ရှင်သီဝလိဂါထာတော် ၂ မျိုး

ဗုဒ္ဓမြတ်စွာဘုရားရှင် ထင်ရှား ရှိခဲ့စဉ်ကပင် ဖြစ်ပါတယ်။ မြတ်စွာဘုရား၏ ဆွေတော် မျိုးတော် ဖြစ်သော ကောလိယ သာကီဝင် မင်းသားနှင့် သုပ္ပဝါသာ သာကီဝင် မင်းသမီးတို့ဟာ ရှင်သီဝလိ မထေရ်မြတ်၏ ခမည်းတော်နှင့် မယ်တော် မိဘ နှစ်ပါး ဖြစ်ပါတယ်။

ရှင်သီဝလိ မထေရ်မြတ်အလောင်း သန္ဓေ တော် ခယနေစဉ်မှာပင် ပစ္စည်းဘဏ္ဍာ ရတနာ ဆက်သကြသူများပြားလျက် လာဘ်ရွှင်ခြင်း၏ အစ နိမိတ်ပြခဲ့ပါတယ်။

ပစ္စည်းဥစ္စာ ရတနာ ဘဏ္ဍာတိုက်တွင်းမှ ထုတ်ယူ သုံးစွဲသော်လည်း ပြည့်မြဲ ပြည့်လျက်သာ။ ကုန်ခန်းသွားသည် မရှိ။ လာဘ်လာဘ ပြည့်ဝခြင်းဖြင့် ကောင်းခြင်းများစွာ အကျိုးပြုခဲ့လေ၏။

သို့သော် ၁၀ လနှင့်လည်း မဖွား။ လ ၂၀ နှင့်လည်း မဖွားဘဲ သမားတော်ကြီးများပင် ညာဏ်မြင် သမျှ ရောဂါရှာကြသော်လည်း ရောဂါ မတွေ့ ဝေဒနာ မရှိ ခုနစ်နှစ်တိတိ ကြာခဲ့ပါတယ်။ ထို ခုနစ် နှစ်မှ လွန်မြောက် ခုနစ်လ ရောက်သောအခါမှာမူ သုပ္ပဝါသာ မင်းသမီးမှာ ကမ္မဇလေ လှုပ်ရှားပြီး တအားပင်ဗိုက်နာ၍ လာသော်ငြား မွေးဖွားမည့်ပုံ မပေါ်။ အချီတော်၊ အချော့တော် နန်းတော်မှာ ခစား ကြကုန်သော သမားအကျော်နှင့်တကွ လက်သည် တော် မောင်းမများ ပြုစုကြငြားသော်လည်း ထူး၍ သက်သာဖြစ်မလာဘဲ နာမြဲနာနေရာ ခုနစ်ရက် ပြည့် သည့်နေ့၌ မအောင့်နိုင်ဘဲ ကောလိယမင်းသားကို မြတ်စွာဘုရားထံ စေလွှတ်၍ ဝေဒနာကို ကယ်မ တော်မူပါရန် လျှောက်တင်ခိုင်းခဲ့ပါတယ်။

ကောလိယ မင်းသားလည်း မြတ်စွာဘုရား၏ နှမတော်သော သုပ္ပဝါသာ မင်းသမီး၏ အဖြစ်ကို သွားရောက် လျှောက်ထားရာ –

‘သုပ္ပဝါသာသည် သားရတနာကို ချမ်းသာစွာ ဖွားမြင်လိမ့်မည်’ဟု အမိန့်တော် ရှိလိုက်ရာ ကော လိယမင်းသား အိမ်တော်ပြန်ရောက်သောအခါ သုပ္ပဝါသာဟာ သားရတနာကို ဖွားမြင်ပြီး ဖြစ်နေ သည်ကို ဝမ်းမြောက်စွာ တွေ့ရလေတော့သည်။

မြတ်စွာဘုရားက ချမ်းသာစွာ မွေးဖွားလိမ့် မည်ဟု ပြောသောစကားအရ ‘သီဝလိ’ဟူသော အမည်ကို ပေးလိုက်ကြပါတယ်။ အမိဝမ်းတွင်းမှာ ခုနစ်နှစ် ခုနစ်လ¿ခုနစ်ရက်တိတိ နေခဲ့ရသော သီဝလိ သတို့သားမှာ မွေးဖွား သန့်စင်သည်နှင့် တစ်ပြိုင်နက် ခုနစ်နှစ်အရွယ်ပမာဏ ရုတ်တရက် ပြောင်းလဲခဲ့ သည်ဖြစ်ရာ သိတတ်¿ ရှက်တတ်သော အရွယ်တော် သို့ ရောက်ရှိလာခဲ့ပါတယ်။

