ကလ်ာဏဆုိတာ ရွားလည္း ရွားပါတယ္။

ကြ်န္မငယ္ငယ္ကတည္းက လူဦးေရနည္းတဲ့ မိသားစုမွာ လူျဖစ္ခဲ့ရတာရယ္၊ ခ်ဴခ်ာလို႔ အရြယ္ တူမ်ားနဲ႔ မေပါင္းသင္းႏိုင္တာရယ္စတဲ့ အေၾကာင္း မ်ားေၾကာင့္ လူ႕ေလာကႀကီးနဲ႔ နဖူးေတြ႕ ဒူးေတြ႕ ေတြ႕ဖူးလွတယ္လို႔ မဆိုႏိုင္ပါဘူး။ စာဖတ္တာ ကေတာ့ ဖတ္တာေပါ့ေလ။ စာထဲက အေၾကာင္း ေလာက္နဲ႔ ေလာကႀကီးမွာ ရွိရွိသမွ်အေၾကာင္းအရာ အျဖစ္အပ်က္ေတြကို မၿခံဳႏိုင္ မငံုႏိုင္ဘူးေပါ့။

စာထဲမွာ မိဘကို ေက်းဇူးဆပ္တတ္တဲ့ ကလ်ာဏမိတၲအမည္ခံႏိုင္ေသာ သားသမီးမ်ား အေၾကာင္းကို ဖတ္ဖူးပါတယ္။ လူေတြဟာ ကြယ္ လြန္ခါနီး အခ်ိန္မွာ စိတ္ေအးေအးခ်မ္းခ်မ္းနဲ႔ ေဇာ ေကာင္းေကာင္းနဲ႔ ဘဝကူးႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဘယ္ေလာက္ပဲ ဒါနမႈ၊ သီလမႈေတြ လုပ္ခဲ့လုပ္ခဲ့ မဂ္ဆိုက္ ဖိုလ္ဆိုက္ ကိုယ္တြင္းေပါက္တရားကို ပြားမ်ား အားထုတ္ခဲ့ၿပီးသား မဟုတ္ရင္ ဘဝ ကူးခါနီး အခ်ိန္ဟာ အေရးပိုႀကီးပါတယ္။ ေဇာမွားသြားမွာ စိုးရလို႔ ျဖစ္ပါတယ္။

အဲဒီလို အယူမွား အစြဲမွား ေဇာအက် မွားျခင္းကို မျဖစ္ပြားေအာင္ ကုသိုလ္စိတ္နဲ႔ ဘဝ ကူးေအာင္ ႀကံေဆာင္ေပးႏိုင္တာကေတာ့ အနီး အနားမွာ ရွိတဲ့သူမ်ားပဲ ျဖစ္ပါတယ္။

သားသမီးရွိတဲ့သူမ်ားမွာ မ်ားေသာအားျဖင့္ ကြယ္လြန္ခါနီးမွာ သား သမီးေတြ အနီးအနားမွာ ရွိတတ္ၾကတာ မ်ားပါတယ္။

ကြ်န္မဖတ္ဖူးတဲ့ ဇာတ္ေၾကာင္းကေလး တစ္ခုကို တင္ျပလိုပါတယ္။ တစ္ခါက သားျဖစ္သူ ရဟန္းတစ္ပါးနဲ႔ ဖခင္အိုႀကီးတစ္ေယာက္တို႔ အတူ ေနၾကပါသတဲ့။ သားျဖစ္သူက ဖခင္အိုႀကီးကို ေစာင့္ေရွာက္ထားတာေပါ့ေလ။ အဲသည္လို ေန ေနၾကရင္းက ဖခင္အိုႀကီးခမ်ာ မမာမက်န္းျဖစ္ၿပီး ဘဝကူးေတာ့မယ့္ အေျခအေနကို ဆိုက္ေရာက္လာ ပါတယ္တဲ့။ အဲဒီေတာ့ သူ႕ေဇာက မေကာင္းတဲ့ဘက္ ကိုက်ၿပီး ငရဲသားမ်ား လာေရာက္ ဆြဲငင္တာကို ေတာင္ ျမင္ရပါသတဲ့။ အဲဒီေတာ့ သူက ညည္းညဴ ေအာ္ဟစ္တာေပါ့။

ဖခင္ႀကီးရဲ႕အျဖစ္ကို သားျဖစ္သူ ရဟန္းက သိပါတယ္။ အဲဒီေတာ့ ေစတီေတာ္မွာ ပန္းမ်ား ေဝေဝဆာဆာရွိေအာင္ ကပ္လွဴပူေဇာ္ၿပီး ဆီမီးမ်ား လည္း ထြန္းညႇိပူေဇာ္ပါတယ္တဲ့။

ၿပီးေတာ့မွ ဖခင္ႀကီးကို ေစတီေတာ္ အာရမ္ ထဲကို ေရႊ႕ေျပာင္းယူလာခဲ့ၿပီး ပရိတ္ေတာ္မ်ားကို ရြတ္ဆိုခဲ့ပါတယ္။ အဲဒီလိုပတ္ဝန္းက်င္ကလည္း ေျပာင္းသြားၿပီး အနံ႕အေရာင္ အသံမ်ားလည္း ဘုရား တရားနဲ႔ ပတ္သက္ေနေတာ့ ဖခင္ႀကီးရဲ႕စိတ္ဟာ ဘုရားတရားကို သတိရလာပါတယ္။ ေကာင္းတဲ့ဘက္ ကို ကိုင္းညြတ္လာပါတယ္တဲ့။ အဲဒီေတာ့မွ သူ႕အာ႐ံု နိမိတ္မွာလည္း နတ္သမီး နတ္သားမ်ား၊ နတ္ ရထားမ်ားကို ျမင္လာထင္လာၿပီး ပါးစပ္ကလည္း ေျပာတာေပါ့၊ အဲသည္လိုနဲ႔ ေကာင္းေသာ ဘဝကူး နည္းနဲ႔ ကူးသြားပါတယ္တဲ့။

တျခား ဖတ္ဖူးတဲ့အေၾကာင္းမ်ားလည္း ရွိပါတယ္။ သားသမီးကစၿပီး အနီးအနားကလူေတြ မလိမၼာလို႔ မေကာင္းတဲ့အေနအထားနဲ႔ အယူတိမ္း သြား ရတာေတြကိုလည္း ဖတ္ဖူးၾကားဖူးတာ မနည္းမေနာပါပဲ။

အဲဒီလို ဖတ္ဖူး သိဖူးထားေလေတာ့ ကြ်န္မရဲ႕ မိဘမ်ား ကြယ္လြန္ခါနီးအခ်ိန္မွာ ဘဝကူးေကာင္း ေရးကို ဦးစားေပးႏိုင္ခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ တစ္သက္လံုး မိမိတို႔အေပၚမွာ အလြန္ႀကီးမားေသာ ေမတၲာ၊ ေစတနာမ်ား ထားရွိၿပီး ေကြ်းေမြးျပဳစုခဲ့တဲ့ မိဘမ်ားကို ျပန္ၿပီးေက်းဇူးျပဳတဲ့အေၾကာင္းကို အထူး ျပဳၿပီးေတာင္ ေျပာဖို႔မလိုပါဘူး။ ဒါဟာ လုပ္ရမယ့္ လုပ္သင့္တဲ့ကိစၥပဲလို႔ ေျပာလိုတာ ျဖစ္ႏိုင္ပါတယ္။

