ကျွန်မတို့အနေနှင့် ခရီးအနီး အဝေးများ မကြာမကြာဆိုသလို သွား ဖြစ်ကြပါတယ်။ လွယ်ကူ ဖြောင့်ဖြူးတဲ့ ခရီးလမ်း ရှိတတ်သလို ကြမ်းတမ်းခက် ထန်တဲ့ခရီးတွေလည်း ရှိတတ်ပါတယ်။
ရှေးဆရာကြီးတွေက ခရီးတစ်ခုသွားခါနီးမှာ ခရီးလမ်းပန်း အေးချမ်းဖြောင့်ဖြူးဖို့အတွက် နည်းလေးတစ်ခု လမ်းညွှန်လေ့ရှိပါတယ်။
အဲဒီနည်းလေးကို အကြောင်းတိုက်ဆိုင်တိုင်း ဆရာဇင်ယော်နီက ပြန်ပြန်ပြောပြတတ်လို့ မှတ်မှတ်ထင်ထင် ရှိနေရပါတယ်။
အလွန်ခက်ခဲတဲ့နည်းတစ်ခု မဟုတ်ပါဘူး။ နည်းကလေးက လွယ်ပါတယ်။
ခရီးတစ်ခု သွားတော့မယ်ဆိုရင် ကြေးဖလားလေးတစ်လုံး၊ ဒါမှမဟုတ် ရေခွက်လေးတစ်ခွက်ထဲ မှာ ရေထည့်ပြီး ‘ဣတိ’ဆိုပြီး အခေါက် (၃၀)ရွတ်ပြီး မန်းရမှာဖြစ်ပါတယ်။
ပြီးတော့မှ အဲဒီရေကို မိမိခရီးသွားမယ့် လမ်းခရီးဘက်ကို ဖြန်းတောက်ရင်း ခရီးလမ်းပန်း အေး ချမ်းဖို့ ဆုတောင်းရမှာဖြစ်ပါတယ်။
မိမိခရီးသွားရာမှာ အသုံးပြုမယ့် လှေဦး၊ လှည်းဦး၊ ကားဦး၊ ဆိုင်ကယ်ဦးတွေမှာလည်း ပက် ဖြန်းနိုင်ပါတယ်။
အဲဒါလေးကတော့ဖြင့် ခရီးတစ်ခုခုသွားခါနီးမှာ ဆောင်ရွက်သွားသင့်သောနည်းလေးတစ်ခုလည်း ဖြစ်ပါတော့တယ်ရှင် …။
အေးချမ်းမြိုင်(လှိုင်)
(မှတ်ချက်။ ။ ဆရာမအေးချမ်းမြိုင်နှင့် ဆက်သွယ်လိုပါသော် ဖုန်း ဝ၉ ၄၄၈၀ဝ၄၇၃၀)