မီးဖွားသန့်စင်ပြီး ခုနစ်ရက် ကျော်လွန်သော အခါ မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား အိမ် တော်သို့ ပင့်ဖိတ်ပြီး သီဝလိ ကလေးအတွက် ဆွမ်း ကပ်လှူဒါန်းကြသည်။ ထိုဆွမ်းကပ်လှူပွဲတွင် ရှင် သာရိပုတ္တရာက အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရခြင်း ဒုက္ခကို သိပါလျှင် တရားချမ်းသာရရန် ရဟန်းပြု သင့်ကြောင်း တရားဟောလေရာ သီဝလိ သတို့ သားမှာ မိဘနှစ်ပါးထံ ခွင့်ပန်၍ သာသနာ့အမွေ ခံယူလေတော့သည်။

ရှင်သာရိပုတ္တရာသည် သီဝလိ သတို့သား လေးကို တစပဉ္စက ကမ္မဋ္ဌာန်းပေး၍ ဆင်ခြင်စေကာ ဆံချပေးလေရာ ဆံချပြီးသည်နှင့် တစ်ပြိုင်နက် အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သွားလေတော့ သည်။

လှူဒါန်းသူ ပေါများလှ၍ လာဘ်လာ ရွှင်လန်းသဖြင့် ဧတဒဂ်ရ မဟာသာဝက အပါအဝင် ‘လာဘ်လာဘ ဧတဒဂ်ရ – ရှင်သီဝလိ’ဟု မြတ်စွာ ဘုရားက အသိအမှတ်ပြု မိန့်တော်မူသည်ကစ၍  ‘ရှင်သီဝလိ ပရိတ်ဂါထာ မန္တန်တော်’ဟု ဖြစ်ပေါ် ရွတ်ဆိုပွားများခဲ့ကြပါတယ်။ အောက်မှာ ရှင် သီဝလိဂါထာ နှစ်ပုဒ်အား ထည့်ပေးလိုက်ရပါတယ်။ အခြား ရှင်သီဝလိစက်ပရိတ်နှင့် အခြား လောကီ ဂါထာမန္တန်များလည်း ရှိပါသေးတယ်။ အဆင်သင့် ချိန်တွင် ဖော်ပြပေးပါမယ်။

(၁) ရှင်သီဝလိ (၁၀) ဂါထာ

၁။ သီဝလီ စ မဟာနာမံ သဗ္ဗလာဘံ ဘဝိဿတိ။ ထေရဿ အာနုဘာဝေန သဗ္ဗေ ဟောန္တု ပိယံ မမ။

အနက်။ ။ ရှင်သီဝလိဟု အမည်ကျော် လတ် မထေရ်မြတ်သည် မဟာနာမော  ဘုရားမြတ်စွာ ဧတဒဂ်ထားသည့် ကြီးမားထင်ပေါ် အမည်တော် ရှိတော်မူ၏။ ဗြဟ္မာယ နတ်ယ လူ သုံးဘုံ သူတို့ ကြည်ဖြူဆက်ကပ် အလုံးစုံသော လာဘ်ဟူသမျှ သည် ဧကန်စင်စစ် ဖြစ်ပေလိမ့်သတည်း။ ရှင် သီဝလိဟု အမည်ကျော်လတ် မထေရ်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် သဗ္ဗေ ခပ်သိမ်း အလုံးစုံသော သူတို့သည် အကျွန်ုပ်အား မေတ္တာသက်ဝင် ချစ်ခင်ခြင်းသည် ဖြစ်ကြပါစေကုန်သတည်း။

၂။ သီဝလိ စ မဟာဝီရော ယေ ယေ ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု ပရမံ ဇနပဒါ ပူဇယန္တု။

အနက်။ ။ ရှင်သီဝလိ မထေရ်မြတ် သည် ကိလေသာရန် ပယ်လှန် ခုတ်သတ် ကြီးမြတ်သော လုံ့လရှိတော်မူ၏။ ရှင်သီဝလိမထေရ်မြတ်၏ အာနုဘာေ၀ တန်ခိုးရှိန်ဇော် အာနုဘော်တော်ကြောင့် အကြင်အကြင် လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် လောကတစ်ခွင် မြေအပြင်ဝယ် အမြင်အကြား အားဖြင့် အထင်အရှား ရှိကြကုန်၏။ ထိုသို့သော လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် အကျွန်ုပ်ကို မေတ္တာသက်ဝင် ချစ်ခင်အပ်သောသူဟူ၍ ကြည့်ရှုကြပါစေ ကုန်သတည်း။ တရားဆည်းကပ် မြတ်သောသူဟူ၍ ကြည့်ရှုကြပါစေကုန်သတည်း။

ဇနပုဒ်တိုင်းသား လူအများတို့သည် ပူဇော် ချီးမြှောက် လွန်ဝမ်းမြောက်၍ ထောက်ပံ့ကြစေကုန်သတည်း။

