ကျွန်ုပ်နှင့် ပဉ္စအာရုံ နယ်လွန်ဖြစ်ရပ်ဆန်းများ

ကျွန်ုပ်နှင့် ရေဘီလူးများ

ဆုတောင်းပြည့်စေတီ ဓမ္မအေးစေတီဘုရား အား အောင်မြင်စွာ တည်ထားပြီး ဘုရားအနေကဇာ တင်သည့်နေ့တွင် တွံတေးမြို့၊ အောင်စေတီ ကျေးရွာ မှ ဓမ္မမိတ်ဆွေများအဖွဲ့မှ ゞင်းတို့ကျေးရွာရှိ အောင် စေတီဘုရားအား ဘက်စုံပြုပြင်မွမ်းမံ၍ ထီးတင်ပေး ရန် လာရောက်ဖိတ်ခေါ်ကြပါသည်။

အောင်စေတီဘုရားသည် တွံတေးတူးမြောင်း ၏ တစ်ဖက်ကမ်းတွင် တည်ရှိပြီး ထီးတော်တင်လှူ နိုင်ခြင်း မရှိသည်မှာ ၁၄ နှစ်ခန့်ရှိပြီဟု သိရပါသည်။ ကျွန်ုပ်တို့အဖွဲ့လည်း အမာခံ ၁၀ ဦး၊ တစ်ဦးလျှင် တစ်သောင်းကျပ် မçတည်၍ အလှူငွေများကို ကောက် ခံပြီး ဘက်စုံပြုပြင်မွမ်းမံရန် ဆုံးဖြတ်ကြပါသည်။ ပထမဦးစွာ အောင်စေတီဘုရား၏ အရပ်လေးမျက်နှာ မုခ်အတွင်း တည်ထားကိုးကွယ်ထားသော ဘုရား ရုပ်ပွားတော် လေးဆူမှာ ကျိုးပဲ့ပျက်စီးနေသည်ကို ကျွန်ုပ်၏ ဓမ္မမိတ်ဆွေက ပြုပြင်လှူဒါန်းပါသည်။ ဘုရားရင်ပြင်ခင်းခြင်း၊ အောင်စေတီဘုရားအား ရွှေ သင်္ကန်းဆေးကပ်လှူခြင်းတို့ ဆောင်ရွက်ပါသည်။ ရွှေသင်္ကန်း ဆေး ကပ်လှူပြီးသောအခါ ထီးတင် လှူပူဇော်ရန်အတွက် ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင် သီတဂူထီးလုပ်ငန်း၌ ရွှေထီးတော်ကို အပ်နှံပါသည်။ ထိုစဉ်က ထီးတော်မှာ သုံးသိန်း ပေးရပါသည်။ အစဉ် အဆက် ခိုင်မြဲစေရန်အတွက် အောင်စေတီဘုရား၏ မဏ္ဍိုင်ကို စတီးချောင်းမဏ္ဍိုင် သုံးခဲ့ပါသည်။ ထီး တော်ကို ကြေးပြားအထူဖြင့် အခိုင်အခန့်ပြုလုပ်ပြီး ရွှေအတိချပါသည်။ ရွှေထီးတော်ကို ကြည့်မြင်တိုင်မှ တွံတေးသို့ ပင့်ဆောင်လာပြီး ဈေးရှေ့ မဏ္ဍပ်တွင် သုံးရက်ခန့် အပူဇော်ခံခဲ့ပါသည်။