ဒါေပမဲ့ အဲဒီတာဝန္ကို မသိတတ္တဲ့သူ အ ေတာ္မ်ားမ်ား ရွိေနတယ္ဆိုတာ သိလာရတဲ့အတြက္ ကြ်န္မအေနနဲ႔ ေနာက္ဆံုးအခ်ိန္မွာ ေကာင္းဖို႔ ကိစၥ ဟာ ေဆြးေႏြးတင္ျပသင့္တဲ့ ကိစၥတစ္ရပ္လို႔ သေဘာ ထားလိုက္ပါတယ္။ အဲဒါေၾကာင့္ ဒီေဆာင္းပါးကို ေရးမိတာပါပဲ။

ကြ်န္မဟာ ကြ်န္မရဲ႕မိဘမ်ား ကြယ္လြန္ၿပီး တဲ့ေနာက္မွာ အသက္ႀကီးရြယ္အို ဘိုးဘိုးဘြားဘြား မ်ားကို ေစ့ေစ့မၾကည့္ရဲပါဘူး။ အထူးသျဖင့္ သိမ္ သိမ္ငယ္ငယ္ ျဖစ္ေနၾကသူမ်ားကို ပိုၿပီး မၾကည့္ရက္ ပါဘူး။ အဲဒီလို အဘိုး အဘြားမ်ားနဲ႔ ေတြ႕တဲ့အခါ ပိုက္ဆံလည္း မ်ားမ်ားလွဴပါတယ္။ ဖိနပ္ကိုခြ်တ္ၿပီး လက္ယွက္ကာ ေလးေလးစားစားလည္း လွဴပါတယ္။

အဲသည္လိုနဲ႔ ေနလာရင္းက မေန႔တစ္ေန႔က ‘သဘာဝ၏ သားသမီးမ်ား’ဆိုတဲ့ ဗြီဒီယိုအေခြတစ္ေခြ ၾကည့္ျဖစ္ပါ တယ္။ ဂ်ာမနီမွာ ႐ိုက္တာပါ။ အ ေျခခံထားတာက ေတာ့ ဂ်ာမနီနဲ႔ေဟာ္လန္ႏိုင္ငံ ပတ္ဝန္းက်င္ကေတာင္မ်ား၊ ေရ ကန္မ်ား၊ အင္းအိုင္မ်ား ေပါမ်ား တဲ့ေဒသ ျဖစ္ပါတယ္။

အင္း ဇာတ္လမ္းကေတာ့ စကတည္းက အဘိုးႀကီးအိုအို တစ္ေယာက္ ယာေတာက ရွိရွိ သမွ် သိုးေတြကို ထုတ္ၿပီးေရာင္း၊ ကြယ္လြန္သြားတဲ့သူ႕ဇနီး  ဘြား ဘြားရဲ႕ဓာတ္ပံုနဲ႔ တိုင္ကပ္နာရီလို၊ ကႏုတ္ပန္းခက္ေတြနဲ႔ဝိုင္းထားတဲ့ ဘာ႐ိုမီတာလိုပစၥည္း ကေလးမ်ား ကို ယူၿပီးၿမိဳ႕ကို တက္သြားပါ တယ္။

ၿမိဳ႕ကိုေရာက္ေတာ့ တိုက္ ျမင့္ျမင့္ႀကီးရဲ႕ အေပၚဆံုးထပ္ကို တက္သြားရပါတယ္။ တကယ္ ေတာ့ ေအာက္ထပ္မွာကတည္း က အဘိုးလာပါတယ္လို႔ အခန္း တိုင္းနဲ႔ ဆက္ထားတဲ့ တယ္လီဖုန္းနဲ႔ ေျပာၿပီးသား၊ လာမႀကိဳၾကဘူး။ အေပၚေရာက္ေတာ့လည္း ယဥ္ ယဥ္ေက်းေက်းေတာ့ ႏႈတ္ဆက္ပါတယ္။ ဒါေပမဲ့ လိႈက္လွဲပ်ဴငွာမႈေတာ့ မရွိၾကပါဘူး။ ညက်ေတာ့ သမီးျဖစ္တဲ့သူက ‘အေဖ ဒီမွာ ခဏပဲေနမွာ မဟုတ္ လား’ လို႔ ေမးေတာ့တာပါပဲ။ ဘိုးဘိုးႀကီးက ဘာမွ မေျဖရွာပါဘူး။

ေနာက္တစ္ေန႔ မနက္က်ေတာ့ ဘိုးဘိုးႀကီး က မနက္အေစာႀကီးစာ ထိုင္စားေနတုန္း သမီးက အလုပ္ကို ပ်ာပ်ာနဲ႔ ထြက္သြားပါတယ္။ ထြက္သြား ခါနီး တစ္ခ်က္ေတာ့ ႏႈတ္ဆက္သြားပါတယ္။ သမက္ ကေတာ့ ဘိုးဘိုးႀကီးကို ရွိတယ္လို႔ သေဘာမထား တဲ့ပံုနဲ႔၊ ေျမးမကေလးကေတာ့ ဘီစကစ္တစ္ခ်ပ္ကို ေကာက္စားရင္း အဘိုးကို ခပ္စိန္းစိန္းတစ္ခ်က္ ၾကည့္ပါတယ္။ ၿပီးေတာ့ ကက္ဆက္ကို အက်ယ္ ႀကီးဖြင့္ေတာ့တာပါပဲ။ အဘိုးႀကီးခမ်ာ စားေနတဲ့အစာ ေတာင္ နင္မလိုျဖစ္ၿပီး ကက္ဆက္ကို ထပိတ္ ရပါ တယ္။

ေန႔လယ္ေန႔ခင္းမွာလည္း အဘိုး ပ်င္းေန ရွာတယ္၊ ၿမိဳ႕ဆိုေတာ့ အခန္းကလည္း သီးသန္႔ ျပင္ေပးလို႔ ဘယ္မွာရမလဲ။ အဲဒီေတာ့ ေျမးမ က ေလးရဲ႕ အခန္းမွာ သြားေနရတာေပါ့။

အဲဒီအခန္းမွာ သူနဲ႔ပါလာတဲ့ ဘြားဘြားရဲ႕ပံုနဲ႔ တိုင္ကပ္နာရီစတဲ့ပစၥည္းေတြကို ခ်ိတ္ေတာ့တာပါပဲ။ နံရံမွာ ႐ုပ္ရွင္မင္းသားလား၊ အဆိုေတာ္လား မသိ ႏိုင္တဲ့ လူတစ္ေယာက္ကို ဖယ္ၿပီး ဘာ႐ိုမီတာကို အဘိုး ခ်ိတ္ထားလိုက္တယ္။

ညက်ေတာ့ ေျမးမကေလးက ညစာစား လ်က္ တန္းလန္း အေဖနဲ႔ အေမတို႔ထဲက ဘယ္သူ႕ ကိုမွ မေထာက္ထားဘဲ အဘိုးကို အသံျပာေအာင္ ခပ္စြာစြာ ရန္ေတြ႕ေတာ့တာပါပဲ။ သူ႕အခန္းမွာ အစုတ္ ပလုတ္ပံုေတြ၊ ပစၥည္းေတြ ခ်ိတ္ဖို႔ သူခ်ိတ္ထားတဲ့ပံုကို ျဖဳတ္ရေကာင္းလားေပါ့ေလ။

အဘိုးက ခပ္ေလးေလးႀကီး ေမးရွာတယ္။ ‘အဲဒါ ဘယ္သူ႕ပံုလဲ၊ သူနဲ႔အမ်ိဳးေတာ္သလား၊ သူ႕ ပံုေတြ အမ်ားႀကီးရွိလို႔ တစ္ပံုကို ျဖဳတ္မိတာပဲ’ ေပါ့ေလ ဆက္ၿပီးေျပာရွာတယ္။

ေျမးကေတာ့ ကဲကဲဆတ္ပါပဲ။ ‘ဒါ ေမးစရာ မလိုဘူး၊ ေနာက္ကို ဒါမ်ိဳး မလုပ္နဲ႔’ ေပါ့။ အခု စာေရးေနရင္းေတာင္ အဘိုးအတြက္ စိတ္မေကာင္း လို႔ သက္ျပင္းခ်မိပါတယ္။

