တောင်းလျှင်လည်း မုန်း၊ မပေးမုန်း၊ နောက်ဆုံး မိတ်ဆွေပျက်

လွန်လေပြီးသောအခါက ဗာရာ ဏသီပြည်ရှိ တစ်ခုသော ရွာတွင် အ လောင်းတော်သည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်မှာ အဋ္ဌိသေန သတို့သား ဖြစ်ပါ သည်။

အလောင်းတော် အဋ္ဌိသေနသတို့ သားသည် အရွယ်ရောက်လာသောအခါ တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ် ပညာတို့ကို သင်ယူတတ် မြောက်ခဲ့ပြီး နောက် လူ့ဘောင်ကို စွန့်ခွာ၍ ရသေ့ ရဟန်းပြုကာ ဟိမဝန္တာတောတွင် ဈာန် အဘိညာဉ် သမာပတ်တို့ဖြင့် တည်ရှိနေ ၏။

အချိန်ကြာမြင့်လာသောအခါ ချဉ် ဆားမှီဝဲလို၍ ဟိမဝန္တာမှ ဗာရာဏသီသို့ ထွက်လာခဲ့ပြီး ဆွမ်းခံသွားစဉ် မင်းရင်ပြင် ရှေ့သို့ ရောက်ရှိခဲ့ပါသည်။

ဗာရာဏသီမင်းသည် အလောင်း တော်၏ အကျင့် ဣရိယာပုတ်တို့အား ကြည်ညို၍ နန်းတွင်း ပြာသာဒ်သို့ ပင့် ဖိတ်ပါသည်။

ထို့နောက် အလောင်းတော်အား မြင့်မြတ်သော နေရာထိုင်ခင်းတွင် နေရာ ပေး၍ မွန်မြတ်သော ဆွမ်းဘောဇဉ် ခဲ ဖွယ်တို့ကို ဆက်ကပ်လှူဒါန်းပါသည်။ ဆွမ်းကိစ္စပြီးသောအခါ  အလောင်းတော် ရသေ့မှ ချီးမြင့်သော တရားကို နာကြား ပါသည်။

မင်းသည် အလောင်းတော်အား ကြည်ညိုခြင်းကြီးစွာဖြစ်၍ မင်းဥယျာဉ်၌ အမြဲနေစေရန် လျှောက်ထားပါသည်။ အ လောင်းတော်မှလည်း နှစ်သက်၍ မင်းဥ ယျာဉ်၌ပင် နေထိုင်ခဲ့ပါသည်။

မင်းသည် အလောင်းတော်ရှိရာ မင်းဥယျာဉ်သို့ တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်တိုင် သွားရောက် ကြည်ညိုပါ သည်။

တစ်နေ့တွင် မင်းသည်အလောင်း တော်အား အလိုရှိရာ ဝတ္ထုပစ္စည်းတို့ကို တောင်းခံရန် လျှောက်တင်ရာ အလောင်း တော်က မည်သို့မျှမဆိုဘဲ ရှိနေခဲ့ပါသည်။

ထို့ကြောင့် မင်းက –

“မိမိထံသို့ အလိုရှိသူတို့သည် လိုအပ်သော ဥစ္စာပစ္စည်းတို့ကို တောင်း ၏ …၊ အရှင်အဋ္ဌိသေနသည် အဘယ် ကြောင့် မတောင်းပါသနည်း …”ဟု မေးမြန်း လျှောက်တင်ပါသည်။ ထိုအခါ အလောင်းတော် အဋ္ဌိသေနက –

“မြတ်သော မင်းကြီး …တောင်း တတ်သောသူကို ပေးတတ်သောသူသည် မချစ်အပ်သည်ဖြစ်၏ …၊ တောင်း သောဝတ္ထုကိုမပေးသောသူအား တောင်း သောသူသည် မချစ်အပ်သည်ဖြစ်၏၊ ငါသည် သင် မင်းကြီးထံ မတောင်းခံ သည်ဖြစ်၍ ငါ့အား သင်မင်းကြီး မမုန်း ခြင်းသည် မဖြစ် …၊”ဟု မြွက်ဆိုပါ သည်။ ထိုအခါ မင်းမှ အလောင်းတော် အား –

“တောင်းခံခြင်းဖြင့် အသက်မွေး ရသော ရဟန်းပုဏ္ဏားတို့သည် တောင်း သင့်သော ကာလ၌ တောင်းခံအပ်သော ဝတ္ထုကို မတောင်းမခံခြင်းသည် မိမိတို့၏ ကောင်းမှုကို ယုတ်စေ၏ …၊