ကျွန်ုပ်နှင့် ဓမ္မမိတ်ဆွေသည် နေ့စဉ် တွံတေး မှ အောင်စေတီဘုရားသို့ သမ္ဗန်ဖြင့်ကူးပြီး ဘုရား ထီးတင်ရန် စီစဉ်ဆောင်ရွက်ကြပါသည်။ နေ့စဉ် လည်း အောင်စေတီဘုရားရင်ပြင် မိမိမွေးနံထောင့် တွင် အဓိဋ္ဌာန်ပုတီးစိပ်ကြပါသည်။ တစ်နေ့ ကျွန်ုပ်၏ ဓမ္မမိတ်ဆွေမှ ကျွန်ုပ်အား “ကိုထွန်း …ဒီဘုရားမှာ ဘာအစောင့်ရှိလဲ ခင်ဗျားသိလား”ဟု မေးရာ ကျွန်ုပ် မှ “မသိဘူး၊ ဘာစောင့်လဲ ပြောပါဦး”ဟု ပြန်မေးပါသည်။ ဓမ္မမိတ်ဆွေမှ “ရေဘီလူးတွေ စောင့်တယ် ဗျ၊ မယုံရင် ခင်ဗျား အဓိဋ္ဌာန်ပုတီးစိပ်ပြီး ဆုတောင်း ကြည့်”ဟု ပြောပါသည်။ ထိုနေ့က ည ၉ နာရီ အချိန်ထိ ကျွန်ုပ်နှင့် ဓမ္မမိတ်ဆွေတို့ ထုံးစံအတိုင်း အောင်စေတီဘုရားရင်ပြင်တွင် အဓိဋ္ဌာန်ဝင်၍ ပုတီး စိပ်ပါသည်။ ကျွန်ုပ်သည် ထုံးစံအတိုင်း မြတ်စွာ ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈ ပါး၊ ပဋ္ဌာန်း ၂၄ ပါး၊ သမ္ဗုဒ္ဓေဂါထာနှင့် သာမညဆရာတော် ဘုရား၏ ဂုဏ်တော်ကွန်ချာကို ရွတ်ဖတ်ပြီး ပုတီး စိပ်၍ တိုင်တည်ခဲ့ပါသည်။ ဤအောင်စေတီဘုရား တွင် ရေဘီလူးစောင့်သည်မှန်ပါက နက်ဖြန် ထွက် မည့် သုံးလုံးထီ ဂဏန်းအား အိပ်မက်ပေးရန်ဟူ၍ ဖြစ်ပါသည်။ အဓိဋ္ဌာန်ပုတီးစိပ်ပြီးနောက် ကျွန်ုပ်တို့ အောင်စေတီဘုရားမှ သမ္ဗာန်ဖြင့် ပြန်လာသောအခါ ည ၁၂ နာရီခန့်ရှိပြီ ဖြစ်ပါသည်။ အိမ်ရောက်သော အခါ ထမင်းစားပြီး ခေတ္တနားကာ အိပ်ရာဝင်ခဲ့ပါ သည်။ ထိုညက ကျွန်ုပ် အိပ်မက်မက်ပါသည်။

အိပ်မက်ထဲတွင် ကျွန်ုပ်နှင့် ကျွန်ုပ်၏ဓမ္မမိတ် ဆွေတို့သည် ကျွန်ုပ်တို့ ဘုရားထီးမှာခဲ့သော ကြည့် မြင်တိုင်ရှိ သီတဂူဘုရား ထီးလုပ်ငန်းသို့ နောက် တစ်ကြိမ် ပြန်သွားပြီး ထီးလုပ်ငန်းရှင်နှင့် စကား အောက်ပါအတိုင်း ပြောနေကြပါသည်။

ကျွန်ုပ် – ကျွန်တော်တို့ အောင်စေတီဘုရား ထီးတင်ဖို့ အတွက် ဘုရားထီး လာမှာတာ။

ထီးလုပ်ငန်းရှင် – စိတ်ချပါ ဆရာ၊ အကောင်းဆုံး ဖြစ်စေရပါ့မယ်။ ကျွန်တော်တို့က သီတဂူ ဆရာတော်ဘုရားကြီးရဲ့ ဩဝါဒ အောက်မှာ နေတဲ့ တပည့်တွေဆိုတော့ ဈေးနှုန်း မများစေရပါ ဘူး။

ကျွန်ုပ် – ကျွန်တော်တို့ ထီးတင်မယ့်အောင် စေတီဘုရားရဲ့လုံး ပတ်တော်လည်း ခင်ဗျားတို့ သိပြီး သားပဲ။ ထီးတော် တန်ဖိုးက ဘယ်လောက်လဲ။

ထီးလုပ်ငန်းရှင် – ဆရာ မများစေရပါဘူး။ လုပ်အားခ သာသာပဲ ကျွန်တော်တို့ ယူမှာပါ။ ရွှေ လည်း အထူကြီး ချပေးလိုက်ပါ့မယ်။ ၈၈çဝ၀ဝ ကျပ်ပဲပေးပါ။

