ယောက်ကျားလေးများအတွက် ( သီးသန့်) ဗေဒင် (ဘယ်လိုအမျိုးသမီးနဲ့ အိမ်ထောင်ကျမလဲ)

မြန်မာ သက္ကရာဇ်ကို ၄ နဲ့မြှောက် မြောက်လို့ရတဲ့ အဖြေကို ၇ နဲ့ စား အကြွင်းကို အောက်မှာ ဖတ်ပါ။

[မြန်မာမွေးသက္ကရာဇ်ရှာနည်း – မွေးနှစ် ခရစ်နှစ်ထဲက (April 16 ရက် မကျော်လျှင်) – ၆၃၉ ကိုနှုတ်ပါ = မွေးနေ့ မြန်မာသက္ကရာဇ်ရမည်၊ မွေးနှစ် ခရစ်နှစ်ထဲက (April 16 ရက်ကျော်လျှင်) – ၆၃၈ နှုတ်ပါ = မြန်မာသက္ကရာဇ်ရမည်]

(အကြွင်း ၇ ဆိုလျှင် အကြွင်း ဝဟောကိန်း နှင့် အတူတူဖြစ်သည်၊
အကြွင်း ၈ ဆိုလျှင် အကြွင်း ၁ ဟောကိန်းနှင့် အတူတူဖြစ်သည်၊
အကြွင်း ၉ ဆိုလျှင် အကြွင်း ၂ နှင့် အတူတူဖြစ်သည်)

အကြွင်း( 1 )

ရခဲ့ရင်တော့လက်မ ထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။ ကိုယ်ရမဲ့မိန်းကလေးကအပြစ်ကင်းသူလေးပါ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။ အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ။ ရီးစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ။ အလုပ်တဖက် ပညာတစ်ဖက်နဲ့ ဘဝသမားလေးပါ။

ကိုယ်ပိုင်အစွမ်း အစနဲ့ နေနိုင်တဲ့သူ၊ ဉာဏ်ထက်မြက်တဲ့သူလေးပါ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့ တည်တည်ကြည်ကြည်နဲ့ နေထိုင်တက်သူဖြစ်မယ်။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ်။ ခေတ်မီပေမဲ့ ခေတ်မဆန်ဘူး။ သဝန်လေးတော့ ကြောင်တက်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့ ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မောသွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့ ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင်မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော်။

အကြွင်း( 2 )

ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့။ ကိုယ့်ကတော့ အချစ်သူရဲကောင်းကြီးပါ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွတ်ကြင်နာတက်တဲ့သူပေါ့။ ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲဝေဒနာခံစားနေရသူလေးပါ။

သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ။ သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။ အလွန်သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ။

အချောအလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော်။အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအဝိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင် အထင်ခံရလိမ့်မယ်နော်။

အကြွင်း( 3 )

ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ…:D တမျိုးမတွေးနဲ့ဆွေကြီးမျိုးကြီးထဲကဖြစ်ဖြစ်၊မြင့်မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ် ဒီလို မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ဝန်းကျင်အလည်ကပေါ့။ တော်တော်မာနကြီးမှာ။ စိတ်ကြီး ခေါင်းမာ ပညာတတ် နှလုံးသားချိုသောလည်း ဘုဂွပြောတတ်ပြီး တော် ရုံတန်ရုံကို အဖက်မလုပ်တက်တဲ့သူမျိုး၊ ပညာတက်ပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်နိုင်တဲ့သူ၊ တခုတော့ပြောမယ် ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ဝင်လာမဲ့သူမျိုး မဟုတ်ဘူး၊ ကိုယ်ကပဲ သူ့အသိုင်းဝိုင်းထဲဝင်ရလိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့် အနိုင်ကျင့်တဲ့ ဝါသနာတော့ရှိတယ်။

သူနဲ့အိမ် ထောင်ကျပြီးအပေါင်းအသင်း ငယ်မိတ်ဆွေတွေထဲမှ ခပ်ညံ့ညံ့လာလည်ရင်တော် ရန်ဖြစ်မှာ။ ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်ကြောင့်ဘဝမှာ ထူးခြားတဲ့ တိုးတက်မူတွေရရှိမှာ။ သူ့ကြောင့်ပဲ တိုးတက်မှုတွေရ လာလိမ့်မယ်။ သူကလဲကိုယ့်ကို တိုက်တိုက်တွန်းတွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာမှ သူငယ်ချင်းတွေ မိန်းမကြောက်လို့ ပြောရင်တော့ ခံပေတော့။

ဒါပေမယ့် အောင်မြင် တဲ့ ယောင်္ကျားတစ်ယောက်နောက်မှာထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့။

အကြွင်း( 4 )

ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။ အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီးကိုယ့်ဘဝထဲ ရောက်လာမဲ့သူလေးပါ။ လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။ ဘဝအတွေ့အကြုံနည်းပြီး ဘဝကိုအေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံနဲ့နေထိုင်ခဲ့တဲ့သူပါ။

သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ်။

အလွန်သီးခံတက်၊ ခွင့်လွတ်တက်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကိုပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။ မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ်။ အပေးကမ်းလည်းရက်ရောတယ်။ အရာရာကိုယ့်သဘောပါ။ အဲ နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားပဲနော်။ သဘောထားကြိးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တက်ဘူး၊

အပြင်အလုပ်ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။ မိန်းမရကံကောင်းပါတယ်။

အကြွင်း( 5 )

ရခဲ့ရင်တော့ ဆိုရှယ်မမပဲ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ၊ ေဟာ့ရှော့လို့ပြောရမလား၊အလန်းဇယားလို့ပြောရမလား (ရုပ်ရှင်ကြေငြာဝင်တာမဟုတ်ပါ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။

ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင်လားငါလား၊ ရီးစားများတာလား လာမပြောနဲ့ ရှင့်တောင်သနားလို့ ယူထားတာနော်။ လွတ်လပ်မှုကို မြတ်နိုးပြိး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ၊ သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ်။

သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်။ ပညာတော်သင်တော့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ၊ ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ၊ အစားအသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ်။

သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေတောင် မမှတ်မိဖြစ်နေလိမ့်မယ်။

အကြွင်း( 6 )

ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်းလို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ။

သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရီးစားရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ။ မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာ အေးအေးချမ်းချမ်းနေရမှာပါ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ်လိမ့်မယ်။

သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။ နားလည်မှုရှိပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။ အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ဝိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။ သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ။ သင့်ကို သူငယ်ချင်းတွေ ဝိုင်းပြီးအားကျနေလိမ့်မယ်။

အကြွင်း( 0 )

ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ကိုယ့်ထက် တစ်ခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။

အသက်တို့ ပညာတို့ ဂုဏ်တို့ ကိုပြောတာနော်…:D။ ဘာသာမတူတာမျိုးလည်း ဖြစ်တက်တယ်။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ်။ အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ်တက်တယ်။

သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ၊ ကိုယ့်အပေါ်မှာမိခင်မေတ္တာမျိုးနဲ့ ချစ်လိမ့်မယ်။ ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။

ဘဝမှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ။ ခေတ်ပညာတက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။

(အကြွင်း ၇ ဆိုလျှင် အကြွင်း ဝ ဟောကိန်း နှင့် အတူတူဖြစ်သည်၊ အကြွင်း ၈ ဆိုလျှင် အကြွင်း ၁ ဟောကိန်းနှင့် အတူတူဖြစ်သည်၊ အကြွင်း ၉ ဆိုလျှင် အကြွင်း ၂ နှင့် အတူတူဖြစ်သည်)

Credit : မြန်မာရိုးရာဗေဒင်ပညာရပ်