ကလေးတွေ စာမေးပွဲတွေနီးလာပြီမို့ ခဲရာခဲဆစ်လည်းမဟုတ်ဘဲ အကျိုးကျေးဇူးလည်း ထူးစေ မယ့် နည်းကောင်းလေးတစ်ခုကို ဝေမျှလိုပါတယ်။
အဲဒီနည်းလေးက ကျွန်တော်တို့ရဲ့ဆရာကြီး အဘမင်းသိင်္ခ စာတွေရေးခါနီးပြီဆိုရင် ဆောင်ရွက် လေ့ရှိတဲ့ နည်းစနစ်ကောင်းလေးတစ်ခု ဖြစ်ပါတယ်။
အဘမင်းသိင်္ခဟာ စာမူတစ်ပုဒ် ရေးတော့ မယ်ဆိုရင် အဲဒီနည်းလေးအတိုင်း ဆောင်ရွက်ပြီးမှ ရေးလေ့ရှိတယ်လို့ မှတ်သားဖူးပါတယ်။
ဘယ်စာကိုပဲရေးရေး၊ စာရေးတာမှမဟုတ်ပါ ဘူး …၊ ဘယ်အလုပ်တစ်ခုကိုပဲလုပ်လုပ် စတင် ခါနီးမှာ ဒီနည်းလေးကို ဆောင်ရွက်ခြင်းအားဖြင့် များစွာသောအကျိုးကျေးဇူးများ ရရှိစေမှာ ဖြစ်ပါ တယ်။
အဲဒီနည်းလေးကတော့ အလုပ်တစ်ခုခု စခါ နီးမှာ –
“နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓုဿ …” ဆိုပြီး (၃)ခေါက် ရွတ်ဆို လိုက်ဖို့ပဲ ဖြစ်ပါတယ်။
အဲဒါကြောင့် စာမေးပွဲဖြေမယ့် မောင်တွေ မယ်တွေ အနေနဲ့လည်း စာဖြေခန်းထဲကိုရောက်ပြီ ဆိုတာနဲ့ ကိုယ်ဖြေမယ့် စာရွက်ကို ပါးစပ်ဝနားမှာ ကပ်ပြီး အဲဒီ နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓုဿ …(၃)ခေါက် ရွတ်ဆိုလိုက် သင့်ကြောင်းပါ …။
ကျက်ထားတဲ့စာတွေ အပိုင်တိုးပြီး ထူးချွန် အောင် ဖြေဆိုနိုင်ကြပါစေ …။
အာကာမိုး(လှိုင်)
(မှတ်ချက်။ ။ ဆရာအာကာမိုးနှင့် ဆက်သွယ် လိုပါသော် ဖုန်း ဝ၉ ၇၃၀၃၄၆၁၅)
