“A”သွေးပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်အားနည်းချက်များ

ကမ္ဘာပေါ်မှာ စားရင်တိတိကျကျ ကောက်ခံထားတဲ့ A သွေးပိုင်ရှင်ပေါင်း လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ (၂၇.၄၂%)အထိ ရှိတယ်လို့ worldatlas.com က ဆိုပါတယ်။ “O”သွေးပိုင်ရှင်တွေပြီးရင် လူဦးရေအများဆုံး ပိုင်ဆိုင်ထားတဲ့ သွေးအုပ်စုဖြစ်ပါတယ်။

ပညာရှင်တွေကတော့ လူတွေရဲ့ သွေးအမျိုးအစားလိုက်၊ ပြုမူနေထိုင်ပုံ အမူအကျင့်နဲ့ အသေးစိတ် ဗီဇဝါသနာတို့မှာ ကွဲပြားသွားပြီး၊ သွေးအုပ်စုတစ်ခုချင်းဆီလိုက်ပြီး ဘယ်လိုပုံစံ ဘယ်လိုအနေအထား ဖြစ်နိုင်တယ်ဆိုတာကိုတော့ အခြေခံအားဖြင့် တွက်ချက်လို့ရကြောင်း ဆိုပါတယ်။

အခု ပိုင်ရှင်တွေကတော့ A သွေးပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ သူတို့တစ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အားနည်းချက် အားသာချက်တွေကို MyanmarNote ပရိသတ်ကြီးအတွက် အထူးဆောင်းပါးအနေနဲ့ ဖော်ပြပေးသွားမှာပါ။ ဒီဆောင်းပါးကိုတော့ Wiki ကနေ Ref လုပ်ထားတာ ဖြစ်ပါတယ်။

A သွေးပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထား

အနေအေးအေးဆေးဆေး နေပြီး၊ နားပူမခံချင်ကြသူတွေ ဖြစ်ပါတယ်။ တစ်ခါတလေမှာ သူတို့ဘာသာ စိတ်ထွက်ပေါက်အနေနဲ့ သီချင်းတွေ လိုလိုချင်ချင် ဖွင့်ပြီးနားထောင်တာကလွဲရင် ကျန်တဲ့သူတွေဆီက အသံတွေကို သဘောကျ နှစ်ခြိုက်ကြသူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် မကြိုက်တာကို မကြိုက်ဘူးလို့ ပြောလေ့မရှိပါဘူး။

ကောင်းကွက်များ

သူ့သဘောသူနေ ငါ့သဘော ငါနေ ဆောင်တတ်သူတွေပါ။ သွက်လက်ထက်မြတ်ကြပြီး၊ ဉာဏ်ကောင်းသူတွေ၊ အမျော်အမြင် ကြီးသူတွေ ဖြစ်ပါတယ်။ အမြဲတမ်း အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ် ပုံစံကိုတွေ့ရပြီး၊ ရင်ထဲက ခံစားချက်အမှန်ကို ခန့်မှန်းရ ခက်စေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေဖြစ်ပြီး၊ ဘယ်တော့မှ အရှုံးတစ်ခုအတွက် မျက်နှာတစ်ချက်ပျက်တယ်ဆိုတာ မရှိပါဘူး။

ဆိုးကွက်များ

ဆိုးတာကတော့ တစ်ခါတလေမှာ ဒေါသထွက်လာရင် ဘာကိုမှဂရုမစိုက် ခံပြော၊ ပြန်ချ လူမျိုးပါ။ အရွဲ့တိုက်တတ်တဲ့ အကျင့်ရှိသူတွေဖြစ်ပြီး၊ တစ်ခါတလေမှာ ဆုံးဖြတ်ချက်တွေအတွက် ဒွိဟတွေ ပွားတတ်တာကြောင့် အခွင့်အလမ်းကောင်းတွေ လွဲချော်ရတတ်သူတွေပါ။ စိတ်ထဲမှာ အတေးအမှတ် ကြီးသလို၊ လမ်းသွားရင်းနဲ့ ခြေထောက်နင်းခံရရင်တောင် ပြန်နင်းချင်စိတ် ရှိသူတွေဖြစ်ပါတယ်။ သူချေရင် ကိုယ်ချေတယ်၊ သူသေရင် ကိုယ်မသွားဘူး၊ စိတ်ထဲက ပြတ်ပြီဆို ဘူးစင်က ဖရုံမသီးဘူးဆိုသူတွေ ဖြစ်ပါတယ်။ တစ်ခြား သွေးအမျိုးအစားတွေကြောင်းကို ဆက်လက် ဖော်ပြပေးပါဦးမယ် …။

Credit : Lwin pyin