မိတ်ဆွေများအနေနှင့် မိမိသည် မြို့တစ်မြို့ ရွာတစ်ရွာ၌ အခြေချ၍ လုပ်ကိုင် စားသောက်ရန်
စိတ်ကူးပြီဆိုပါက အောက်ပါတွက်နည်းကလေးနှင့် တွက်ကြည့်သင့်ပေသည်။
ဦးစွာ မိမိအခြေချနေထိုင်လုပ်ကိုင်လိုသော မြို့ရွာ၏ အစစာလုံးနံကိုယူပါ။
ဥပမာ-တောင်ကြီး ဆိုလျှင် စနေနံ (၇)ဂဏန်း၊ မကွေးဆိုလျှင် ကြာသပတေးနံ (၅)ဂဏန်းကို ယူရမည်ဖြစ်ပါသည်။
မန္တလေးကဲ့သို့ နေရာမျိုးဆိုလျှင်မူ ချမ်းမြ သာစည်ဆိုပါက တနင်္လာနံ (၂)ဂဏန်း၊ ရန်ကုန်ကဲ့ သို့နေရာမျိုးဆိုလျှင်မူ တောင်ဥက္ကလာဆိုလျှင် စနေနံ(၇)ဂဏန်း စသဖြင့် ကောက်ယူနိုင်ပါသည်။
တွက်နည်းမှာ –
မိမိ၏မွေးနံဂဏန်းနှင့် အခြေချနေထိုင် လုပ်ကိုင်လိုသော မြို့ရွာ၏ နံနှစ်ခုကို ပေါင်းပြီး ၅ နှင့် မြှောက်ရပါမည်။ ပြီးနောက် ၇ ဖြင့် စားရပါမည်။
ဥပမာ-တနင်္ဂနွေသားတစ်ဦးသည် တောင်ဥက္ကလာ၌ အခြေချ၍ လုပ်ကိုင်စား သောက်လိုသည် ဆိုပါစို့ …။
တနင်္ဂနွေသား၏မွေးနံ ၁ နှင့် တောင်ဥက္ကလာဟူသော စနေနံ ၇ ကို ပေါင်းလျှင် ၈ ရပေသည်။ ၄င်း ၈ ကို ၅ နှင့်မြှောက်သော် ၄၀ ရပါသည်။
၎င်း ၄၀ ကို ၇ နှင့်စားသော် ၅ ကြွင်းပါသည်။
၁ ကြွင်းသော် ပစ္စည်းဥစ္စာ မမြဲတတ်ပါ။
၂ ကြွင်းသော် ရတနာ ရွှေငွေ အသုံးအဆောင်များ ပေါများ ပြည့်စုံတတ်ပါသည်။
၃ ကြွင်းသော် ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကိုင်စားသောက်ရတတ်ပါသည်။
၎ ကြွင်းသော် နာမည်ဂုဏ်သတင်း ရာထူး ဂုဏ်ရှိန် ကျော်ဇောတတ်ပါသည်။
၅ ကြွင်းသော် ယာဉ်ရထား၊ ကား၊ ဆိုင် ကယ်၊ အောက်လက်ငယ်သား စသည်တို့ ပြည့်စုံ တတ်ပါသည်။
၆ ကြွင်းသော် ပင်ပန်းရကျိုးမနပ် ဖြစ်ရတတ် ပါသည်။
ဝ ကြွင်းသော် ကြီးပွားချမ်းသာမှုအားကောင်း တတ်ပါသည်။
အေးချမ်းမြိုင်(လှိုင်)