သင့်ရဲ့ ချက်ပုံစံက ပြောပြနေတဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ

လူတွေတစ်ယောက်နဲ့တ်စ်ယောက် မတူညီကြသလိုပဲ ချက်ပုံစံ တွေလည်း အမျိုးမျိုးကွဲပြားကြပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေတဆင့် သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို သိရှိနိုင်ပြီး ထိုအစိတ်အပိုင်းတွေထဲမှာ ချက်လည်း ပါဝင်ပါတယ်။

၁။ Protruding navel (ချက်ပြူး)

ယခုလိုချက်အပြင်ကိုပြူးထွက်နေတဲ့ ချက်ပုံစံကို ပိုင်ဆိုင်ထားသူတွေဟာ အလွန်ခေါင်းမာတဲ့ သဘောထားရှိသူတွေ ဖြစ်ကြပြီး စိတ်ဓါတ်လည်း အလွန်ကြံ့ခိုင်ကြပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ပြီး အာရုံစိုက်ခံရဖို့အတွက် ရှာဖွေနေတတ်ပြီး အချစ်ရဲ့စွမ်းအားကို အမွှန်းတင်ဖို့ အသင့်ရှိနေသူတွေပါ။ ဒါပေမယ့်လက်တွဲဖော်အစစ်အမှန်ကို ရှာဖွေဖို့အတွက်ကတော့ အခြားသူတွေထက် ပိုခက်ခဲနိုင်ပါတယ်။

၂။ Large and deep navel (ကြီးပြီး နက်တဲ့ချက်)

ယခုလိုချက်ပုံစံမျိုး ပိုင်ဆိုင်ထားသူတွေဟာ သဘောထားကြီးပြီး အပေးအကမ်းရက်ရောသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ကိုယ်ပိုင်အတွေ့အကြုံတွေအပေါ် အခြေခံပြီး ကြင်နာတဲ့နှလုံးသား ရှိသူတွေဖြစ်ကြပါတယ်။ သို့သော်လည်း သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့အလိုကျ ကိုယ့်ကိုယ်ကို ပြောင်းလဲမှာမဟုတ်သလို ကိုယ်ပိုင်ဘဝမှာပဲ အသက်ရှင်ရပ်တည်တတ်ကြပါတယ်။

၃။ Small and shallow navel (သေးပြီးတိမ်တဲ့ချက်)

ယခုလိုချက်အမျိုးအစားကို ပိုင်ဆိုင်ထားရင်တော့ ကိုယ့်ရဲ့ခြေလှမ်းတိုင်းကို အရမ်းသတိထားရမယ်လို့ ဆိုလိုပါတယ်။ အဆိုပါချက်ပိုင်ရှင်တွေရဲ့ ပတ်ဝန်းကျင်မှာ သဘောထားအတုအယောင်နဲ့ လူတွေပေါများနေပြီး ကံကောင်းတာတစ်ခုက လူတွေရဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အရည်အချင်းရှိနေပါတယ်။ အထူးသဖြင့် ကိုယ်နဲ့အရင်းနှီးဆုံးလူတွေကိုပဲ ယုံကြည်တာအကောင်းဆုံးပါ။

၄။ Downward navel(အောက်ဖက်ရောက်နေတဲ့ချက်)

ယခုလိုချက်ပုံစံကိုပိုင်ဆိုင်ထားရင်တော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေအပေါ် စိတ်ဝင်စားမှုနည်းပြီး အနည်းငယ်ပျင်းတဲ့စရိုက် ရှိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ပျင်းရိမှုကပဲ ဘယ်လိုအလုပ်မျိုးကိုမဆို စမတ်ကျကျလုပ်နိုင်ပြီး လွယ်ကူစေတဲ့နည်းလမ်းတွေကို ရှာဖွေပေးပါလိမ့်မယ်။

၅။ Ovel navel shape (ဘဲဥပုံချက်)

ယခုလိုချက်ပိုင်ရှင်တွေဟာ များပြားတဲ့အရာတွေအပေါ်မှာ အရမ်းကိုအလေးအနက်ထားလွန်းသူတွေဖြစ်ကြပြီး လက်တွေမကျတဲ့ အမူအကျင့်တွေကြောင့် စိတ်မချမ်းမသာဖြစ်ရတဲ့ အခိုက်အတန့်တွေများပါတယ်။ ဒါပေမယ့် ကောင်းတာတစ်ခုက အလုပ်အပေါ် စိတ်ရောကိုယ်ပါမြှပ်နှံထားသူတွေ ဖြစ်ကြပြီး အရမ်းကိုတက်ကြွသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်စိတ်တော့ သိပ်မရှည်ကြပါဘူး။

၆။ Wide belly button (ကျယ်ပြန့်သောချက်)

အဆိုပါချက်ပိုင်ရှင်တွေဟာ ဘယ်လိုလူနဲ့ပဲတွေ့ဆုံပါစေ၊ အလွန်သတိထားပြီး ဆက်ဆံတတ်တဲ့စရိုက်ရှိနေပြီး သူစိမ်းတစ်ယောက်ကိုတွေ့တဲ့အခါတိုင်း အလွန်အမင်းအကဲခတ်တတ်ကြပါတယ်။ သူတို့နဲ့အရမ်းရင်းနှီးပြီး စိတ်ချရတဲ့သူတွေကိုသာ ယုံကြည်တတ်ကြပါတယ်။

LM_Naung_Naung

Credit : Lifestyle_Myanmar