ေနာက္ေတာ့ အဘိုးကို သူ႕သမီးက ဘိုးဘြား ရိပ္သာကို ပို႔ေတာ့တာပါပဲ။ ဘိုးဘြားရိပ္သာမွာ အဘိုးနဲ႔ တစ္ခန္းတည္းေနရတဲ့ သူတစ္ေယာက္လည္း ႏွလံုး ေရာဂါနဲ႔ ေသရွာတယ္။ အဘိုးတို႔ရြာက ငယ္သူငယ္ ခ်င္း ဘြားဘြားတစ္ေယာက္နဲ႔ ေတြ႕တယ္။ ဘြား ဘြားက ခဏခဏထြက္ထြက္ေျပးတတ္လြန္းလို႔ နာမည္ဆိုးရွိတယ္။ ဘိုးဘိုးကို ဘြားဘြား ေျပာတာ ကေတာ့ သူ႕ရြာမွာပဲ သူ ေသခ်င္တယ္တဲ့။ အဲဒီလို သူ႕ရြာမွာ မေသရရင္ သူေတာ့ တေစၦျဖစ္မွာပဲတဲ့။

ကဲေလ …တိုတိုေျပာၾကပါစို႔။ ဘိုးဘိုးနဲ႔ ဘြားဘြားဟာ ကားတစ္စီးကို ခိုးယူၿပီး ထြက္ေျပး ၾကတာေပါ့။ ကြ်န္မနဲ႔ ကြ်န္မသမီးတို႔ဟာ အဲဒီ စိတ္ညစ္စရာ ေကာင္းတဲ့ ဘိုးဘိုး ဘြားဘြားတို႔ကို ၾကည့္ရင္း ထိုင္ရာက မထႏိုင္ၾကပါဘူး။ ဘိုးဘိုးနဲ႔ ဘြားဘြားက ထြက္ေျပးႏိုင္တာကို ဝမ္းသာၾကပါ တယ္။ ၿမိဳ႕မွာေတာ့ အဘိုးႀကီးနဲ႔ အဘြားႀကီး ခိုးရာ လိုက္ေျပးတယ္ဆိုတဲ့ သေဘာမ်ိဳးနဲ႔ ေျပာၿပီး ဟား ေနၾကတာေပါ့။ အမွန္ကေတာ့ ေသဖို႔ျပန္ၾကတာပါ။ ဘြားဘြားဟာ စိတ္ေအးခ်မ္းသာစြာနဲ႔ ေသတယ္။ ဘိုးဘိုးက ေခါင္းေတြဘာေတြ ေသေသခ်ာခ်ာ လုပ္ ၿပီး ကိုယ္တိုင္တြင္းတူးၿပီး ျမႇဳပ္ႏွံပါတယ္။ ဝမ္းနည္း စရာေကာင္းတာက သူတစ္ေယာက္တည္း ဓမၼ ေတးသီဆိုၿပီး ေျမျမႇဳပ္ရတာပါပဲ။

ဇာတ္လမ္းၿပီးပံုကေတာ့ အဆန္း။ ဟယ္ လီေကာ့ပတာနဲ႔ လိုက္ရွာတဲ့ သူေတြက ဘုရား ေက်ာင္းအပ်က္ထဲက ထြက္လာတဲ့ အဘိုးကို ေတြ႕ လိုက္တယ္။ ဒါေပမဲ့ ေအာက္ကိုေရာက္ေတာ့ အဘိုးမရွိေတာ့ဘူး။

ကြ်န္မတို႔က အဲဒီဇာတ္ကားကိုၾကည့္ၿပီး ‘ေအးေလ၊ ဒါမ်ိဳးေတာ့ ျမန္မာႏိုင္ငံမွာ ျဖစ္မွာ မဟုတ္ဘူး’လို႔ ေျပာမိၾကပါေသးတယ္။

အဲသည္လို ေျပာတဲ့စကားသံက မဆိတ္ ေသးဘူး။ မိတ္ေဆြမေလးတစ္ေယာက္နဲ႔ ေတြ႕ရ ပါေလေရာ။ အဲဒီမိတ္ေဆြမေလးက ေဆးလူမႈ ဆက္ဆံေရး အရာရွိမေလး။ အဲဒီေတာ့ သူ႕ဆီက ဇာတ္လမ္းမ်ိဳးစံုကို ၾကားေတာ့တာပါပဲ။ အဲဒီေတာ့မွပဲ ကြ်န္မလည္း ကြ်န္မ ၾကားဖူးတာကေလးတစ္ခုကို ျပန္ၿပီးသတိရပါတယ္။

ကြ်န္မၾကားဖူးတာက ဒီလိုပါ။ တစ္ခါက အင္မတန္ ေဈးႀကီးတဲ့ ေဆး႐ံုတစ္႐ံုမွာ ဘြားဘြား တစ္ေယာက္ ေဆး႐ံုတက္ေနပါတယ္။ သူ႕သမီးနဲ႔ သမက္က လာၿပီးတင္ထားၾကပါတယ္။ ဘြားဘြားမွာ ယားနာကေလးေတြ ရွိတာကလြဲလို႔ သိပ္ၿပီးေနလို႔ မဆိုးပါဘူး။ အဲဒီေတာ့ အိမ္ကိုျပန္ခ်င္တယ္။ထခ်င္ တယ္။ အဲဒီေတာ့ သမီးနဲ႔ သမက္ ငွားထားေပးတဲ့ ဆရာမက ဘြားဘြားကို ႀကိဳးနဲ႔တုပ္ထားပါေလေရာ။

အဲဒီလို ဘြားဘြားအျဖစ္ဆိုးေနတာကို ဆရာ ဝန္မ တစ္ေယာက္က ေတြ႕ေပလို႔ေပါ့။ ခ်က္ခ်င္း ဆရာမကို ထုတ္။ ၿပီးေတာ့ အိမ္ကိုအေၾကာင္းၾကား၊ ဘာမွမျဖစ္ေလာက္ဘဲ ေဆး႐ံုကို လာၿပီးမထားပါနဲ႔ ဆိုၿပီး အိမ္ကိုျပန္ပို႔ေတာ့တာေပါ့။ အဲဒီေတာ့မွ ဘြား ဘြားကို ေဆး႐ံုကိုပို႔ၿပီး အိမ္ႀကီးကို ေရာင္းစားဖို႔ စီစဥ္ေနတဲ့ သမီးနဲ႔သမက္ရဲ႕အႀကံက ေပၚသြားပါ သတဲ့။ ကဲ …။

ေဆးလူမႈဆက္ဆံေရး အရာရွိမကေလး ေျပာတာကလည္း အဲဒါမ်ိဳးနဲ႔ ခပ္ဆင္ဆင္ပါပဲ။ ဘိုးဘိုးတစ္ေယာက္ ေနထိုင္မေကာင္းလို႔ ေဆး ႐ံုလာၿပီး တင္ထားတယ္။ ဘယ္သူမွ လာမၾကည့္ ၾကပါဘူး။ ေရာဂါသက္သာေတာ့ အဘိုးကို ဘယ္ ျပန္မွာလဲ၊ ဘယ္ကိုလိုက္ပို႔ရမလဲလို႔ ေမးတယ္။ မရဘူး။ ေဆး႐ံုမွာ အလုပ္ေပးပါလို႔ ေတာင္းသတဲ့။ ေဆးလူမႈဆက္ဆံေရးအရာရွိက ေဖ်ာင္းဖ်ၿပီး (အၾကာ ႀကီး ေဆြးေႏြးရတာေနာ္) အိမ္ကိုျပန္ပို႔လိုက္ေတာ့ ေတာ္ေတာ္ႀကီးကို မျပည့္စံုၾကသူ သားသမီးမ်ားက အေဖပိုင္အိမ္မွာ ေနေနၾကရင္း အေမြခြဲဖို႔ စီစဥ္ ေနတာကို ေတြ႕ရပါသတဲ့။ အဲဒီအေၾကာင္းကို အဘိုး က သိလို႔ စိတ္နာၿပီး အိမ္ကိုမျပန္ခ်င္တာပါတဲ့။