ထို့အတူ တောင်းခံသူမှလည်း မတောင်းခံသဖြင့် ထိုသူမှာ ဆင်းရဲစွာ အသက်မွေးရ၏ …၊ တောင်းခံအပ် သော သူတို့မှာ တောင်းခံခြင်းကြောင့် ချမ်းသာစွာ အသက်မွေးရသလို မိမိတို့မှာ လည်း ကောင်းမှုကို ရရှိစေ၏ …” ဟု လျှောက်တင်ပါသည်။

မင်း၏ လျှောက်တင်စကားကို ကြားသိရသော အလောင်းတော် အဋ္ဌိ သေနရသေ့က –

“မြတ်သော မင်းကြီး တောင်း ခြင်းမည်ကား ကာမစည်းစိမ်ကို ခံစား လိုသော လူတို့၏ အလေ့အကျင့်တည်း။ ရဟန်းပြုသောသူတို့၏ အလေ့အကျင့် မဟုတ် …၊ ရဟန်းသည် ရဟန်းပြုကာ လမှစ၍ လူတို့နှင့်မတူသော စင်ကြယ် သည့် အသက်မွေးခြင်းသည် ဖြစ်ရာ၏”

“မင်းမြတ် …ဘုရား အစရှိ သော ပညာရှိရဟန်းတို့သည် မတောင်း ကုန် …၊ ထိုသို့ မတောင်း  ငြားသော် လည်း ပညာရှိသော ဒါယကာသည် အ လိုလိုသာလျှင် သိမြင်ရာ၏ …၊ ဘုရား အစရှိသော အရိယာတို့သည် ရည်ရွယ်၍ ရပ်ကုန်၏ …၊ ဤသို့ ရည်ရွယ်၍ ရပ် ခြင်းသည် ဘုရား အစရှိသော အရိယာ တို့၏ တောင်းခံခြင်းပင်မည်၏ …”

ဟု မိန့်ဆိုပါသည်။ မင်းသည် အလောင်းတော် အဋ္ဌိသေန ရသေ့ထံမှ သစ္စာစကားကို နာကြားရပြီးနောက် ဒါန အစရှိသော ကုသိုလ်ကောင်းမှုတို့ကို မပြတ်ပြုကျင့်ခဲ့သဖြင့် သေလွန်သည့် အခါ နတ်ပြည်သို့ လားရောက်ခဲ့ရပါ သည်။ ဘုရားလောင်းသည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ ပြည်၌ ဖြစ်တည်ခဲ့ကြပါသည်။

နိပါတ်တော်လာ သင်ခန်းစာအ နေဖြင့် မိမိတို့သည် ရဟန်းသံဃာတော် များ ကျင့်ကြံအားထုတ် နေထိုင်ရသည့် ၂၂၇ သွယ်သော ဝိနည်းတော်ကို အ နည်းနှင့်အများ သိရှိနားလည်ထားဖို့ လို ပါသည်။

သို့မှသာ မိမိပြုရသော ကုသိုလ် ကောင်းမှုသည် အကျိုးသက်ရောက်မှု ရှိသလို အလှူခံပုဂ္ဂိုလ်အတွက်လည်း ဝိနည်းလွတ်၍ ရဟန်းတော်နှင့် အလှူရှင် တို့ ချမ်းသာခြင်းကို ဖြစ်စေပါသည်။

ရဟန်းတော်က ဝိနည်းသိ၍ တောင်းခံခြင်း မပြုသော်လည်း တွေ့မြင် နေရသော အလှူရှင်သည် ထိုရဟန်း၏ လိုအပ်မှုကို အလိုက်သိစွာ ပေးလှူရမှာ ဖြစ်ပေ သည်။

မိမိတို့သည် သဒ္ဓါတရားထက် သန်၍ အလှူဒါနပြုကြရာတွင် အချို့မှာ မလှူတတ်သဖြင့် အကုသိုလ်ဖြစ်ခဲ့မှုများ ရှိခဲ့ပါသည်။ စေတနာ သဒ္ဓါတရား ထက် သန်၍ ဒါနအမှုပြုကြမည်ဆိုလျှင် အကု သိုလ် မပွား၊ ကုသိုလ်များဖို့အတွက် “တောင်းလျှင်လည်း မုန်း၊ မပေးမုန်း၊ နောက်ဆုံးမိတ်ဆွေပျက်”ဟူသော ဇာတ် ဝတ္ထုဖြင့် ပမာပြုအပ်ပေသည်။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး။ ။ ငါးရာ့ငါးဆယ်နိပါတ်တော်၊ ကုက္ကုဝဂ်မှ အဋ္ဌိသေန ဇာတ်တော်။