ကျွန်ုပ် – ဟ များလှချည်လား။

ထီးလုပ်ငန်းရှင် – မများပါဘူး ဆရာ၊ ရွှေ ဈေးတွေက တက်နေလို့ပါ။ ပုံမှန်ပါပဲ။

ကျွန်ုပ် – ဒီလိုဆိုလည်း ၈၈çဝ၀ဝ ပေါ့။ ဘယ်နေ့လာယူရမလဲ။

ထီးလုပ်ငန်းရှင် – ဆရာတို့ အဆင်ပြေတဲ့ နေ့ လာယူပါ ဆရာ။ ကျွန်တော်တို့ အဆင်သင့် လုပ်ထားပါ့မယ်။

ထိုအတိုင်း အိပ်မက်မက်ပြီး ကျွန်ုပ် နိုးသွား၍ တိုင်ကပ်နာရီ ကြည့်လိုက်သောအခါ နံနက် ၃ နာရီ ခန့်ရှိပြီ ဖြစ်ပါသည်။

စာဖတ်သူမိတ်ဆွေ … အမှန်တကယ် အပြင်မှာ ကျွန်ုပ်နှင့် ဓမ္မမိတ်ဆွေတို့ အောင်စေတီ ဘုရားထီးတော်တင်လှူရန် ထီးသွားမှာခဲ့သည့် တန်ဖိုး မှာ သုံးသိန်းကျပ်တိတိ ဖြစ်ပါသည်။ ယခု အိပ် မက်ထဲတွင် အောင်စေတီဘုရားထီးတော်ကို သီတဂူ ထီးတော်လုပ်ငန်းဆိုင်တွင်ပင်သာ မှာခဲ့ပြီး တန်ဖိုးမှာ ၈၈çဝ၀ဝ ကျပ်သာဖြစ်ပါသည်။ ထိုအဖြစ်အပျက်မှာ အိပ်မက်ဟုဆိုသော်လည်း ကျွန်ုပ်၏ခံစားမှုမှာ အိပ်မက် မဟုတ်ဘဲ အမှန်တကယ် သီတဂူလုပ်ငန်း ဆိုင်သို့သွားပြီး ထီးမှာနေသည်မှာ အပြင်တွင် အမှန် တကယ် သွားရောက်ခဲ့သလို ယနေ့တိုင် ပြန်တွေး တိုင်း ခံစားရပါသည်။

နောက်တစ်နေ့နံနက်တွင် ဓမ္မမိတ်ဆွေနှင့် တွေ့ရာ –

“ကိုထွန်း …ညက အောင်စေတီဘုရားမှာ ခင်ဗျား အဓိဋ္ဌာန်ဝင်တာ ဘာထူးလဲ”ဟု ကျွန်ုပ်အား မေးပါသည်။ ကျွန်ုပ်မှ “ထူးတော့ တော်တော်ထူး တယ်ဗျ။ ခင်ဗျားနဲ့ ကျွန်တော် သီတဂူထီးလုပ်ငန်း ဆိုင်မှာ ထီးသွားမှာတာ သုံးသိန်းနော်။ ဒီမှာပြေစာ” ဟု ကျွန်တော် ပြောပါသည်။ ဓမ္မမိတ်ဆွေက “သုံးသိန်း ဟုတ်တယ်လေ”ဟု ပြန်ပြောပါသည်။ ကျွန်ုပ်က “ကျွန်တော်နဲ့ ခင်ဗျား ညက အိပ်မက်ထဲမှာ အဲဒီ ဆိုင်ကို နောက်တစ်ခေါက် ရောက်သွားပြီး အောင် စေတီဘုရားအတွက် ထီးသွားမှာတယ်ဗျ။ ထီးလုပ် ငန်းရှင်အိပ်မက်ထဲမှာ ထီးတန်ဖိုးက ၈၈çဝ၀ဝ ကျပ်လို့ ကျွန်တော်တို့ကို ပြောလိုက်တယ်။ အိပ်မက်သာဆို တယ် တကယ်ရောက်သွားသလို ခံစားရတယ်ဗျာ” ဟု ပြောပြပါသည်။ ဓမ္မမိတ်ဆွေက “ဒါဆို ခင်ဗျား ကို အစောင့်တွေက သုံးလုံးဂဏန်း ပေးတာပဲဗျ။ ခင်ဗျား အဓိဋ္ဌာန်ခဲ့တယ် မဟုတ်လား”ဟုမေးပါ သည်။ ကျွန်ုပ်မှ “ဟုတ်တယ်ဗျို့၊ မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ သိရအောင် ကျွန်တော် အဓိဋ္ဌာန်ခဲ့ တယ်”ဟု ပြန်ပြောပါသည်။

