အချော့တော်

တစ်ခါတလေမှာ မိသားစုဝင်တွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ သမီးရည်းစားတွေ၊ သူငယ်ချင်းတွေ အခန့်မသင့်ဖြစ်ပြီး စိတ်ကောက်တယ်ဆိုတာမျိုး ကြုံ ဖူးကြမှာပေါ့ …။ 

အထင်အမြင်မှားပြီး စိတ်အလိုမကျလို့ စိတ် ကောက်တတ်တာလည်း ရှိပါတယ်။ တချို့ကလည်း အချော့ခံချင်လို့ စိတ်ကောက်တာ၊ တချို့ကကျတော့ လည်း ကောက်ချင်လို့ကို ကောက်တာ …။

ဘာကြောင့်ပဲ စိတ်ကောက်စိတ်ကောက် ကိုယ့်ဘက်က ပြန်ချော့ဖို့ လိုအပ်လာပြီဆိုရင်တော့ အချော့တော်လို့ ကျွန်တော် အမည်ပေးထားတဲ့ အင်္ဂ ဝိဇ္ဇာဆိုင်ရာ နည်းလေးတစ်ခုကို ပြောပြချင်ပါတယ်။

အဲဒီနည်းလေးကိုသုံးပြီး ချော့မယ်ဆိုရင် အ မြန်ဆုံး အချင်းချင်း အမြင်ကြည်ပြီး စိတ်ကောက် ပြေလာစေပါလိမ့်မယ်။ ယုံကြည်တဲ့ သူများ စမ်းကြည့်ကြပေါ့။ မယုံရင် လည်း စိတ်ကောက်တာနဲ့ ကြုံ လာရင်တော့ လုပ်ကြည့်သင့်ပါ တယ်။

 

တနင်္ဂနွေသားသမီးက စိတ်ကောက် နေတာ ဆိုရင်

  • မိုးပြာရောင် (သို့မဟုတ်) အပြာရောင် အ ဝတ်အစား ကိုဝတ်ဆင်ပြီး သစ်တော်သီး၊ သစ်ချသီး စတဲ့ အသီး တစ်မျိုးမျိုးကိုကျွေးပြီး မိမိကိုယ်တိုင်ကလည်းစားရင်း ချော့ပါ။

 

တနင်္လာသားသမီးက စိတ်ကောက်နေတာဆိုရင်

  • အနက်ရောင်များများပါသော အဝတ်အစား ကိုဝတ်ဆင်ပြီး ထီး၊ ဖိနပ်၊ အဝတ်အစားတစ်မျိုးမျိုး လက်ဆောင်ပေး၍ ချော့ပါ။

 

အင်္ဂါသားသမီးက စိတ်ကောက်နေတာဆိုရင် –

  • အနီရောင်များများပါသော အဝတ်အစားတစ် မျိုးမျိုးကို ဝတ်ဆင်ပြီး ဦးထုပ်၊ အိတ် တစ်မျိုးမျိုး လက်ဆောင်ပေး၍ သော်လည်းကောင်း၊ အာလူ ကြော်၊ အုန်းယို တစ်ခုခု ကျွေးမွေး၍သော်လည်းကောင်း ချော့ပါ။

 

ဗုဒ္ဓဟူးသားသမီးက စိတ်ကောက်နေတာ ဆိုရင်

  • အဖြူရောင်များများပါသောအဝတ်အစား တစ်မျိုးမျိုးကိုဝတ်ဆင်ပြီး ငါးမုန့်၊ ကြက်ကြော်၊ ချော ကလက် တစ်ခုခုကျွေး၍ ချော့ပါ။

 

ကြာသပတေးသားသမီးက စိတ်ကောက် နေတာဆိုရင်

  • အညိုရောင်၊ ကြက်သွေးရောင် များများပါသော အဝတ်အစားတစ်မျိုးမျိုးကို ဝတ်ဆင်ပြီး ဆီးဖျော်ရည်၊ ဆီးယို၊ ဆားငန်သီး၊ ဆနွမ်းမကင်း တစ်ခုခုကျွေးပြီး ချော့ပါ။

 

သောကြာသားသမီးက စိတ်ကောက်နေတာဆိုရင်

  • အစိမ်းရောင်များများပါသောအဝတ်အ စားတစ်မျိုးမျိုးကိုဝတ်ဆင်ပြီး လိမ္မော်သီး၊ လက်ဖက်၊ ရှောက်သီးဆေးပြား၊ လက်ဖက်ရည် တစ်ခုခုတိုက် ကျွေးပြီး ချော့ပါ။

 

စနေသားသမီးက စိတ်ကောက်နေတာဆိုရင်

  • အဝါရောင်များများပါသောအဝတ်အစား တစ်မျိုးမျိုးကိုဝတ်ဆင်ပြီး ပန်းသီး၊ မက်မန်းသီး၊ မြေပဲယို တစ်ခုခုကျွေးပြီး ချော့ပါ။

 

အဲဒီလို ဆောင်ရွက်လိုက်မယ်ဆိုရင် သင့် အပေါ် အထင်လွဲစိတ်ကောက်နေတာတွေ ပြေ ပျောက်လျော့ပါးပြီး အမြန်ဆုံး ပြေလည်သွားစေပါ လိမ့်မယ်တဲ့ခင်ဗျား …။

 

အဂ္ဂမောင်(ကံတလူ)