ရွာသူမ

(၁) သူမနာမည်က ရွာသူမတဲ့ အသက်က ၂၁ နှစ် ပညာရေးက ငါးတန်းဖြင့် ကျောင်းထွက်လိုက်ရသည်။ မိခင်ဖြစ်သူ ဒေါ်စိန်ခင်နှင့် နေထိုင်သည်။ သူမက မဟုတ်မခံ ဆတ်ဆတ်ကြဲ။ ရွာထဲမှာ သူ့ကို ရွာသူမလို့ ခေါ်ကြတယ်။ ရွာသူမက စိတ်ရင်းကောင်းသူ၊ သူတစ်ဖက်သားကို ကူညီတတ်သူ။ သူမက မဟုတ်တာ ဘာမှမလုပ်။ ရွာသူမ အလုပ်က မိခင်ကြီးနှင့်အတူ ရွာထိပ်မှာ အကြော်ကြော်ရောင်းသည်။ ရွာသူမက အကြော်တွေကို တစ်လမ်းဝင်တစ်လမ်းထွက်လိုက်ရောင်းသည်။ ရွာတောင်ဘက်က ဖိုးတေက ရွာသူမကို စိတ်ဝင်စားသည်။ ဖိုးတေဆိုတဲ့ကောင်က အရက်သမား၊ ဖဲသမား၊ ကြက်တိုက်သမား။ သူက ရွာသူမအချစ်ကို လိုချင်သူ …။ တစ်နေ့တော့ ရွာသူမ အကြော်ရောင်းပြီး၊ ကန်တောလမ်းက ဖြတ်လာခဲ့သည်။ ထိုစဉ် ဖိုးတေသည် လုံချည်ကို ကွင်းသိုင်းလျက် အရက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ဖိုးတေက ရွာသူမကို မြင်တွေ့လိုက်ရသောအခါ –
“ရွာသူမ … နင် ဘယ်က ပြန်လာတာလဲ”ရွာသူမ ဖိုးတေအမေးကို မဖြေဘဲ မျက်စောင်း နှစ်ခါထိုးပစ်လိုက်သည်။
“မေးနေတယ်”… “ဘာလုပ်မလို့လဲ”… “သိချင်လို့ပေါ့”… “အရီးလေးအိမ်က ပြန်လာတာ”… “ငါလိုချင်တဲ့ အဖြေပေးလေ”… “နင့်လိုကောင်မျိုး ဘယ်တော့မှ အဖြေမပေးဘူး”… “ငါ့မှာ ဘာအပြစ်တွေရှိလို့လဲ”… “နင့်လိုအရက်သမား ဖဲသမား ဒုစရိုက်မျိုးစုံ လုပ်တဲ့လူကို ငါဘယ်တော့မှ မယူဘူး”… “ငါလေ နင့်ကိုချစ်တယ်။ ငါ့ကိုပြန်ချစ်ပါနော်”… “မချစ်ဘူး နင့်လိုကောင်မျိုး ဘာမှ သုံးစား လို့မှ မရတာ”… “နင် နင် ငါ့ကို ရက်ရက်စက်စက်မပြောနဲ့”… “ပြောမှာပဲ …ရာရာစစ”… “ငါ့အချစ်ကို လက်ခံပါ။ ငါနင့်ကို တကယ် ချစ်တာပါ”… “တော်စမ်း နင့်လိုကောင်မျိုးကို ငါဘယ်တော့မှ မချစ်ဘူး။ ငါ့မှာ ချစ်သူရှိတယ်။ သူ့ကိုပဲယူမှာ”
ရွာသူမ ဖိုးတေကို အပြတ်ပြောလိုက်သည်။ ဖိုးတေ မျက်နှာညှိုးနွမ်းသွားသည်။ ရွာသူမကိုတော့ ဖိုးတေက တကယ်ချစ်တာ။ အခုတော့ သူ့မှာ ချစ်သူရှိတယ်ဆိုပါလား။