၃။ သီဝလိ နာမ ထေရေန မမသီသေ ဌပေတွာန ဇမ္ဗူဒီပ မဏ္ဍလေန ဇယောမန္တာ သုခါဝဟံ။

အနက်။ ။ ရှင်သီဝလိဟု အမည်ရှိ သော မထေရ်မြတ်သည် အကျွန်ုပ်၏ ဦးခေါင်း ရတနာ မြတ်အင်္ဂါ၌ ကိန်းဝပ်စံပယ် တင့်တယ်စွာ တည်နေတော်မူ၍ လေးကျွန်းထိပ်တင် ဇမ္ဗူဒိပ်ကျွန်း တစ်ခွင်၌ဖြစ်သော အောင်ကြောင်း မင်္ဂလာ အဖြာဖြာ သည်လည်းကောင်း အောင်ကြောင်းမန္တန် အတန် တန်သည်လည်းကောင်း ချမ်းသာတိုးပွား အကျိုး များအောင် ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။

၄။ သီဝလိ စ မဟာနာမံ ဣန္ဒာဒေဝါ သဗြဟ္မကာ။ မနုဿ ပုရိသော ဣတ္ထိ မဟာလာဘံ ဘဝိဿတိ။

အနက်။ ။ ရှင်သီဝလိ မထေရ်မြတ် သည် ဧတဒဂ်ဘွဲ့ထူးဖြင့်  ချီးကျူးမြောက်စား၍ ကြီးမားသော အမည်လည်း ရှိတော်မူ၏။ မထေရ် မြတ်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် ဗြဟ္မာနှင့်တကွ ဖြစ်ကုန်သော သိကြားတို့သည် လည်းကောင်း၊ လူယောကျ်ားသည်လည်းကောင်း၊ လူမိန်းမသည်လည်းကောင်း မြင့်မြတ်ကြီးမား လာဘ်ပေါများသည် ဧကန်စင်စစ် ဖြစ်ပေလိမ့်သတည်း။

၅။ သီဝလိ စ မဟာလာဘံ နာနာဒေဟိ ဝရံ ဝရံ။ ဣဒမ္ပိ ပူဇာတံ ဒေတိ မဟာသုခံ ဘဝိဿတိ။

အနက်။ ။ သီဝလိစ ရှင်သီဝလိဟု အမည်ရှိသော မထေရ်မြတ်သည် မြင့်မြတ် ကြီးမား လာဘ်ပေါများတော်မူ၏။ ထူးထူးချွန်ချွန် မွန်မွန် မြတ်မြတ် တောင့်တအပ်ကြောင်း ဆုအပေါင်းကို ပေးသနားတော်မူ၏။ ဤသို့ကော်ရော် ပူဇော်အပ် သည်ကိုလည်း ပေးသနားတော်မူနိုင်၏။

ရှင်သီဝလိမထေရ်မြတ်၏ အာနုဘာဝေန တန်ခိုးရှိန်ဇော် အာနုဘော်တော်ကြောင့် အကျွနု်ပ် အား ကြီးကျယ်လွန်စွာ မြတ်ချမ်းသာသည် ဧကန် စင်စစ် ဖြစ်ပေလိမ့်သတည်း။

၆။ ဝဏ္ဏံ ဒန္တံ သုခံ ကိတ္တိ အနာမယံ ဘေ၀ ဘဝေ။ တဝရုက္ခေ ဒေဝဓိတာ သဗ္ဗကောဓံ ဝိနဿန္တု။

အနက်။ ။ ရှင်သီဝလိဟု အမည်ရှိ သော မထေရ်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော် တော်ကြောင့် ဘဝတိုင်း ဘဝတိုင်း ရူပကာယ အဆင်းလှပခြင်းသည်လည်းကောင်း၊ ယဉ်ကျေး မယွင်း သိမ်မွေ့ခြင်းသည်လည်းကောင်း၊ လူတွင် အထူး ကျေးဇူးသတင်း ကျော်ဇောခြင်းသည် လည်းကောင်း၊ ကိုးဆယ့်ခြောက်ဖြာ ရောဂါ မချဉ်း အနာကင်းခြင်းသည်လည်းကောင်း ဧကန်စင်စစ် ဖြစ် ပါစေသတည်း။ ရှင်သီဝလိ ကိုယ်တော်တည်း ဟူ သော မြတ်သစ်ပင်ကြီး၌ မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန် တည်း ဟူသော သူရဿတီ သုန္ဒရီနှင့် သီရိမေခလာ နတ်ကညာတို့သည် ခပ်သိမ်း အလုံးစုံကုန်သော သူတို့၏ စိတ်ယုတ် စိတ်ဆိုး အမျက် ဒေါသမျိုးကို ကင်းစင် လွင့်ပျောက် အဖြစ်ရောက်အောင် ဖျောက် ဖျက်နိုင်ကြပါစေကုန်သတည်း။

