖယောင်းတိုင်(၁၇)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။

ကြာသပတေးသားသမီးများသည် အရှေ့အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် အုန်း(၁)ညွန့်၊ ဘယ်ခြေဖြင့် ဒန်း(၇)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ ကံ့ကော်(၂)ညွန့်၊ သပြေ(၆)ညွန့်၊ စံပယ်(၃)ကုံးကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အရှေ့အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အရှေ့မြောက်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၁၉)တိုင်၊ ဖယောင်းတိုင်(၁၉)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။

သောကြာသားသမီးများသည် အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ကံ့ကော်(၂)ညွန့်၊ ဘယ်ခြေဖြင့် အုန်း (၁)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ စံပယ်(၃)ကုံး၊ နှင်းဆီ(၇)ပွင့်၊ ရွက်လှ(၄)ညွန့်ကို ထည့် ပြီး အမြင့်တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အရှေ့တောင်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အရှေ့တောင်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၂၁)တိုင်၊ ဖယောင်းတိုင်(၂၁)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။

စနေသားသမီးများသည် တောင်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ဆီး(၃)ညွန့်၊ ဘယ်ခြေဖြင့် ကံ့ကော်(၂)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ ရွက်လှ(၄)ညွန့်၊ အုန်း(၁)ညွန့်၊ မေမြို့(၅)ပွင့်ကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး တောင်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို မြောက်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၁၀)တိုင်၊ ဖယောင်းတိုင်(၁၀)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။