လူမျိုးတိုင်း၊ ဘာသာအမျိုးမျိုးနှင့် နိုင်ငံသား တိုင်းအဖို့ အစွဲအလမ်းများ ရှိနေတတ်ကြသည်။ မိရိုးဖလာယုံကြည်မှု ကိစ္စရပ်များကိုလည်းစွဲကိုင် ထားတတ်ကြပြန်ပါသေး၏။ မိမိတို့နိုင်ငံကား လူတိုင်း လူတိုင်း နှစ်သက်ရာ ဘာသာကို ကိုးကွယ်ဆည်းကပ်ခွင့်ရသကဲ့သို့ ယုံကြည်မှု ဓလေ့စရိုက်တွေကိုလည်း လွတ်လပ်စွာပင် အကောင်အထည်ဖော်ခွင့် ရနေကြသည်။
ရက်ရာဇာကို ချစ်မက်ကြသည်။ ပြဿဒါးကို ရွံကြောက်ကြသည်။ အထူးသဖြင့် အမှောင်ဓာတ်အား ကြီးလှစွာသော ရာဟုကာလကို အလေးအနက် ရှောင်ကြဉ်လိုကြသည်။ လောကီဆရာ အသီးသီးကလည်း ရာဟုကာလအား ရှောင်ကြဉ်ကြစေသည်။ အထူးသဖြင့် ရာဟုကာလရောက်လျှင် မည်သည့်မင်္ဂလာအခါမျှ မလုပ်စကောင်း၊ လုပ်ကိုင်မိပါက အလွဲအလွဲ အချော်ချော်နှင့် အဆင်မပြေမှုများ၊ ကမောက်ကမဖြစ်ရပ်များ၊ ဘေးအန္တရာယ်ဆိုးများနှင့် ကြုံတွေ့ရင်ဆိုင်နိုင်ကြသည်ဟု ယူဆပြီး ရှောင်ကြဉ်ကြစေသည်။ ဤ၌ စာရှုသူတို့အတွက် မည်သည့် နေ့ရက်သို့ ရောက်ပါက ရှောင်ကြဉ်သင့်ရှောင်ကြဉ်ထိုက်သည့် ရာဟုကာလကို ဖော်ပြလိုပါသည်။ ထိုရာဟုကာလသို့ ရောက်ပါက မည်သည့်မင်္ဂလာအခါမျှ မလုပ်သင့်ပါကြောင်း သတိပေးလိုပါ၏။
၁။ တနင်္ဂနွေနေ့၌ –
ညနေ (၄း၃၀) နာရီမှ ညနေ (၆းဝဝ) နာရီ တိတိ အထိကို ရှောင်ကြဉ်ပါ။
၂။ တနင်္လာနေ့၌ –
နံနက် (ရး၃၀) နာရီမှ နံနက် (၉းဝဝ) နာရီ တိတိ အထိကို ရှောင်ကြဉ်ပါ။
၃။ အင်္ဂါနေ့၌ –
ညနေ (၃းဝဝ) နာရီမှ နေ့လယ် (၄း၃၀) နာရီ တိတိ အထိကို ရှောင်ကြဉ်ပါ။
၄။ ဗုဒ္ဓဟူးနေ့၌ –
မွန်းတည့် (၁၂းဝဝ) နာရီမှ နေ့လည် (၁း၃၀) နာရီ တိတိ အထိကို ရှောင်ကြဉ်ပါ။
၅။ ကြာသပတေးနေ့၌ –
နေ့လည် (၁း၃၀) နာရီမှ ညနေ (၃းဝဝ) နာရီ တိတိ အထိကို ရှောင်ကြဉ်ပါ။
၆။ သောကြာနေ့၌ –
နံနက် (၁၀း၃၀) နာရီမှ မွန်းတည့် (၁၂းဝဝ) နာရီ တိတိ အထိကို ရှောင်ကြဉ်ပါ။
၇။ စနေနေ့၌ –
နံနက် (၉းဝဝ) နာရီမှ နံနက် (၁၀း၃၀) နာရီ တိတိ အထိကို ရှောင်ကြဉ်ပါ။
ဘုန်းလကျာ်အောင်