သူေျပာျပတဲ့အေၾကာင္းေတြဟာ ျမန္မာျပည္ မွာ ျဖစ္ေနတာပါကလားလို႔ သိရေတာ့ စိတ္ မသက္သာလိုက္တာ။ တကယ္ေတာ့ ဘယ္ေလာက္ ပဲ ခ်မ္းသာခ်မ္းသာ အေဖ အေမကို မထီမဲ့ျမင္ျပဳၿပီးမွ ရထားတဲ့ ဥစၥာရတနာဆိုတာ ဘယ္ေတာ့မွ မကုန္ ခန္းဘဲ ၿမဲေနမယ့္ပစၥည္းေတြလို႔ မွတ္လို႔မရပါဘူး။ လူသခၤါရ ပစၥည္းသခၤါရပဲ။

ၿပီးေတာ့ မိဘကို လုပ္ေကြ်းျပဳစုဖို႔ဆိုတာ ခ်မ္းသာဖို႔ မလိုပါဘူး။ ကိုယ့္တစ္ႏိုင္တစ္ပိုင္ပဲေပါ့။ အေရးႀကီးတာက အျပဳအမူ၊ အေျပာအဆို၊ အဆက္အဆံပဲ ျဖစ္ပါတယ္။

တစ္ခါက ကြ်န္မရဲ႕ သိေဟာင္းကြ်မ္းေဟာင္း တစ္ေယာက္ကို သတိရမိေသးေတာ့တယ္။ ပညာ တတ္ပဲေနာ္။ ဘုရားတရားလည္း ၿမဲပါတယ္။ ေယာကၡမကိုလည္း ေကြ်းတန္ေကြ်းၿပီး မလစ္ဟင္း ေစခဲ့ပါဘူး။ ဒါေပမဲ့ တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္တာပဲ ျဖစ္ပါတယ္။ မေထြးေႏြးပါဘူး။ သူက မေထြးေႏြးေတာ့ သူကေမြးတဲ့ သားသမီး မ်ားအေနနဲ႔ အဘိုးကို ေထြးေႏြးဖို႔ေနေနသာသာ မထီမဲ့ျမင္ေတာင္မွ ျပဳေနၾကေတာ့တာေပါ့။ အိပ္ ေနတဲ့အဘိုးကို ပုဆိုးမသိမ္းႏိုင္ျဖစ္ေနတာကို ‘ဪ … အသက္ႀကီးလို႔ ဒီလိုျဖစ္ေနတာပါလား’လို႔ မစဥ္း စားၾကပါဘူး။ ေရခဲေရနဲ႔ပက္တာမ်ိဳးလို မေလးမစား လုပ္ၾက၊ အဘိုးေျပာတာ မၾကားခ်င္ေယာင္ ေဆာင္ ၾကနဲ႔။ ေခတ္ကာလ ကေလးမ်ား ေျပာလို႔ မရဘူး ဆိုတဲ့ ေခြ်းမရဲ႕ ေလေအးကေလးနဲ႔ ေျပာသံ အၾကားမွာ အဘိုးအေနနဲ႔ မေလးမစားလုပ္တာကို ခံရတာပါပဲ။

အဘိုးဟာ သူတို႔ကို ပစၥည္းေရာ ဂုဏ္ပါ ေပးႏိုင္တဲ့အေဖကို ေမြးထုတ္ေပးခဲ့သူပါကလား။ ပညာေပးခဲ့သူပါကလားလို႔ မေတြးေတာပါဘူး။ အဘိုးဟာ အပိုႀကီး၊ ျဖဳန္းတီးေနသူႀကီးလို႔ ထင္ ေနၾကပါတယ္။

အဲသည္လိုနဲ႔ အဘိုး ကြယ္လြန္ခဲ့ပါတယ္။ အဲဒီေတာ့မွ အဘိုးရွိေနတုန္းက တင့္တယ္မႈ၊ လံုၿခံဳ မႈေတြကို တမ္းတၾကရပါေတာ့တယ္။ အဘိုးက ဘာမွ မလုပ္ႏိုင္ေပမယ့္ အဘိုးေလ အိမ္ဦးခန္းက အခန္႔သားထို္င္ေနရင္ အဟန္႔က ႀကီးပါဘိသနဲ႔။ အိမ္မွာ ေယာက်ာ္းကေလး အလုပ္သမားေတြ အလုပ္ဆင္း ေနလည္း ဘာအေရးလဲ၊ အဘိုးနဲ႔ ေျမးမ အတူရွိေနတာ ဣေျႏၵရေနပါတယ္။

အဘိုးမရွိေတာ့မွ အငယ္ေတြကို တစ္လွည့္စီ အစ္မႀကီးနဲ႔ အိမ္မွာ ေနႏိုင္ေအာင္ တစ္ခ်ိန္ ေက်ာင္း ကေနၿပီး ႏွစ္ခ်ိန္ေက်ာင္းကို ေျပာင္းယူရတာေတြ ဘာေတြျဖစ္လာပါတယ္။ အဲဒီေတာ့မွ ေျမးမ အႀကီးက ေျပာတယ္တဲ့။ ‘အဘိုးမရွိမွ အဘိုးရဲ႕ တန္ဖိုးကို သိရတယ္။ ဒီလိုမွန္းသိရင္ အဘိုး မဆံုးခင္က ပိုၿပီးခ်စ္ခ်စ္ခင္ခင္ေပါင္းၿပီး ပိုၿပီး ျပဳစုလိုက္ပါရဲ႕’တဲ့။

တကယ္ေတာ့ အဲဒီကိစၥက အဲဒီေလာက္ ခက္ခဲတဲ့ကိစၥ မဟုတ္ပါဘူး။ သာမန္အသိ၊ သာမန္ အေတြးနဲ႔ေတာင္ နားလည္ႏိုင္ပါတယ္။ အသက္ႀကီး ဝါႀကီးမ်ားကို ေလးစားရမယ္ဆိုတာ ျမန္မာ့ယဥ္ေက်း မႈမွာ မဆိတ္သုဥ္းအပ္တဲ့တရားပဲ။ ‘မာတာပိတု ဥပ႒ာနံ’ တဲ့။ မဂၤလာတရားထဲမွာ ပါပါတယ္။ မဂၤလာ ရွိေစခ်င္ရင္ မဂၤလာအခ်ိန္ေတြ၊ မဂၤလာ အေဆာင္ ေတြ၊ မဂၤလာယၾတာေတြကို စမ္းတဝါးဝါးနဲ႔ လုပ္ ေနစရာမလိပါဘူး။ မဂၤလာရွိတဲ့အလုပ္ကိုသာ တတ္ အားသမွ် လုပ္ေပါ့။

အမိ အဖကို လုပ္ေကြ်းေမြးျမဴတယ္လို႔ ဆိုတာဟာ မဂၤလာသိပ္ရွိတာေပါ့။ ထို႔အတူ ‘ဉာတ ကာ နဥၥ သဂၤေဟာ’ အေဆြအမ်ိဳးတို႔ကို ေထာက္ပံ့ ပါတဲ့။ တကယ္ေဆြမ်ိဳးရင္းခ်ာမ်ားျဖစ္တဲ့ သက္ႀကီး ရြယ္အိုမ်ားကို ေထာက္ပံ့ဖို႔လည္း လိုပါတယ္။