“တောက်”… ဖိုးတေ ရွာသူမမျက်နှာကိုကြည့်ပြီး တောက်တစ်ချက်ခတ်လိုက်သည်။ “နင် …နင် ငါ့ကိုတောက်ခတ်စရာမလိုဘူး”… “နင့်ကို မရမက ယူမယ်” ဖိုးတေ ပြောဆိုထွက်သွားသည်။ “တောက်” ရွာသူမ ဒေါသထွက်သွားသည်။ “ဟဲ့ ရွာသူမ …နင်ဘာဖြစ်လာတာလဲ”… “ဘာဖြစ်ရမလဲ ဂျမ်းပုံရဲ့ … ဟိုသေနာကောင် ဖိုးတေလေ ငါ့ကိုချစ်ရေးဆိုပြီး မရမက ယူမယ်ပြောဆိုပြီး ထွက်သွားတာ”… “နင်က ဒီကောင်နဲ့သွား မပတ်သက်နဲ့နော်”… “ဝေးပါသေးတယ် … ငါကလည်း ဒီလို ဒုစရိုက်သမားတွေကို ငါက လုံးဝမချစ်ဘူး။ ငါ့မှာ ချစ်သူရှိတယ်။ သူ့ကိုပဲ ငါယူမှာ။ ကိုကိုက ငါ့ကို သိပ်ချစ်တာ”… “ကောင်မ သိပါ့ …ညည်းနော် ဖိုးတေကို သတိထားနော် ဒီကောင်က ယုံရတာမဟုတ်ဘူး။ မိန်းကလေးမြင်တိုင်း ငမ်းငမ်းတက်တဲ့ကောင်”… “ဟုတ်တယ် …ဒီကောင်က စိတ်ထဲမှာ အကောက်ကြံရင် ဘယ်လိုလုပ်မလဲ။ သတိတော့ ထား”… “ဟုတ်တယ် ငါလည်း အပြင်ဘက် မထွက်တော့ဘူး။ ဒီကောင်က ပြောရတာ မဟုတ်ဘူး။ ဆေးသမား”… “ကဲ နင် သတိနဲ့နေနော်”… “အေးပါဟာ”

(၂) “ကိုကို”… “ဘာပြောမလို့လဲ ရွာသူမ”… “ဟိုကောင် ဖိုးတေလေ ရွာသူမကို ရည်းစား စကားပြောတယ်”… “ဟင် ဟုတ်လား”… “ဟုတ်တယ်ကိုကို”… “ရွာသူမ လက်ခံလိုက်တာလား”… “မခံပါဘူး …ကိုကို့ကိုပဲ ချစ်တယ်လို့ ပြောလိုက်တယ်။ တောက်ခတ်ပြီး ထွက်သွားတာပဲ ကိုကိုရယ်… ရွာသူမကြောက်တယ်”… “မကြောက်ပါနဲ့ ကိုကိုရှိပါတယ်”… “ကိုကိုက ရွာသူမနားမှာမှ မရှိတာ။ အလုပ် သွားတယ်လေ”… “အလုပ်ပိတ်ရက်ကျရင် ရွာသူမနားမှာ ကိုကို ရှိနေမှာပါ။ ဒါပေမဲ့ ဒီကောင့်ကို သတိထားရမယ်။ ရွာသူမကို ကိုကို စိတ်မချဘူး။ ရွာသူမ ဘယ်မှ လျှောက်မသွားနဲ့နော်”… “စိတ်ချပါ ကိုကို …ရွာသူမကို ယုံပါနော်”… “ယုံပါတယ်”

(၃) “ရွာသူမ”… “နင် နင် ဘာလာလုပ်တာလဲ …အခု ထွက် သွားထွက်သွား”… “မသွားဘူး …ငါ့ကိုချစ်ပါတယ်လို့ပြောရင် ငါ သွားမယ်။ နင်က ငါ့အချစ်ကို လက်ခံသင့်တာ။ အခု ဟိုဘက်ရွာက ကောင်ကျတော့ လက်ခံတယ်”… “ဟဲ့ စရိုက်ချင်းမှ မတူညီတာ”… “ငါ အားလုံးပြောင်းလဲပစ်မယ်ဆိုရင် နင်ငါ့ အချစ်ကို လက်ခံပေါ့”… “ဝေးသေးတယ်… နင့်လိုကောင်မျိုးကို ငါ ဘယ်တော့မှ မချစ်နိုင်ဘူး။ ငါချစ်တာ ကိုကိုပဲ”… “နင့်ကို ထပ်ပြောလိုက်မယ်။ နင့်ကို မရမက ငါယူမှာ။ နင်က လူပါးသိပ်ဝတယ် ဟိုကောင်ကျရင် ပြုံးလို့ရယ်လို့။ ငါ့ကိုတော့ နင်က မျက်နှာကို ဆူပုပ် ပြီး ရန်တွေ့တယ်”… “လူချင်းမှမတူတာ။ နင့်စရိုက်နင်ပြန်ကြည့်ပေါ့” ရွာသူမပြောဆိုပြီး ဖိုးတေနားမှ ချာခနဲလှည့်ထွက်သွားသည်။
