အမိရိုးရာ အဖရိုးရာ လုပ်ကြည့်ပါ…

အမှန်တော့ ရိုးရာဆိုတာ မိဘဘိုးဘွားတွေကနေ တရွေ့ရွေ့ ဆင်းသက်လာတာမျိုးပါ။ စိတ်ထားတတ်မယ်ဆိုရင် မိဟောင်း ဖဟောင်း ဘိုး ဟောင်း ဘွားဟောင်းလို သဘောထားပြီး ဒါနပြု စေတဲ့ သဘောပါပဲ။

ကျွန်ုပ်ပယောဂကုသခွင်မှာ အများဆုံး မေးလာတတ်တဲ့ မေးခွန်းတစ်ခုကတော့ ” ဒီလောက် ခေတ်မီ တိုးတက်နေတဲ့ (IT)ခေတ်ကြီးထဲမှာ ပယောဂ၊ အတိုက်ဆိုတာ ရှိနိုင်သေးရဲ့လား ဆရာရယ်” ဆိုတဲ့ မေးခွန်းပါ။ ကျွန်ုပ်အဖြေက “ရှိတာပေါ့ သိပ်ရှိတာပေါ့ဗျာ… လူတွေလောဘ၊ ဒေါသ၊ မောဟတွေ မဆိတ်သုဉ်းသေးသမျှကာလပတ်လုံး ဒီလိုပညာစက်တွေ၊ အတိုက်တွေကတော့ ရှိနေဦးမှာပါပဲ… လူအချင်းချင်း မကျေနပ်လို့ တုတ်နဲ့ရိုက်၊ ဓားနဲ့ ခုတ်လုပ်ရင် တရားဥပဒေက မနေဘူးလေ… အရေးယူခံရမှာပါ၊ ဒီပညာနဲ့လုပ်လို့ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေးတွေ မကောင်းဖြစ်ပြီး ဒုက္ခရာက်ရင် ဘယ်တရားဥပဒေကမှ အရေးယူလို့ မရဘူးလေ… ဒါကြောင့် ဒီပညာတွေက ဆက်လက်ရှိနေပါဦးမယ်”လို့ ပြောလိုက်ရတာပါ။

နေ့စဉ် ပယောဂကုသမှုကို လုပ်တဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေ ရောက်လာတတ်ကြပါတယ်။ ဘယ်သူတွေ ဘယ်လိုလာလာ၊ ရောက်ရောက် ကုသပေးရမယ့် တာဝန်က ကိုယ့်တာဝန်ပါပဲ။

လာရောက် ကုသနေကြသူတွေထဲမှာ တစ်ခါမှ မလာရောက်ဘူးသူ၊ တစ်ခေါက်လောက် ရောက်လာဖူးသူနဲ့ အခေါက်ပေါင်းများ ရောက်လာဖူးသူတွေ ရှိပါတယ်။ တစ်ခေါက်မှ မရောက်ဘူးသူတွေက အကြောင်းမဟုတ်ပေမယ့် ကိုယ့်ဆီကိုရောက်လာပြီး ကိုယ်ခိုင်းတာ မလုပ်ဘဲ “ဆရာ့ဆီက ပြန်သွားခါစကတော့ အဆင်ပြေပါသေးတယ် ဆရာရယ်… နောက်ပိုင်းမှာ အဆင်မပြေ ဖြစ်လာတော့တာပါပဲ”လို့ ပြောလာသူတွေ အများအပြားရှိပါတယ်။

(ရိုးရာမကျေနပ်လို့ ခံစားနေရသူတွေကို) “ခင်ဗျားတို့ ရိုးရာကန်တော့လား”လို့ မေးတဲ့အခါ “ကျွန်မတို့မှာ ရိုးရာ မရှိပါဘူး၊ မိဘတွေကလည်း မလုပ်ကြဘူး”ဆိုတဲ့သူတွေ ရှိနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ တော်တော်ပေါက်ကွဲပါတယ်။ သူတို့ကို စစ်ဆေးစဉ်မှာ ပညာစက်တွေအပြင် ရိုးရာ မကျေနပ်လို့ ဖြစ်နေတာမျိုးတွေ ပါနေကြောင်း သူတို့ကိုယ်တိုင် သိထားပြီးသားပါ။

ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ရိုးရာမလုပ်ဘဲ နေလိုက်တဲ့အတွက် ပညာစက် ကုန် အောင် ထုတ်ပေးလိုက်လို့ ကျွနု်ပ်ဆီက ပြန်သွားစမှာ အဆင်ပြေသယောင်ရှိပေမယ့် အချိန်တစ်လနှစ်လ ကြာလာတဲ့အခါ ရိုးရာရဲ့ ထိုးနှက်ချက်ကို ခံရပြန်ပါ သေးတယ်။ ဒီတော့ မူလအတိုင်းလို ပြန်ခံစားလာရ ပြန်ပါလေရော။

အမှန်တော့ ရိုးရာဆိုတာ မိဘဘိုးဘွားတွေကနေ တရွေ့ရွေ့ ဆင်းသက်လာတာမျိုးပါ။ စိတ်ထားတတ်မယ်ဆိုရင် မိဟောင်း ဖဟောင်း ဘိုး ဟောင်း ဘွားဟောင်းလို သဘောထားပြီး ဒါနပြုစေတဲ့ သဘောပါပဲ။ ဒါပေမဲ့ လူတော်တော်များများက မလုပ်ချင်တဲ့ ဆင်ခြေမျိုးသာ ပေးတတ်ပါတယ်။