‘ဂါရေဝါစ နိဝါေတာစ သႏၱဳ႒ီစ ကတညဳ တာယ’ ပါတဲ့။ ကိုယ့္ထက္ ဝယဝုဒၶိ ဂုဏ္အားျဖင့္၊ အရြယ္အားျဖင့္ ႀကီးတဲ့သူမ်ားကို ႐ိုေသေလးစားစြာ မိမိကိုယ္ကို ႏွိမ့္ခ်ၿပီး ဆက္ဆံရပါမယ္တဲ့။

ေက်းဇူးရွိသူမ်ားကို ေက်းဇူးျပန္လည္ျပဳရ ပါမယ္တဲ့။ မိဘ ဘိုးဘြားမ်ားရဲ႕ေက်းဇူးဆိုတာ ကေတာ့ မိမိအေပၚမွာ ႀကီးမားပါဘိျခင္း။ အဲဒီေတာ့ မိမိ ကိုယ္ကိုမိမိ ခ်စ္ရင္ မဂၤလာတရားေတြနဲ႔ ျပည့္ စံုၿပီး ေလာကီစည္းစိမ္မ်ားနဲ႔ ျပည့္စံုေစခ်င္ရင္ မိမိ ဘဝကူးေတာ့မယ့္အခ်ိန္မွာလည္း ေနာင္တရၿပီး ပူပန္ေသာကနဲ႔ ေဇာမွားၿပီး ဘဝမကူးခ်င္ရင္ မိမိကိုယ္မိမိ မိဘဘိုးဘြားမ်ားရဲ႕ ကလ်ာဏမိတၲ ျဖစ္လာေအာင္ ႀကိဳးစားဖို႔လိုပါတယ္။

ကလ်ာဏဆိုတာ ရွားလည္းရွားပါတယ္လို႔ ဆိုထားေတာ့ ကလ်ာဏျဖစ္ဖို႔ သိပ္ခက္တယ္လို႔ မထင္ၾကပါနဲ႔။ တကယ္ေတာ့ စိတ္ေကာင္း၊ ေစတနာ ေကာင္းထားရင္ ကလ်ာဏမိတၲျဖစ္သြားမွာပါပဲ။ ဒါေပမဲ့ မိဘဘိုးဘြားမ်ား အေနနဲ႔ကေတာ့ သူတစ္ပါး က အေကာင္းစားေတြ လာေကြ်းတာထက္ မိမိ သားသမီးမ်ားက သူတို႔ႀကိဳက္တဲ့ သာမန္အစား အစာကေလးေတြကို တယုတယ ေကြ်းေမြးတာကို ခံခ်င္ၾကမွာပါပဲ။

ကလ်ာဏမိတၲျဖစ္ေအာင္ ႀကိဳးစားလိုၾက သူမ်ားအေနနဲ႔ မိမိရဲ႕စိတ္ကို မိမိ ဆံုးမရမွာပါပဲ။ အသက္ႀကီးလာတဲ့သူမ်ားဟာ စိတ္တိုတတ္ပါတယ္။ စိတ္ငယ္တတ္ပါတယ္။ နားမလည္ႏိုင္ေအာင္ ႐ိုး႐ိုး အအႀကီးေတြ ျဖစ္ကုန္တတ္ၾကပါတယ္။ အလိုလို ေနရင္း စိတ္ေတြက်ေနတတ္ပါတယ္။ အဲသည္လို ဆိုရင္ စိတ္မဆိုးလိုက္ၾကပါနဲ႔၊ သူတို႔ဟာ အိုနာ လို႔ေခၚတဲ့ ေရာဂါကို ခံစားေနရလို႔သာ မွတ္ၾက ပါေတာ့။

ကြ်န္မကိုယ္တိုင္ မွားဖူးတာ ရွိပါတယ္။ ကြ်န္မ တို႔အေဖကို ကြ်န္မတို႔ အလြန္ျပဳစုခဲ့ၾကပါတယ္။ ဒါေပမဲ့ အေဖဟာ အာ႐ံုေၾကာနဲ႔ဆိုင္တဲ့ ေရာဂါ တစ္မ်ိဳးကို ခံစားေနရလို႔ ဆရာဝန္ႀကီးနဲ႔ ျပသၿပီး ေဆးကုသမႈကို ခံယူရပါတယ္။ ဆရာဝန္ႀကီးက မလဲေစနဲ႔လို႔ မွာလိုက္ပါတယ္။

ကြ်န္မတို႔ကလည္း လဲမွာစိုးလို႔ ဂ႐ုစိုက္၊ အေဖကလည္း ေနလို႔မေကာင္းေတာ့ ထလိုက္ ေလွ်ာက္လိုက္ လုပ္ခ်င္နဲ႔။ ကြ်န္မက ေျပာမိပါတယ္။ ]ေဖေဖကလည္း လဲမွာစိုးလို႔ ဂ႐ုစိုက္ေနရတဲ့အထဲ လမ္းပဲ ေလွ်ာက္ေနတာပဲ}လို႔ ေျပာမိတာပါ။ တကယ္ ေတာ့ စိုးရိမ္လို႔ ေျပာတာ၊ ဒါေပမဲ့ အသံက မာသြားပါ တယ္။

ေဖေဖဟာ သိပ္ကို သနားစရာ ေကာင္းတာ ပါပဲ။ အဲသည္လိုျဖစ္ၿပီး ႏွစ္ပတ္အတြင္းမွာ ဆံုးတာပါ။ အဲဒီေတာ့ ကြ်န္မမွာ ေဖေဖကလည္းလို႔ ေျပာ လိုက္မိတဲ့အတြက္ အလြန္ခံစားရပါတယ္။ ေတာ္ ေသးတာက လိုေလေသး မရွိေအာင္ ျပဳစုလိုက္ႏိုင္ တာေၾကာင့္ပါပဲ။ ႏို႔မို႔ရင္ ေျဖႏိုင္ဖို႔ေတာင္ ခပ္ခက္ခက္ ပါပဲ။

ကဲ တင္ျပခဲ့တဲ့ အခ်က္အလက္မ်ားကလည္း ေတာ္ေတာ္စံုသြားပါၿပီ။ ကြ်န္မက သားသမီးမ်ား ဘက္က ကလ်ာဏမိတၲျဖစ္ဖို႔ကိုသာ ေဆြးေႏြးေတာ့ မိဘမ်ားဘက္ကေရာလို႔ ေမးစရာရွိပါတယ္။ တကယ္တကယ္ေတာ့ လူတိုင္း လူတိုင္းဟာ ကလ်ာ ဏမိတၲမ်ားအျဖစ္ မိမိတို႔ဘာသာမိမိတို႔ ျပင္ဆင္ သင့္တာပါပဲ။ ဒါမွ အမွားနည္းနည္းနဲ႔ အဆင္ေျပ အခ်ိဳးက်တဲ့ လူမႈဆက္ဆံေရးကို ဖန္တီးယူႏိုင္မွာ ျဖစ္ပါတယ္။

အဲဒီေတာ့မွ ‘အသက္တစ္ရာ မေနရ၊ အမႈ တစ္ရာ ေတြ႕ရ’ဆိုတဲ့ ေလာကႀကီးဟာ အနည္း နဲ႔အမ်ား သာယာေျပျပစ္လာမယ္ ျဖစ္ပါတယ္။

ေဒါက္တာမတင္ဝင္း(ပညာေရးတကၠသိုလ္)

 

Unicode Version

 