“ရွာသူမ နေဦး” ဖိုးတေ ရွာသူမနောက်ကို လိုက်ပြီး လက်ကို ဖမ်းဆွဲပစ်လိုက်သည်။ ဖိုးတေ ရင်ခွင်ထဲကို သူမကျ ရောက်သွားသည်။ ရွာသူမ ပါးပြင်မို့မို့လေးကို နမ်းလိုက်သည်။
“ချစ်တယ် …ရွာသူမရယ်”… “လွှတ်တော် လွှတ်… ကဲဟာ ဖြန်းဖြန်း” ရွာသူမသည် ဖိုးတေ ပါးပြင်နှစ်ဖက်စလုံးကို ရိုက်ပစ်လိုက်တော့သည်။
“ရိုက်ပါဟာ”… “ခွေး ခွေး လူယုတ်မာကြီး” ရွာသူမ ပြောဆိုငိုယိုပြီး ထွက်ပြေးသွားတော့သည်။ ဖိုးတေမှ ရွာသူမကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။

(၄) ရွာသူမ ချုံဘေးမှာ သေဆုံးနေသည်ကို ထင်းလာခုတ်သူ ဦးတုတ်က မြင်လိုက်သည်။ ဦးတုတ်သည် ရွာထဲသို့ ပြေးလာသည်။
“ဦးတုတ် ဦးတုတ် …မောကြီးပမ်းကြီးနဲ့ ဘာဖြစ်လာတာလဲဗျာ”… “ဟိုလေ …ဟို”… “ပြောစမ်းပါဗျာ”
ရွာသူကြီး ဦးဝင်းက မေးလိုက်သည်။
“ချုံ ချုံစပ်နားမှာ ရွာသူမ ရွာသူမ သေနေတယ်”… “ဟေ” ရွာသူကြီးဦးဝင်းက မျက်လုံးပြူးသွားသည်။
“ကဲ ဦးတုတ် သွားတော့” ဦးတုတ်ထွက်သွားသည်။ ရွာသူကြီးဦးဝင်းက ရွာသားတွေခေါ်… ရဲကိုဖုန်းဆက်လိုက်သည်။ မကြာမီ ရဲတွေရောက်ရှိလာပြီး ရဲတွေ၊ ရွာသူကြီး ဦးဝင်းနှင့်အတူ ရွာသားများ ရွာသူမရှိရာသို့ လာခဲ့ကြသည်။ ရွာသူမ သေဆုံးသွားတာ ဆန်းသည်။ ဘာရောဂါမှမရှိ။ ဘယ်ရန်ငြိုးနှင့် သတ်ပစ်လိုက်တာလဲ စဉ်းစားစရာ။ ရွာသူမနေထိုင်တာ အေးသည်။ ရဲကတော့ လုပ်ထုံးလုပ်နည်းအရ အလောင်းကိုစစ် ဆေးသည်။ ဓာတ်ပုံရိုက်ယူသည်။ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်သည်။ ရွာသူမနှင့် ပတ်သက်တဲ့ လူနှစ်ယောက်ကို ဖမ်းချုပ်ထားလိုက်၏။ ထိုသူနှစ်ယောက်မှာ ဖိုးတေနှင့် ရွာသူမရဲ့ချစ်သူ နေမင်းကို ဖမ်းထားခြင်းဖြစ်သည်။

(၅) ရွာသူမ သေဆုံးမှုနှင့် ပတ်သက်၍ ရဲက ဖိုးတေနှင့် နေမင်းကို စစ်သည်။
“ကျွန်တော် ရွာသူမကို မသတ်ဘူး” နေမင်းက ရွာသူမကို မသတ်ကြောင်း ငြင်းသည်။
