ပေါင်းဖက်ရန် အသင့်တော်ဆုံး အိမ်ထောင်ဖက်နေ့နံများ

ပေါင်းဖက်ရန် အသင့်တော်ဆုံး အိမ်ထောင်ဖက်နေ့နံများ

ဦး သာ စိန် ပန်း ဒန်းလှကိုရှာ

ဦး – သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်
စိန် – ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်
ဒန်း – လှ စနေနှင့် ဗုဒ္ဓဟူး အိမ် ထောင်ဖက်
ကို – ရှာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်

အိမ်ထောင်ရန်ဖက်

ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ

ဓ မ္မာ – စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်
သော က – သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်
အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်
ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

မိတ်ဖက်

အောင် ပ ကုလား ဆွေသား နောင်ရင်း

အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်
ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်
ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်
နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

ကမ္ဘာ့ရန်

ဦးညို ခေမာ သုတ ဝေရီ

ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်
ခေ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်
သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန်
ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်

ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ

တနင်္ဂနွေ – ကြေးနီ
တနင်္လာ – ပတ္တမြား
အင်္ဂါ – ရွှေ
ဗုဒ္ဓဟူုး – ကျောက်သံပတ္တမြား
ကြာသပတေး – ငွေ
သောကြာ – ပုလဲ
စနေ – သံ

ရက်ရာဇာ ရွေးနည်း

တန်ခူး သာလှ – တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး
ထွန်းပ ကဆုန် – ကဆုန်လမှာ စနေ – ကြာသပတေး
နယုန်ညွန့်စ – နယုန်လမှာ အင်္ဂါ
အောင်လှဝါဆို – ဝါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး
သာလိုဝါခေါင် – ဝါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ
မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေ
သီတင်းကျွတ် ဆီ – သီတင်းကျွတ်လတွင် အင်္ဂါ
သောရီ တန်ဆောင်မုန်း – တန်ဆောင်မုန်းလတွင် သောကြာ -ရာဟု ချမ်းတုန် နတ်တော် – နတ်တော်လတွင် တနင်္လာ – စနေ
မိနော်ပြာသို –  ပြာသိုလတွင် ကြာသပတေး-စနေ
မိညိုတပို့တွဲ – တပို့တွဲလတွင် -အင်္ဂါ – ကြာသပတေး
ထဲဝင်တပေါင်း – တပေါင်းလတွင် စနေ – ဗုဒ္ဓဟူး
ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။

ပြဿဒါးရက်ရွေးနည်း

တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)
ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)
နယုန် ဝါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)
ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား

ဂြိုလ်နေ ဂြိုလ်သက်များ

တနင်္ဂနွေ ဂြိုလ်သက် – ၆နှစ်
တနင်္လာ ဂြိုလ်သက် – ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် – ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် – ၁၇ နှစ်
ကြာသပတေး ဂြိုလ်သက် – ၁၉နှစ်
သောကြာ ဂြိုလ်သက် – ၂၁ နှစ်
စနေ ဂြိုလ်သက်- ၁၀ နှစ်
ရာဟုဂြိုလ် – ၁၂ နှစ်

အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ နဝင်းလို့ခေါ်ကြလေသည်။

Credit: Original Writer