ယုံကြည်မှုအမှား – အောင်အေး(ရန်ကုန်တက္ကသိုလ်) –

 

တစ်ခါတုန်းက မြစ်ကမ်းနဖူးဘေးမှာ ရွာလေး တစ်ရွာရှိတယ်။ အဲဒီရွာက ရွာသူရွာသားတွေဟာ ထာဝရဘုရားသခင်ကို ယုံကြည်ကိုးကွယ်ကြတာမို့ ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဆောက်ထားကြပါ တယ်။ ရွာထဲက ဘုရားသခင်ကို အယုံကြည်ဆုံးလူ တစ်ယောက်ကို ရွေးပြီး ဘုရားကျောင်းမှာ နေခိုင်း ပါတယ်။ သူ့ကို ဘုရားကျောင်းရဲ့ ဝေယျာဝစ္စတွေ လုပ်ကိုင်ဖို့၊ စောင့်ရှောက်ဖို့ တာဝန်ပေးထားကြ တယ်။ တစ်ခါတုန်းက မြစ်ကမ်းနဖူးဘေးမှာ ရွာလေး တစ်ရွာရှိတယ်။ အဲဒီရွာက ရွာသူရွာသားတွေဟာ ထာဝရဘုရားသခင်ကို ယုံကြည်ကိုးကွယ်ကြတာမို့ ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဆောက်ထားကြပါ တယ်။ ရွာထဲက ဘုရားသခင်ကို အယုံကြည်ဆုံးလူ တစ်ယောက်ကို ရွေးပြီး ဘုရားကျောင်းမှာ နေခိုင်း ပါတယ်။ သူ့ကို ဘုရားကျောင်းရဲ့ ဝေယျာဝစ္စတွေ လုပ်ကိုင်ဖို့၊ စောင့်ရှောက်ဖို့ တာဝန်ပေးထားကြ တယ်။ ဒီလိုနဲ့ ရွာသူရွာသားတွေဟာ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ ဘုရားရှိခိုးတာ၊ ကျမ်းစာဖတ်တာ တွေ စုဝေးလုပ်ကိုင်ကြတယ်။ ဘုရားကျောင်းစောင့် တာဝန်ရှိသူဟာလည်း သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တာမို့ ရွာသူရွာသားတွေက သူ့ကို ချစ် ခင်ကြပါတယ်။ တစ်နေ့မှာ မြစ်ရဲ့ အထက်အညာမှာ မိုးကြီး သည်းထန်စွာ ရွာသွန်းနေတာမို့ မြစ်ရေလျှံတက်လာ တယ်။ မြစ်ရေလျှံတက်တဲ့အနေအထားကို အကဲ ခတ်ရတာ တစ်ရွာလုံး ရေနစ်မြုပ်နိုင်တာမို့ ရွာသူ ရွာသားတွေဟာ တောင်ကုန်းပေါ် ရွှေ့ပြောင်းကြဖို့ ပြင်ဆင်ကြတယ်။ အဝတ်အစားတွေ၊ စားနပ်ရိက္ခာ တွေကို ထုပ်ပိုးပြီး ရွာထဲကနေ ထွက်ကြတယ်။ လူ တစ်ယောက်က ဘုရားကျောင်းအစောင့်ကို သတိ ရတာနဲ့ အပြေးအလွှား သွားခေါ်တယ်။

 

“ကျောင်းစောင့်ကြီး၊ ကျောင်းစောင့်ကြီး၊ ကျွန်ုပ် တို့အားလုံး တောင်ကုန်းပေါ် ရွှေ့ပြောင်းနေကြပြီ၊ တစ်ခါတည်း လိုက်ခဲ့ပါ၊ မကြာခင်မှာ ရွာထဲကို ရေ တွေ ဝင်တော့မယ်”

ကျောင်းစောင့်က ခေါင်းခါတယ်။

“သင်တို့ပဲ သွားကြပါ၊ ကျွန်ုပ်က ဘုရား ကျောင်းအစောင့်ပဲ၊ ဒုက္ခရောက်ရင် ဘုရားသခင်က ကယ်လိမ့်မယ်”

လာခေါ်တဲ့လူလည်း လှည့်ပြန်သွားရတယ်။ မြစ် ရေတွေဟာ ရွာထဲကို ဝင်လာပါပြီ။ ဘုရားကျောင်း ထဲကိုလည်း ဝင်လာလို့ ကျောင်းစောင့်ဟာ စားပွဲ တစ်လုံးပေါ် တက်ရပ်နေရတယ်။ ရေတွေက တစ် စစနဲ့ ပိုများလာတယ်။ စားပွဲခုံတောင် မြှုပ်သွားတော့ သူက ဘုရားကျောင်းရဲ့ ပြတင်းပေါက်ဘောင်ပေါ် မှာ တက်ရပ်နေလိုက်တယ်။ စိတ်ထဲကလည်း ဘုရား သခင်ကယ်ပါဦးလို့ တနေတယ်။ အဲဒီအချိန်မှာ ရွာသားတစ်ယောက် လှေတစ်စီး လှော်ပြီး ရောက်လာတယ်။

