ကျွန်မတို့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ ဗေ ဒင်ပရိသတ်တွေထဲမှာ သူတို့မိသားစုတွေထဲကနေ နိုင်ငံရပ်ခြားမှာသွားပြီး အလုပ်လုပ်ကိုင်နေသူတွေ အလွန်များပြားလှပါတယ်။
ရပ်ဝေးမြေခြား တိုင်းတစ်ပါးမှာ အလုပ်အ ကိုင် အဆင်ပြေနေသူတွေရှိသလို အဆင်မပြေဖြစ် တဲ့အခါတွေမှာလည်း ကျွန်မတို့ကို ပြေးပြီး သတိရ မိလို့ ရောက်လာကြသူတွေ မရှားလှပါဘူးရှင်။
ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် အလုပ်အကိုင် အဆင်ပြေဖို့ဆိုတာကတော့ မိမိကိုယ် တိုင် ကြိုးစားဖို့ကတော့ အဓိကပါပဲ။
ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားနေတဲ့ကြား က နိုင်ငံရပ်ခြားမှာ အလုပ်အကိုင် အဆင်မပြေဖြစ် လာတယ်ဆိုရင်တော့ ဟောဒီနည်းလေးကို ဆောင် ရွက်ဖို့ပါပဲ။
အင်မတန်လွယ်ပါတယ်ရှင်။ ဒီတိုင်းပြည်မှာ ရှိနေတဲ့ မိသားစုထဲက တစ်ယောက်ယောက်ရဲ့ခြေ ထောက်မှာ အနာလေးဘာလေး ရှိတတ်ပါတယ်။ ယားလို့ကုတ်လိုက်တာ အစင်းကြောင်းလေးထင်သွား တာမျိုးပဲဖြစ်ဖြစ်ပေါ့ရှင် …။
သတင်းစာစက္ကူလေးတစ်ရွက်ကိုတစ်လက်မ ပတ်လည်လောက် သုံးထောင့်ချွန်းပုံစံ၊ တြိဂံပုံစံလေး ဖြစ်အောင် ကတ်ကြေးနဲ့ ညှပ်လိုက်ပါ။ ပြီးတော့ အဲဒီစက္ကူကို တံတွေးလေးအနည်းငယ်ဆွတ်ပြီး ခြေ ထောက်ကအနာကို ကပ်ရင်း ဘယ်နိုင်ငံကိုရောက် နေသော၊ ဘာနေ့သားသမီး မောင်ဘယ်သူ၊ မဘယ် သူ အလုပ်အကိုင် ဘယ်လိုအဆင်ပြေပါစေ … စသည်ဖြင့် ဆုတောင်းလိုက်ဖို့ ဖြစ်ပါတယ်။
နည်းကလေးက အလွန်လွယ်ကူပေမယ့် အံ့ ဩအောက်အောင် အစွမ်းပြလိမ့်မယ်ဆိုတာကို လက် တွေ့ သိရစေပါမယ်တဲ့ရှင် …။
အေးချမ်းမြိုင်(လှိုင်)