၇။ သီဝလိ စ မဟာလာဘံ သဗ္ဗလာဘံ ဘဝိဿတ ထေရဿ အာနုဘာဝေန သဒါ ဟောတု ပိယံ မမ။

အနက်။ ။ ရှင်သီဝလိ မထေရ်မြတ် သည် မြင့်မြတ် ကြီးမားတော်မူ၏။ သုံးဘုံလူတို့  ကြည်ဖြူ ဆက်ကပ် လာဘ်ဟူသမျှသည် ဧကန် စင်စစ် ဖြစ်ပေလိမ့်သတည်း။ ရှင်သီဝလိ မထေရ် မြတ်၏ တန်ခိုးရှိန်ဇော် အာနုဘော်တော်ကြောင့် အကျွနု်ပ်အား ခပ်သိမ်းအလုံးစုံသော သူတို့သည် အခါခပ်သိမ်း မေတ္တာသက်ဝင် လွန်ချစ်ခင်သည် ဧကန်စင်စစ် ဖြစ်ပါစေကုန်သတည်း။

၈။ သီဝလိ စ မဟာထေရော ယေ ယေ ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု ပိယံ ဇနပ္ပဒံ ပူဇယန္တု။

အနက်။ ။ ရှင်သီဝလိမထေရ်မြတ်၏ အာနုဘာဝေန တန်ခိုးရှိန်စော် အာနုဘော်တော် ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် လောက တစ်ခွင် မြေအပြင်ဝယ် အမြင်အကြားအားဖြင့် အထင်အရှား ရှိကြကုန်၏။ ထိုထို လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် အကျွနု်ပ်ကို မေတ္တာသက်ဝင် ချစ် ခင်အပ်သောသူဟူ၍ ကြည့်ရှုကြပါစေကုန်သတည်း။ အကျွန်ုပ်၏ ချစ်အပ်သော မိဘ ဆရာ ညာတကာ စသည်ကိုလည်း မေတ္တာသက်ဝင် ချစ်ခင်တတ်သော သူဟူ၍ ကြည့်ရှုကြပါစေကုန်သတည်း။ ဇနပုဒ်တိုင်းသား လူအများတို့သည် ပူဇော်ချီးမြှောက် လွန်ဝမ်း မြောက်၍ ထောက်ပံ့ကြပါစေကုန်သတည်း။

၉။ သီဝလိ စ မဟာထေရော မမ သီသေ ဌပေတွာန။ မန္တိတေဇ ဇယောမန္တံ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

အနက်။ ။ ရှင်သီဝလိ မထေရ်မြတ် သည် အကျွန်ုပ်၏ ဦးခေါင်း ရတနာ မြတ်အင်္ဂါ၌ ကိန်းဝပ်စံပယ် တင့်တယ်စွာ နေတော်မူ၏။ ရှင် သီဝလိဂါထာ မြတ်မန္တန်ကို ရွတ်ဖတ် သရဇ္ဈာယ်သော အကျွန်ုပ်အား အမြဲမပြတ် ရွတ်ဖတ်ခြင်းကြောင့် အောင်ကြောင်းမင်္ဂလာ အဖြာဖြာသည် ဧကန်စင်စစ် ဖြစ်ပါစေသတည်း။

ထိုရှင်သီဝလိ မထေရ်မြတ်ကို အခါခပ်သိမ်း သဒ္ဓါရိုကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

၁၀။ သီဝလိ စ မဟာထေရော ဒေဝမနုဿ ပူဇိတော။ သောရဟော ပစ္စယာဒီနံ မဟာလာဘံ ကရောတု မေ။

အနက်။ ။ ဗြဟ္မာ နတ် လူ သုံးဘုံသူ တို့သည် ကြည်ဖြူကော်ရော် ပူဇော်အပ်တော်မူသော ရှင်သီဝလိ မထေရ်မြတ်သည် သဒ္ဓါရွှင်လန်း လှူဒါန်း ဆက်ကပ် အရပ်ရပ်သော ပစ္စည်းတို့ကို ခံယူသုံး ဆောင်ခြင်းငှာ ထိုက်တော်မူ၏။ ထိုရှင်သီဝလိ မထေရ်မြတ်သည် အကျွန်ုပ်အား စည်းစိမ်ဥစ္စာ ရတနာ ရွှေ ငွေ အထွေထွေအ၀၀  မွန်မြတ်လှသည့် လာဘ်လာဘများ ရခြင်းကို မုချမသွေ ပြုလုပ်တော်မူပါစေသတည်း။

လင်းညို့တာရာ