“ဖိုးတေ မင်းကရော ရွာသူမကို ဘာဖြစ်လို့ သတ်ပစ်ရတာလဲ။ မင်းပဲ ရွာသူမကို အမျိုးမျိုး နှောင့် ယှက်၊ သတ်မယ်လို့ ဘာဖြစ်လို့ ခြိမ်းခြောက်တာလဲ မင်းပဲ လူသတ်မှာပဲ”
“ကျွန်တော် ကျွန်တော် လူမသတ်ပါဘူးဗျာ”
“မင်းသတ်တာ မင်းဝန်ခံစမ်းပါကွာ …မင်း သေဆုံးသွားတဲ့ မိန်းကလေးအနားမှာ မင်းရေးထား တဲ့စာ ငါတို့ ဖတ်လိုက်ရတယ်”… “ဗျာ” ဖိုးတေ မျက်လုံးပြူးသွားသည်။
“ကျွန်တော် ကျွန်တော် ဘာစာမှ မရေးပါဘူး”… “ကဲပါကွာ ဒီစာဖတ်ကြည့်ပေါ့ကွာ” ဒုရဲအုပ်ရဲထွေးက သူ့အင်္ကျီအိတ်ထဲကနေ စာကိုထုတ်ပြီး ဖိုးတေလက်ထဲ ထည့်ပစ်လိုက်သည်။
ကောင်မ နင့်အချစ်ကို ငါရလိုက်ပြီ။ နင့်ကို လူ့ဘဝမှာ ငါမထားဘူး ငရဲပြည်ကို ပို့လိုက်မှာ။ နင် သေမှအေးမှာ။ ငါ့ကိုနင်ပါးရိုက်ခဲ့တယ်။ လူပုံအလယ်မှာ အရှက်ခွဲရက်တယ်။ ငါ့ကိုနင်က အမျိုးမျိုး ပြောဆိုခဲ့တယ်။ နင့်ကိုသတ်ရမှ ငါကျေနပ်မှာ။ အခု နင် ဘာတတ်နိုင်သေးလဲ
#ဖိုးတေ

ဖိုးတေ စာဖတ်ပြီး မျက်လုံးပြူးသွားသည်။ “ကဲဖိုးတေ မင်းဘာငြင်းဦးမလဲ”… “ဆရာ ဒီစာ ကျွန်တော်ရေးတာ မဟုတ်ဘူး ဆရာ”… “မင်းက အခုထိငြင်းနေတုန်းပဲ။ ဖိုးတေလို့ ရေးထားတာ မင်းမဟုတ်ရင် ဘယ်သူလဲ။ မင်း အမှန်အတိုင်း ပြော”… “ကျွန်တော်မှ မသတ်တာ”… ဖိုးတေက သူလူမသတ်ကြောင်း ငြင်းနေပါသည်။

(၆) “ဒေါက် …ဒေါက်”… “ဘယ်သူလဲ …ဘယ်သူလဲ” လူရွယ်တစ်ယောက် အိမ်ထဲကနေ လှမ်းအော်လိုက်သည်။
“ကျွန်မပါ”… “ကျွန်မဆိုတာ ဘယ်သူလဲ”… “တံခါးဖွင့်လိုက်ပါ။ ဒါမှ ဘယ်သူဘယ်ဝါဆိုတာ သိရမှာပေါ့” လူရွယ်က တံခါးသွားဖွင့်ပေးလိုက်သည်။
“ဟင် ဘာမှမတွေ့ပါလား” လူရွယ် အံ့ဩသွားသည်။
“ကျွန်မက ဒီမှာပါ”… “ဟင် မင်း မင်း …ဘယ်သူလဲ”… “ဟားဟားဟား သိပ်ကြောက်သွားပြီလား ကိုလှနိုင်”… “မင်းဘယ်သူလဲ။ ဘာဖြစ်လို့ ငါ့အိမ်ထဲ ဝင် လာရတာလဲ။ အခုထွက်သွား”… “သွားပါမယ် ရှင့်ကိုလာခေါ်တာ …ကျွန်မ ရှင်သတ်လို့သေသွားရတဲ့ ရွာသူမလေ … ဟား ဟား ဟား …ရှင်သေရမှာ ကြောက်နေသလား မကြောက်ပါနဲ့”… “မင်းထွက်သွား …သွား သွား” ကိုလှနိုင်သည် အနီးဆုံးရှိ ပန်းကန်၊ ပန်းအိုးများဖြင့် ကောက်ပေါက်လေတော့သည်။ “ဟား ဟား ဟား”… “ငါ့ဆီကို မလာနဲ့ ကြောက်တယ် ငါ့ကို မသတ်ပါနဲ့”… ကိုလှနိုင်မှာ အိမ်ထဲတွင် လှည့်ပတ်ပြေးနေရသည်။