“ကျောင်းစောင့်ကြီး၊ ကျောင်းစောင့်ကြီး၊ သင် ကျန်နေသေးတယ်လို့ ပြောကြလို့ ကျွန်ုပ် လှေနဲ့ လာခေါ်တာ၊ လိုက်ခဲ့ပါ”

ကျောင်းစောင့်က ငြင်းဆန်ပါတယ်။

“သင့်ဘာသာ ပြန်သွားပါ၊ ကျွန်ုပ်က ဘုရား ကျောင်းကို စောင့်နေတာ၊ ဒုက္ခမရောက်ပါဘူး၊ ဒုက္ခ ရောက်ရင် ဘုရားသခင် ကယ်လိမ့်မယ်”

လှေနဲ့ လာကယ်တဲ့ရွာသားလည်း ပြန်သွားရ တယ်။ ရေက ပိုတက်လာတော့ ရေမျက်နှာပြင်ဟာ ပြတင်းပေါက်ထက် ပိုမြင့်သွားပြီ။ ကျောင်းစောင့် ဟာ ဘုရားကျောင်းခေါင်မိုးပေါ် တက်နေ၇တော့ တယ်။ စိတ်ထဲကနေ ဘုရားသခင် ကယ်ပါဦးလို့ တနေတယ်။ သိပ်မကြာခင်မှာ ရေဘေးကယ်ဆယ်ရေးအဖွဲ့ က ရဟတ်ယာဉ်တစ်စီး သူ့ဦးခေါင်းပေါ် ရောက်လာ တယ်။ သူ တွယ်ပြီး တက်လာဖို့ ကြိုးလှေကားကို ချပေးတယ်။ သူက ထုံးစံအတိုင်း ငြင်းလိုက်တယ်။ သူ့ကို ဘုရားသခင် လာကယ်လိမ့်မယ်လို့ ယုံကြည် ထားတာမို့ ဘယ်သူကယ်တာကိုမှ လက်မခံနိုင်ပါ ဘူး။ ရဟတ်ယာဉ်လည်း မတတ်နိုင်ဘဲ လှည့်ပြန် သွားရတယ်။ အဲဒီနောက်တော့ မိုးကြီးသည်းထန်စွာ ရွာသွန်း လာပြီး မိုးကောင်းကင်တစ်ခုလည်း မည်းမှောင်သွား တယ်။ လျှပ်စီးတွေ လက်၊ မိုးတွေ ထစ်ချုန်းလာ လို့ ကျောင်းစောင့်ဟာ ထိတ်လန့်ကြောက်ရွံ့လာ တယ်။ တစ်ကိုယ်လုံး မိုးရေတွေနဲ့ စိုရွှဲနေပြီး ရေ တွေကလည်း ကျောင်းခေါင်မိုးနားအထိ တက်လာ နေပါပြီ။ ဒီလိုနဲ့ မိုးတွေ၊ လေတွေ၊ ရေတွေ တိုးလို့ သာ သည်းလာပြီး ညမိုးချုပ်သွားတော့ သူ ပိုကြောက် လာပါတယ်။ တစ်နေ့လုံးလည်း ဘာမှမစားရ၊ မိုးထဲ လေထဲမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေပြီမို့ သူ ဘယ်လောက်ပဲ ဆုတောင်းဆုတောင်း ဘုရားသခင် က လာမကယ်ပါလားလို့ စိတ်ထဲကနေ ညည်းညူ မိတယ်။ အဲဒီအချိန်မှာပဲ အသံဩဇာနဲ့ပြည့်စုံတဲ့ အသံတစ်သံကို နားထဲမှာ ကြားလိုက်ရတယ်။

“အသင်လူမိုက်၊ အသင့်ကို ကျွန်ုပ်ကယ်တာ သုံးခါ ရှိပြီ၊ အသင့်ဘာသာ မိုက်မဲပြီး အကယ်မခံ တာပဲ၊ ဒီတစ်ညတော့ သင်မိုက်မဲတဲ့ဒဏ်ကို သင့်ဘာသာ ခံပြီး မနက်မိုးလင်းတဲ့အချိန် ကယ်မယ့်သူ ရောက်လာပါစေလို့သာ ဆုတောင်းပေတော့”

 

Source: short wisdom stories

အောင်အေး (ရန်ကုန်တက္ကသိုလ်)