ကလျာဏဆိုတာ ရှားလည်း ရှားပါတယ်။

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)
*********************-

ကျွန်မငယ်ငယ်ကတည်းက လူဦးရေနည်းတဲ့ မိသားစုမှာ လူဖြစ်ခဲ့ရတာရယ်၊ ချူချာလို့ အရွယ် တူများနဲ့ မပေါင်းသင်းနိုင်တာရယ်စတဲ့ အကြောင်း များကြောင့် လူ့လောကကြီးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးလှတယ်လို့ မဆိုနိုင်ပါဘူး။ စာဖတ်တာ ကတော့ ဖတ်တာပေါ့လေ။ စာထဲက အကြောင်း လောက်နဲ့ လောကကြီးမှာ ရှိရှိသမျှအကြောင်းအရာ အဖြစ်အပျက်တွေကို မခြုံနိုင် မငုံနိုင်ဘူးပေါ့။
စာထဲမှာ မိဘကို ကျေးဇူးဆပ်တတ်တဲ့ ကလျာဏမိတ္တအမည်ခံနိုင်သော သားသမီးများ အကြောင်းကို ဖတ်ဖူးပါတယ်။ လူတွေဟာ ကွယ် လွန်ခါနီး အချိန်မှာ စိတ်အေးအေးချမ်းချမ်းနဲ့ ဇော ကောင်းကောင်းနဲ့ ဘဝကူးနိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်လောက်ပဲ ဒါနမှု၊ သီလမှုတွေ လုပ်ခဲ့လုပ်ခဲ့ မဂ်ဆိုက် ဖိုလ်ဆိုက် ကိုယ်တွင်းပေါက်တရားကို ပွားများ အားထုတ်ခဲ့ပြီးသား မဟုတ်ရင် ဘဝ ကူးခါနီး အချိန်ဟာ အရေးပိုကြီးပါတယ်။ ဇောမှားသွားမှာ စိုးရလို့ ဖြစ်ပါတယ်။
အဲဒီလို အယူမှား အစွဲမှား ဇောအကျ မှားခြင်းကို မဖြစ်ပွားအောင် ကုသိုလ်စိတ်နဲ့ ဘဝ ကူးအောင် ကြံဆောင်ပေးနိုင်တာကတော့ အနီး အနားမှာ ရှိတဲ့သူများပဲ ဖြစ်ပါတယ်။
သားသမီးရှိတဲ့သူများမှာ များသောအားဖြင့် ကွယ်လွန်ခါနီးမှာ သား သမီးတွေ အနီးအနားမှာ ရှိတတ်ကြတာ များပါတယ်။
ကျွန်မဖတ်ဖူးတဲ့ ဇာတ်ကြောင်းကလေး တစ်ခုကို တင်ပြလိုပါတယ်။ တစ်ခါက သားဖြစ်သူ ရဟန်းတစ်ပါးနဲ့ ဖခင်အိုကြီးတစ်ယောက်တို့ အတူ နေကြပါသတဲ့။ သားဖြစ်သူက ဖခင်အိုကြီးကို စောင့်ရှောက်ထားတာပေါ့လေ။ အဲသည်လို နေ နေကြရင်းက ဖခင်အိုကြီးခမျာ မမာမကျန်းဖြစ်ပြီး ဘဝကူးတော့မယ့် အခြေအနေကို ဆိုက်ရောက်လာ ပါတယ်တဲ့။ အဲဒီတော့ သူ့ဇောက မကောင်းတဲ့ဘက် ကိုကျပြီး ငရဲသားများ လာရောက် ဆွဲငင်တာကို တောင် မြင်ရပါသတဲ့။ အဲဒီတော့ သူက ညည်းညူ အော်ဟစ်တာပေါ့။
ဖခင်ကြီးရဲ့အဖြစ်ကို သားဖြစ်သူ ရဟန်းက သိပါတယ်။ အဲဒီတော့ စေတီတော်မှာ ပန်းများ ဝေဝေဆာဆာရှိအောင် ကပ်လှူပူဇော်ပြီး ဆီမီးများ လည်း ထွန်းညှိပူဇော်ပါတယ်တဲ့။
ပြီးတော့မှ ဖခင်ကြီးကို စေတီတော် အာရမ် ထဲကို ရွှေ့ပြောင်းယူလာခဲ့ပြီး ပရိတ်တော်များကို ရွတ်ဆိုခဲ့ပါတယ်။ အဲဒီလိုပတ်ဝန်းကျင်ကလည်း ပြောင်းသွားပြီး အနံ့အရောင် အသံများလည်း ဘုရား တရားနဲ့ ပတ်သက်နေတော့ ဖခင်ကြီးရဲ့စိတ်ဟာ ဘုရားတရားကို သတိရလာပါတယ်။ ကောင်းတဲ့ဘက် ကို ကိုင်းညွတ်လာပါတယ်တဲ့။ အဲဒီတော့မှ သူ့အာရုံ နိမိတ်မှာလည်း နတ်သမီး နတ်သားများ၊ နတ် ရထားများကို မြင်လာထင်လာပြီး ပါးစပ်ကလည်း ပြောတာပေါ့၊ အဲသည်လိုနဲ့ ကောင်းသော ဘဝကူး နည်းနဲ့ ကူးသွားပါတယ်တဲ့။
တခြား ဖတ်ဖူးတဲ့အကြောင်းများလည်း ရှိပါတယ်။ သားသမီးကစပြီး အနီးအနားကလူတွေ မလိမ္မာလို့ မကောင်းတဲ့အနေအထားနဲ့ အယူတိမ်း သွား ရတာတွေကိုလည်း ဖတ်ဖူးကြားဖူးတာ မနည်းမနောပါပဲ။
အဲဒီလို ဖတ်ဖူး သိဖူးထားလေတော့ ကျွန်မရဲ့ မိဘများ ကွယ်လွန်ခါနီးအချိန်မှာ ဘဝကူးကောင်း ရေးကို ဦးစားပေးနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်သက်လုံး မိမိတို့အပေါ်မှာ အလွန်ကြီးမားသော မေတ္တာ၊ စေတနာများ ထားရှိပြီး ကျွေးမွေးပြုစုခဲ့တဲ့ မိဘများကို ပြန်ပြီးကျေးဇူးပြုတဲ့အကြောင်းကို အထူး ပြုပြီးတောင် ပြောဖို့မလိုပါဘူး။ ဒါဟာ လုပ်ရမယ့် လုပ်သင့်တဲ့ကိစ္စပဲလို့ ပြောလိုတာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီတာဝန်ကို မသိတတ်တဲ့သူ အ တော်များများ ရှိနေတယ်ဆိုတာ သိလာရတဲ့အတွက် ကျွန်မအနေနဲ့ နောက်ဆုံးအချိန်မှာ ကောင်းဖို့ ကိစ္စ ဟာ ဆွေးနွေးတင်ပြသင့်တဲ့ ကိစ္စတစ်ရပ်လို့ သဘော ထားလိုက်ပါတယ်။ အဲဒါကြောင့် ဒီဆောင်းပါးကို ရေးမိတာပါပဲ။