ပယောဂပညာစက်တစ်ခုကို စစ်ဆေးတွေ့ ရှိတဲ့အခါ ပညာသည်ကိုခေါ်ပြီး အကျိုးအကြောင်းမေး ဆုံးမသင့်သူကို ဆုံးမပြီး သူတို့လုပ်ထားတဲ့ ပညာစက်တွေကိုသိမ်းခိုင်း၊ သစ္စာဆိုပြီးမှ ပြန်လွှတ်ပါတယ်။ ပညာစက်ရဲ့သဘောမှာက ခုနှစ်ရက်သားသမီးတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို အဓိကထား တိုက်ခိုက်တတ်တာဖြစ်လို့ ပညာစက်သိမ်းလိုက်တဲ့အခါ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ ကောင်းမွန်လာတတ်ပါတယ်။

ဒါပေမဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို ထပ်ပြီးဒုက္ခပေးနိုင်တာကတော့ ရိုးရာပါပဲ။ ရိုးရာပျက်ကွက်တဲ့အခါ၊ ရိုးရာနတ်များ မကျေနပ်လို့ တိုက်ခိုက်တဲ့အခါ အောက်လမ်း၊ ရွာသူ တိုက်ခိုက်ခံရသလို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို ထိခိုက်ခံရတတ်ပါတယ်။ ဒါကြောင့် ပညာစက်ရှင်းပြီးပေမယ့် ရိုးရာ ဒါနပြုခိုင်းရခြင်း ဖြစ်ပါတယ်။

တစ်နေ့ ရန်ကုန်နဲ့တော်တော်လှမ်းလှမ်း တိုင်း ရင်းသားဒေသက အမျိုးသမီးတစ်ယောက် ရောက် လာပါတယ်။ သူ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ရောက်လာဖူးပါတယ်။ သူတို့ အိမ်ထောင်ရေးကို စစ်ဆေးကြည့်လိုက်တော့ ပညာစက်တွေ့ရပါတယ်။ ဒါကြောင့် ပညာသည်ကို ခေါ်တွေ့လိုက်ပါတယ်။

“ကဲ ပြော …မင်း ဘာကောင်လဲ” “အောက်လမ်းပါ” “ဘာတွေ လုပ်ထားတာလဲ” “အဲဒိယောကျာ်း သူ့အိမ်မပြန်အောင် ငွေ ထွက်လာအောင် လုပ်ထားတာပါ” “လုပ်ခိုင်းတဲ့သူက” “တနင်္လာ၊ အင်္ဂါပါတဲ့ မိန်းမပါ … သူ့ဆီ က မပြန်ချင်အောင်လုပ်ခိုင်းလို့ လုပ်ပေးထားတာပါ” “ကောင်းပြီလေ မင်းလုပ်ထားတဲ့ ပညာစက် တွေကို မြူမျှမကျန်အောင် သိမ်းလိုက်ပါ”

ပညာစက်သိမ်း၊ သစ္စာဆိုခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သူတို့အိမ်ထောင်ရေး မပြေလည်မှုမှာ အိမ်ထောင်ပြုပြီးကတည်းက ရိုးရာကို ဒါနမပြုခဲ့တာကြောင့် ရိုးရာနှောင့်ထားတာလည်း ပါနေပါတယ်။ “ရိုးရာမကျေနပ်တာလည်း ပါနေလို့ မင်းတို့ ရိုးရာလုပ်ပေးပါ… ရိုးရာမကျေနပ်လို့ တိုက်ခိုက်ခံရတဲ့အခါ မိသားစုမှာ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်၊ အိမ်ထောင်ရေး အဆင်မပြေ၊ ငွေကုန်ကြေးကျများတာမျိုးတွေ ဖြစ်တတ်ပါတယ်”လို့ ပြောလိုက်ရတယ်။

ခု နောက်တစ်ခေါက်ရောက်လာတော့ “ဆရာ့ဆီက ပြန်သွားပြီး လေးလလောက်တော့ အဆင်ပြေပါသေးတယ်… နောက်တော့ အဆင်မပြေပြန်ဖြစ်သွားပါတယ်” “ရိုးရာ မလုပ်ဘူး မဟုတ်လား” “မလုပ်ဖြစ်ဘူးဆရာ … ဘယ်လိုလုပ်ရမှန်း မသိလို့” “ဪ ငါ လုပ်ရမယ့်စာရွက်ပေးလိုက်တယ် မဟုတ်လား” “မပေးလိုက်ဘူးဆရာ … ပေးလိုက်ရင် လုပ်ပါ့မယ်”

ဒါကြောင့် ကျွန်ုပ်လည်း ရိုးရာကန်တော့ဖို့ စာရွက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ တိုင်းရင်းသားတွေက အမိရိုးရာ၊ အဖရိုးရာဆိုပြီး လုပ်ရင် အဆင်ပြေပါတယ်။ လုပ်ရတာလည်း ပိုလွယ်ကူပါတယ်။ လက်ဖက်၊ ကြက်သွန်ကြော်၊ နှမ်း၊ ဆီ၊ ဆား နှစ်ပွဲ။ ကွမ်းနှစ်ယာ။ ရေနှစ်ခွက်။ ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ အမိရိုးရာ အဖရိုးရာဆိုပြီး ကန်တော့ လိုက်ရင် အဆင်ပြေသွားမှာပါ။ ငွေကုန်မှာလည်းမပူရ၊ နတ်လည်း ကိုယ့်အပေါ် အပြစ်မမြင်စေတဲ့နည်းမို့ မည်သူမဆို လုပ်လို့ရပါတယ်။

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ဇေယျာ(၈)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဖုန်း-ဝ၉ ၄၂၀၇၄၄၁၁၂၊ ဝ၉ ၂၅၄၈၁၁၀ဝ၇