ငွေပေးငွေယူ လွဲမှားမှု

ကာလတစ်ခုဆီတုန်းက ကျွန်တော်သည် ကုန်ရောင်းကုန်ဝယ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ရန်ကုန်တွင် တစ် နေရာတည်း နေရသည်မရှိဘဲ အနယ် နယ်အရပ်ရပ်သို့ အမြတ်ရှိနိုင်မည့် ကုန် စည်တို့ ရောင်းနိုင်ရန်၊ ဝယ်ယူနိုင်ရန် လေ့ လာစုံစမ်း သွားလာနေရသည်။ အလုပ်အပေါ်တွင် ဝီရိယထားသည်မို့ အကျိုးရှိတန်သလောက် ရှိခဲ့ ပါသည်။
အရောင်းအဝယ်လုပ်ငန်းဆိုတော့ ကျွန်တော့် အဖို့ ငွေနှင့်ကင်းကွာ၍မရပါ။ ရောင်းထွက်သမျှ ကုန် တွေအတွက် ရသောငွေကို စာရင်းဇယားမှတ်ပြီး သိမ်းဆည်းရသလို ဝယ်ယူရန် ကုန်စည်များအတွက် ပေးရမည့်ငွေကိုလည်း စာရင်းဇယားတို့ ထားရလေ သည်။ အရောင်းအဝယ်ကိစ္စ၌ စာရင်းဇယား၏ အခန်းကဏ္ဍမှာလည်း အရေးကြီးလှပါသည်။
တစ်နေ့မှာတော့ ဘယ်ကဘယ်လိုဖြစ်သည် မသိ။ ကျွန်တော့်ထံ ကျွန်တော်အလိုရှိနေသည့် ကုန် များအား ကုန်သည်တစ်ယောက်က လာရောက် ပို့ ဆောင်ပါသည်။ ရော့ပတ္တမြား၊ ရော့နဂါး ဆက်ဆံ လာကြသည်မို့ ထိုကုန်သည်အပြန်၌ ၎င်း၏ကုန်များ အတွက် ကျသင့်ငွေကို အကျေပေးချေလိုက်ပါသည်။ ကုန်သည်လည်း ပေးငွေများကိုယူဆောင်ကာ ပြန် သွားခဲ့လေသည်။
ထိုညရောက်၍ ငွေဝင်ငွေထွက်စာရင်းကို စစ် ဆေးလိုက်သောအခါ ခေါင်းထဲ ဒိန်းခနဲဖြစ်သွားပါ တော့၏။ အကြောင်းမူ မနက်တုန်းဆီက ကုန်သည် အားပေးလိုက်သည့်ငွေတွင် ငွေတစ်သိန်းတိတိ မှားပါသွား၍ဖြစ်ပါသည်။ ကိုယ့်ဘက်က မှားနေ၍ မရှူ သာ မရှိုက်သာ ဖြစ်ရပါသည်။ မစားရ၊ မသောက်ရနှင့် ဆုံးရှုံးသွားရလေသည့်အတွက် ရင်တစ်ခုလုံး ပူလောင်နေပါတော့သည်။ ထိုအဖြစ်ကို သိရှိသွားသည့် ကျွန်တော့်ယောက္ခမကြီးက –
“ဘာမှမပူပါနဲ့ကွယ်။ ငါပြောသလို လုပ်ကြည့်စမ်းပါ။ အကျိုးထူးပါလိမ့်မယ်”
ဟု ပြောလေရာ ကျွန်တော်သည် ပြန်ရလို ရလာငြား လုပ်ကြည့်ပါတော့သည်။ ယောက္ခမကြီး မှာ ဗေဒင်ပညာကို လိုက်စားသူဖြစ်ပါသည်။
“ရေသန့်သန့်လေးတစ်ခွက်ယူ၊ အဲသည်ထဲမှာ ကျောက်ခဲတစ်လုံးထည့်၊ ပြီးရင် အဲသည်ရေထဲ က ကျောက်ခဲမှာ ကုန်သည်ရဲ့ မျက်နှာပေါ်အောင် အာရုံယူပြီးကြည့်၊ မေတ္တာတွင်တွင်ပို့၊ နောက် ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာ မိ ဆိုတဲ့ သရဏဂုံသုံးပါးကို ၂၇ ခေါက် ရွတ်ဆိုပေး ပြီးရင် မေတ္တာပို့၊ ဟုတ်ပလား”
ထိုညက ကျွန်တော်လည်း ယောက္ခမကြီး စီစဉ်ညွှန်ကြားသည့်အတိုင်း ယုံကြည်မှု အရင်းခံ လျက် တစ်သဝေမတိမ်း လုပ်ခဲ့ပါသည်။
အံ့ဩစရာတော့ အကောင်းသားပင်။
နောက်နေ့ မနက်ခင်း၌ ကုန်သည်သည် ၎င်းထံ အပိုပါသွားသည့် ငွေတစ်သိန်းတိတိအား လာရောက်ပေးအပ်သွားလေရာ ကျွနု်ပ်အဖို့ ပူလောင်သော ရင်တို့အေးမြသွားပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတော့သည်။ လောကီပညာရပ်များကား ပြောမယုံ၊ ကြုံဖူးမှ သိဆိုသကဲ့သို့ အံ့ဩဖွယ်ကောင်းလှပါချေတကား။

ဘိုးသာမြေး