ကျွန်မဟာ ကျွန်မရဲ့မိဘများ ကွယ်လွန်ပြီး တဲ့နောက်မှာ အသက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွား များကို စေ့စေ့မကြည့်ရဲပါဘူး။ အထူးသဖြင့် သိမ် သိမ်ငယ်ငယ် ဖြစ်နေကြသူများကို ပိုပြီး မကြည့်ရက် ပါဘူး။ အဲဒီလို အဘိုး အဘွားများနဲ့ တွေ့တဲ့အခါ ပိုက်ဆံလည်း များများလှူပါတယ်။ ဖိနပ်ကိုချွတ်ပြီး လက်ယှက်ကာ လေးလေးစားစားလည်း လှူပါတယ်။
အဲသည်လိုနဲ့ နေလာရင်းက မနေ့တစ်နေ့က ‘သဘာဝ၏ သားသမီးများ’ဆိုတဲ့ ဗွီဒီယိုအခွေတစ်ခွေ ကြည့်ဖြစ်ပါ တယ်။ ဂျာမနီမှာ ရိုက်တာပါ။ အ ခြေခံထားတာက တော့ ဂျာမနီနဲ့ဟော်လန်နိုင်ငံ ပတ်ဝန်းကျင်ကတောင်များ၊ ရေ ကန်များ၊ အင်းအိုင်များ ပေါများ တဲ့ဒေသ ဖြစ်ပါတယ်။
အင်း ဇာတ်လမ်းကတော့ စကတည်းက အဘိုးကြီးအိုအို တစ်ယောက် ယာတောက ရှိရှိ သမျှ သိုးတွေကို ထုတ်ပြီးရောင်း၊ ကွယ်လွန်သွားတဲ့သူ့ဇနီး ဘွား ဘွားရဲ့ဓာတ်ပုံနဲ့ တိုင်ကပ်နာရီလို၊ ကနုတ်ပန်းခက်တွေနဲ့ဝိုင်းထားတဲ့ ဘာရိုမီတာလိုပစ္စည်း ကလေးများ ကို ယူပြီးမြို့ကို တက်သွားပါ တယ်။
မြို့ကိုရောက်တော့ တိုက် မြင့်မြင့်ကြီးရဲ့ အပေါ်ဆုံးထပ်ကို တက်သွားရပါတယ်။ တကယ် တော့ အောက်ထပ်မှာကတည်း က အဘိုးလာပါတယ်လို့ အခန်း တိုင်းနဲ့ ဆက်ထားတဲ့ တယ်လီဖုန်းနဲ့ ပြောပြီးသား၊ လာမကြိုကြဘူး။ အပေါ်ရောက်တော့လည်း ယဉ် ယဉ်ကျေးကျေးတော့ နှုတ်ဆက်ပါတယ်။ ဒါပေမဲ့ လှိုက်လှဲပျူငှာမှုတော့ မရှိကြပါဘူး။ ညကျတော့ သမီးဖြစ်တဲ့သူက ‘အဖေ ဒီမှာ ခဏပဲနေမှာ မဟုတ် လား’ လို့ မေးတော့တာပါပဲ။ ဘိုးဘိုးကြီးက ဘာမှ မဖြေရှာပါဘူး။
နောက်တစ်နေ့ မနက်ကျတော့ ဘိုးဘိုးကြီး က မနက်အစောကြီးစာ ထိုင်စားနေတုန်း သမီးက အလုပ်ကို ပျာပျာနဲ့ ထွက်သွားပါတယ်။ ထွက်သွား ခါနီး တစ်ချက်တော့ နှုတ်ဆက်သွားပါတယ်။ သမက် ကတော့ ဘိုးဘိုးကြီးကို ရှိတယ်လို့ သဘောမထား တဲ့ပုံနဲ့၊ မြေးမကလေးကတော့ ဘီစကစ်တစ်ချပ်ကို ကောက်စားရင်း အဘိုးကို ခပ်စိန်းစိန်းတစ်ချက် ကြည့်ပါတယ်။ ပြီးတော့ ကက်ဆက်ကို အကျယ် ကြီးဖွင့်တော့တာပါပဲ။ အဘိုးကြီးခမျာ စားနေတဲ့အစာ တောင် နင်မလိုဖြစ်ပြီး ကက်ဆက်ကို ထပိတ် ရပါ တယ်။
နေ့လယ်နေ့ခင်းမှာလည်း အဘိုး ပျင်းနေ ရှာတယ်၊ မြို့ဆိုတော့ အခန်းကလည်း သီးသန့် ပြင်ပေးလို့ ဘယ်မှာရမလဲ။ အဲဒီတော့ မြေးမ က လေးရဲ့ အခန်းမှာ သွားနေရတာပေါ့။
အဲဒီအခန်းမှာ သူနဲ့ပါလာတဲ့ ဘွားဘွားရဲ့ပုံနဲ့ တိုင်ကပ်နာရီစတဲ့ပစ္စည်းတွေကို ချိတ်တော့တာပါပဲ။ နံရံမှာ ရုပ်ရှင်မင်းသားလား၊ အဆိုတော်လား မသိ နိုင်တဲ့ လူတစ်ယောက်ကို ဖယ်ပြီး ဘာရိုမီတာကို အဘိုး ချိတ်ထားလိုက်တယ်။
ညကျတော့ မြေးမကလေးက ညစာစား လျက် တန်းလန်း အဖေနဲ့ အမေတို့ထဲက ဘယ်သူ့ ကိုမှ မထောက်ထားဘဲ အဘိုးကို အသံပြာအောင် ခပ်စွာစွာ ရန်တွေ့တော့တာပါပဲ။ သူ့အခန်းမှာ အစုတ် ပလုတ်ပုံတွေ၊ ပစ္စည်းတွေ ချိတ်ဖို့ သူချိတ်ထားတဲ့ပုံကို ဖြုတ်ရကောင်းလားပေါ့လေ။
အဘိုးက ခပ်လေးလေးကြီး မေးရှာတယ်။ ‘အဲဒါ ဘယ်သူ့ပုံလဲ၊ သူနဲ့အမျိုးတော်သလား၊ သူ့ ပုံတွေ အများကြီးရှိလို့ တစ်ပုံကို ဖြုတ်မိတာပဲ’ ပေါ့လေ ဆက်ပြီးပြောရှာတယ်။
မြေးကတော့ ကဲကဲဆတ်ပါပဲ။ ‘ဒါ မေးစရာ မလိုဘူး၊ နောက်ကို ဒါမျိုး မလုပ်နဲ့’ ပေါ့။ အခု စာရေးနေရင်းတောင် အဘိုးအတွက် စိတ်မကောင်း လို့ သက်ပြင်းချမိပါတယ်။
နောက်တော့ အဘိုးကို သူ့သမီးက ဘိုးဘွား ရိပ်သာကို ပို့တော့တာပါပဲ။ ဘိုးဘွားရိပ်သာမှာ အဘိုးနဲ့ တစ်ခန်းတည်းနေရတဲ့ သူတစ်ယောက်လည်း နှလုံး ရောဂါနဲ့ သေရှာတယ်။ အဘိုးတို့ရွာက ငယ်သူငယ် ချင်း ဘွားဘွားတစ်ယောက်နဲ့ တွေ့တယ်။ ဘွား ဘွားက ခဏခဏထွက်ထွက်ပြေးတတ်လွန်းလို့ နာမည်ဆိုးရှိတယ်။ ဘိုးဘိုးကို ဘွားဘွား ပြောတာ ကတော့ သူ့ရွာမှာပဲ သူ သေချင်တယ်တဲ့။ အဲဒီလို သူ့ရွာမှာ မသေရရင် သူတော့ တစ္ဆေဖြစ်မှာပဲတဲ့။