“ငါ့ကိုမသတ်ပါနဲ့ …မသတ်ပါနဲ့ … ငါ ကြောက်ပါပြီ” ဝိညာဉ်မသည် ကိုလှနိုင်လည်ပင်းကို ညှစ်တော့သည်။
“ကယ်ကြပါဦး ကယ်ကြပါဦး”… “ငါ့ကို သတ်သလို နင့်ကိုလည်း ပြန်သတ်ရမယ်”… “အား အား မလုပ်ပါနဲ့”… “ဂျောက်”
ရဲသားတစ်ယောက်က လူသတ်တရားခံ ဖြစ်သူ ကိုလှနိုင်ကို လက်ထိပ်ခတ်ပစ်လိုက်သည်။ ကိုလှနိုင် မျက်လုံးပြူးသွားသည်။
“ဒါ ဘာလုပ်တာလဲဗျာ”… “မင်းကို ဖမ်းတာလေ”… “ဗျာ”… “မင်းအံ့ဩသွားပြီလား။ မင်းနောက်ကို ငါတို့ တွေ ခြေရာခံလိုက်တာ ကြာလှပြီ။ ဒါက ငါတို့တပ်ဖွဲ့ က ရဲအုပ်သဇင်တဲ့။ သူ့ကိုအကူအညီတောင်းလိုက် တာ။ ကဲ မင်းအခု ဘာငြင်းဦးမလဲ ပြော”
“ကျွန်တော် ကျွန်တော်အမှန်အတိုင်း ပြောပါမယ်။ ကျွန်တော် ရွာသူမကို ဘာဖြစ်လို့ သတ်လိုက်ရလဲဆိုတော့ သိပ်ချစ်လို့ပါဗျာ။ ကျွန်တော်သူ့ကို အရမ်း ချစ်ခဲ့တာ သူကလက်မခံဘူး။ သူချစ်တာက နေမင်းကို ကျွန်တော်က သူတို့ရဲ့ အလုပ်သမားပါ။ သူ့ရဲ့အချစ်ကို နည်းမျိုးစုံနဲ့ ကျွန်တော်ကြိုးစားခဲ့တယ်။ မရဘူး။ ဒါကြောင့် သူ့ကို ကျွန်တော်သူ့ကို သတ်ပစ်လိုက်တာပါ”
“ကောင်းပြီလေ အလောင်းဘေးက စာကရော”
“ဒါက ဒီလိုပါဆရာ …ရွာသူမကို ကြိုက်နေတဲ့ ဖိုးတေဆိုတဲ့ကောင် ရှိပါတယ်။ ဖိုးတေသတ်တဲ့ ပုံစံနဲ့ ကျွန်တော့်ကို မထင်အောင် လုပ်ခဲ့တာပါ။ ကျွန်တော် မှားပါတယ်”
နောင်တဆိုတာ နောင်မှရစမြဲပါ။ ကိုလှနိုင်ကတော့ လူသတ်မှုဖြင့် ထောင်နန်းစံရတော့မယ်။ လူ့အသက်တစ်ချောင်း ရခဲပေခြင်း။ အချစ်ကြောင့် မိုက်ရူးဆန်တဲ့သူ၊ နောက်ဆုံးကျတော့လည်း ဥပဒေကပေးတဲ့ အပြစ်ဒဏ်ကို ကိုလှနိုင်ခံရပေတော့မည်။ ထိုစဉ် လူမသတ်တဲ့ လူနှစ်ယောက်ကိုတော့ ရဲက ပြန်လွှတ်ပေးလိုက်သည်။ လှပချောမွတ်တဲ့ မိန်းကလေး တစ်ယောက် မရှုမလှဖြင့် သေဆုံးသွား သည်။ အချစ်ကြောင့် လူသတ်မှု။ ဘဝမှာ သံသရာ လည်ခဲ့ရသည်။
“ဪ… ရွာသူမ ဒီဘဝ ဒီမျှနဲ့သာ ဆုံတွေ့ ကွဲရတဲ့အဖြစ်ဆိုးပါလား” ရွာသူမရဲ့ ချစ်သူသည် အုတ်ဂူဖြူဖြူလေးပေါ်သို့ နှင်းဆီပန်းလေးများတင် လျက် မျက်ဝန်းထဲမှ မျက်ရည်တွေက ဖြုတ်ခနဲ ဖြုတ်ခနဲ။

ဖြူစင်သော မေတ္တာဖြင့်
#သန်လျင်ချမ်းမြေ့အောင်