ဝါတွင်းသုံးလ ရက် (၉၀) စိပ်ရတဲ့ ကိုးနဝင်းပုတီးစိပ်နည်း

ဝါတွင်းသုံးလ ရက် (၉၀) စိပ်ရတဲ့ ကိုးနဝင်းပုတီးစိပ်နည်းလေး မေးနေကြသူတွေအတွက် တင်ပေးလိုက်ပါပြီနော်။
ဝါဆိုလပြည့်နေ့မှ
သီတင်းကျွတ်လပြည့်နေ့ထိဖြစ်ပါတယ်။ သက်သတ်လွတ်စားစရာမလိုပါ။
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်။

စိပ်ရမယ့် နေ့ရက်များကတော့
ဂုဏ်တော်ကိုးပါးကို အောက်ပါအတိုင်း တစ်ပတ်စီ စိပ်ရမှာဖြစ်ပါတယ်။ (ဝါဆိုလပြည့်နေ့ 16.7.2019 မှ 24.7.2019 အထိ)
အရဟံ (၁) ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်

အရဟံ သိဒ္ဓိ တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (25.7.2019 မှ 2.8.2019 အထိ)
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (3.8.2019 မှ 11.8.2019 အထိ)
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (12.8.2019 မှ 20.8.2019 အထိ)
သုဂတော သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (21.8.2019 မှ 29.8.2019 အထိ)
လောကဝိဒူ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (30.8.2019 မှ 7.9.2019 အထိ)
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (8.9.2019 မှ 16.9.2019 အထိ)
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (17.9.2019 မှ 25.9.2019 အထိ)
ဗုဒ္ဓေါ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (26.9.2019 မှ 4.10.2019 အထိ)
ဘဂဝါ သိဒ္ဓိ – တစ်နေ့ (၁) ပတ်၊ ၉ ရက် စိပ်ရန် (5.10.2019 မှ 13.10.2019 သီတင်းကျွတ်လပြည့်နေ့အထိ)