စာဖတ်သူမိတ်ဆွေ –

မယုံမရှိပါနှင့်။ ထိုနေ့က ထွက်သော သုံးလုံး ဂဏန်းသည် ၈၀၈ ဖြစ်ပါသည် ခင်ဗျား။ အောင်စေ တီဘုရားတွင် ရေဘီလူးအစောင့်များ ရှိသည်ကို ကျွန်ုပ် အား လက်တွေ့ပြသွားခဲ့ပါပြီ။ ကျွန်ုပ်၏မိတ်ဆွေက ကျွန်ုပ်အား “ခင်ဗျားက တော်တော် ပဋ္ဌာန်းဆက် နီးတာပဲ” ဟု ချီးကျူးစကားဖြင့် မှတ်ချက်ချပါသည်။

ကျွန်ုပ်နှင့်ဖိုးသူတော်

ကျွန်ုပ်သည် အငြိမ်းစားမယူခင်က လုံခြုံ ရေးအရာရှိအဖြစ် နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါ သည်။ ကျွန်ုပ်၏ဇနီးမှာ ရှမ်းတိုင်းရင်းသူတစ်ဦး ဖြစ်ပြီး စိတ်ထားအလွန်ဖြူ၍ ဘာသာတရား အလွန် ကိုင်းရှိုင်းသူဖြစ်ပါသည်။ ကျွန်ုပ်၏တစ်သက်တာတွင် ကျွန်ုပ်ဇနီး၏နှုတ်မှ ရုန့်ရင်းကြမ်းတမ်းသော စကား မျိုး၊ ဒေါသဖြင့် ပြောသောစကားမျိုး တစ်ခါမှ မကြားဖူးခဲ့ပါ။ တစ်နေ့ ကျွန်ုပ်အား “အဖေကြီး ညက ကျွန်မ အိပ်မက်မက်တယ်။ ကျွန်မတို့ အိမ် ခေါင်းရင်းဘက်မှာရှိတဲ့ ဆိတ်ဖလူးပန်းပင် တွေ့တယ် မဟုတ်လား။ ဆိတ်ဖလူးပန်းပင်ပေါ်က ဝတ်ဖြူစင် ကြယ်နဲ့ ဘိုးသူတော်တစ်ပါး ဆင်းလာပြီး ကျွန်မကို လက်ပေါ်မှာ ဂဏန်းရေးပေးသွားတယ်။ ကျွန်မက “နှစ်လုံးတည်းလား၊ နောက်တစ်လုံးက ဘာလဲ” လို့မေးတော့ ဖိုးသူတော်က “အားလုံးပေါင်း ၁၅ ဖြစ်ရင် ပြီးရော”လို့ ပြောသွားတယ်။ “အဲဒါ နောက် တစ်လုံးက ဘာထည့်ရမလဲ” ဟုပြောပါသည်။ ကျွန်ုပ်မှ မင်းကလည်းကွာ ရှင်းရှင်းလေးပဲ။ ဝ, သုညပဲရှိတော့တာပေါ့”ဟု ပြောပြလိုက်ပါသည်။ ထိုစဉ်က ၁၉၈၆ ခုနှစ်လောက်က ကျွန်ုပ်တို့ တာဝန်ကျသော မြို့နယ်လေးသည် ပဲခူးရိုးမ၏အစွန် မြို့နယ်လေးဖြစ်ရာ နှစ်လုံး သုံးလုံး ဂဏန်းများ ခေတ်မစားသေးသော အချိန်ဖြစ်ပါသည်။ နောက် တစ်နေ့တွင်မှ အခြားမြို့မှ ကျွန်ုပ်မိတ်ဆွေတစ် ယောက် ရောက်လာ၍ မေးတော့မှ သုံးလုံးဂဏန်း (ဝ၈၇) ဖြစ်ကြောင်း သိရပါသည်။ ကျွန်ုပ်၏ဇနီး အိပ်မက်အတိုင်း ကွက်တိပင်ဖြစ်ပါသည်။

မောင်ရွှေကျေး

(တွံတေး)