ကဲလေ …တိုတိုပြောကြပါစို့။ ဘိုးဘိုးနဲ့ ဘွားဘွားဟာ ကားတစ်စီးကို ခိုးယူပြီး ထွက်ပြေး ကြတာပေါ့။ ကျွန်မနဲ့ ကျွန်မသမီးတို့ဟာ အဲဒီ စိတ်ညစ်စရာ ကောင်းတဲ့ ဘိုးဘိုး ဘွားဘွားတို့ကို ကြည့်ရင်း ထိုင်ရာက မထနိုင်ကြပါဘူး။ ဘိုးဘိုးနဲ့ ဘွားဘွားက ထွက်ပြေးနိုင်တာကို ဝမ်းသာကြပါ တယ်။ မြို့မှာတော့ အဘိုးကြီးနဲ့ အဘွားကြီး ခိုးရာ လိုက်ပြေးတယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြောပြီး ဟား နေကြတာပေါ့။ အမှန်ကတော့ သေဖို့ပြန်ကြတာပါ။ ဘွားဘွားဟာ စိတ်အေးချမ်းသာစွာနဲ့ သေတယ်။ ဘိုးဘိုးက ခေါင်းတွေဘာတွေ သေသေချာချာ လုပ် ပြီး ကိုယ်တိုင်တွင်းတူးပြီး မြှုပ်နှံပါတယ်။ ဝမ်းနည်း စရာကောင်းတာက သူတစ်ယောက်တည်း ဓမ္မ တေးသီဆိုပြီး မြေမြှုပ်ရတာပါပဲ။
ဇာတ်လမ်းပြီးပုံကတော့ အဆန်း။ ဟယ် လီကော့ပတာနဲ့ လိုက်ရှာတဲ့ သူတွေက ဘုရား ကျောင်းအပျက်ထဲက ထွက်လာတဲ့ အဘိုးကို တွေ့ လိုက်တယ်။ ဒါပေမဲ့ အောက်ကိုရောက်တော့ အဘိုးမရှိတော့ဘူး။
ကျွန်မတို့က အဲဒီဇာတ်ကားကိုကြည့်ပြီး ‘အေးလေ၊ ဒါမျိုးတော့ မြန်မာနိုင်ငံမှာ ဖြစ်မှာ မဟုတ်ဘူး’လို့ ပြောမိကြပါသေးတယ်။
အဲသည်လို ပြောတဲ့စကားသံက မဆိတ် သေးဘူး။ မိတ်ဆွေမလေးတစ်ယောက်နဲ့ တွေ့ရ ပါလေရော။ အဲဒီမိတ်ဆွေမလေးက ဆေးလူမှု ဆက်ဆံရေး အရာရှိမလေး။ အဲဒီတော့ သူ့ဆီက ဇာတ်လမ်းမျိုးစုံကို ကြားတော့တာပါပဲ။ အဲဒီတော့မှပဲ ကျွန်မလည်း ကျွန်မ ကြားဖူးတာကလေးတစ်ခုကို ပြန်ပြီးသတိရပါတယ်။
ကျွန်မကြားဖူးတာက ဒီလိုပါ။ တစ်ခါက အင်မတန် ဈေးကြီးတဲ့ ဆေးရုံတစ်ရုံမှာ ဘွားဘွား တစ်ယောက် ဆေးရုံတက်နေပါတယ်။ သူ့သမီးနဲ့ သမက်က လာပြီးတင်ထားကြပါတယ်။ ဘွားဘွားမှာ ယားနာကလေးတွေ ရှိတာကလွဲလို့ သိပ်ပြီးနေလို့ မဆိုးပါဘူး။ အဲဒီတော့ အိမ်ကိုပြန်ချင်တယ်။ထချင် တယ်။ အဲဒီတော့ သမီးနဲ့ သမက် ငှားထားပေးတဲ့ ဆရာမက ဘွားဘွားကို ကြိုးနဲ့တုပ်ထားပါလေရော။
အဲဒီလို ဘွားဘွားအဖြစ်ဆိုးနေတာကို ဆရာ ဝန်မ တစ်ယောက်က တွေ့ပေလို့ပေါ့။ ချက်ချင်း ဆရာမကို ထုတ်။ ပြီးတော့ အိမ်ကိုအကြောင်းကြား၊ ဘာမှမဖြစ်လောက်ဘဲ ဆေးရုံကို လာပြီးမထားပါနဲ့ ဆိုပြီး အိမ်ကိုပြန်ပို့တော့တာပေါ့။ အဲဒီတော့မှ ဘွား ဘွားကို ဆေးရုံကိုပို့ပြီး အိမ်ကြီးကို ရောင်းစားဖို့ စီစဉ်နေတဲ့ သမီးနဲ့သမက်ရဲ့အကြံက ပေါ်သွားပါ သတဲ့။ ကဲ …။
ဆေးလူမှုဆက်ဆံရေး အရာရှိမကလေး ပြောတာကလည်း အဲဒါမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘိုးဘိုးတစ်ယောက် နေထိုင်မကောင်းလို့ ဆေး ရုံလာပြီး တင်ထားတယ်။ ဘယ်သူမှ လာမကြည့် ကြပါဘူး။ ရောဂါသက်သာတော့ အဘိုးကို ဘယ် ပြန်မှာလဲ၊ ဘယ်ကိုလိုက်ပို့ရမလဲလို့ မေးတယ်။ မရဘူး။ ဆေးရုံမှာ အလုပ်ပေးပါလို့ တောင်းသတဲ့။ ဆေးလူမှုဆက်ဆံရေးအရာရှိက ဖျောင်းဖျပြီး (အကြာ ကြီး ဆွေးနွေးရတာနော်) အိမ်ကိုပြန်ပို့လိုက်တော့ တော်တော်ကြီးကို မပြည့်စုံကြသူ သားသမီးများက အဖေပိုင်အိမ်မှာ နေနေကြရင်း အမွေခွဲဖို့ စီစဉ် နေတာကို တွေ့ရပါသတဲ့။ အဲဒီအကြောင်းကို အဘိုး က သိလို့ စိတ်နာပြီး အိမ်ကိုမပြန်ချင်တာပါတဲ့။
သူပြောပြတဲ့အကြောင်းတွေဟာ မြန်မာပြည် မှာ ဖြစ်နေတာပါကလားလို့ သိရတော့ စိတ် မသက်သာလိုက်တာ။ တကယ်တော့ ဘယ်လောက် ပဲ ချမ်းသာချမ်းသာ အဖေ အမေကို မထီမဲ့မြင်ပြုပြီးမှ ရထားတဲ့ ဥစ္စာရတနာဆိုတာ ဘယ်တော့မှ မကုန် ခန်းဘဲ မြဲနေမယ့်ပစ္စည်းတွေလို့ မှတ်လို့မရပါဘူး။ လူသင်္ခါရ ပစ္စည်းသင်္ခါရပဲ။
ပြီးတော့ မိဘကို လုပ်ကျွေးပြုစုဖို့ဆိုတာ ချမ်းသာဖို့ မလိုပါဘူး။ ကိုယ့်တစ်နိုင်တစ်ပိုင်ပဲပေါ့။ အရေးကြီးတာက အပြုအမူ၊ အပြောအဆို၊ အဆက်အဆံပဲ ဖြစ်ပါတယ်။
တစ်ခါက ကျွန်မရဲ့ သိဟောင်းကျွမ်းဟောင်း တစ်ယောက်ကို သတိရမိသေးတော့တယ်။ ပညာ တတ်ပဲနော်။ ဘုရားတရားလည်း မြဲပါတယ်။ ယောက္ခမကိုလည်း ကျွေးတန်ကျွေးပြီး မလစ်ဟင်း စေခဲ့ပါဘူး။ ဒါပေမဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာပဲ ဖြစ်ပါတယ်။ မထွေးနွေးပါဘူး။ သူက မထွေးနွေးတော့ သူကမွေးတဲ့ သားသမီး များအနေနဲ့ အဘိုးကို ထွေးနွေးဖို့နေနေသာသာ မထီမဲ့မြင်တောင်မှ ပြုနေကြတော့တာပေါ့။ အိပ် နေတဲ့အဘိုးကို ပုဆိုးမသိမ်းနိုင်ဖြစ်နေတာကို ‘ဪ … အသက်ကြီးလို့ ဒီလိုဖြစ်နေတာပါလား’လို့ မစဉ်း စားကြပါဘူး။ ရေခဲရေနဲ့ပက်တာမျိုးလို မလေးမစား လုပ်ကြ၊ အဘိုးပြောတာ မကြားချင်ယောင် ဆောင် ကြနဲ့။ ခေတ်ကာလ ကလေးများ ပြောလို့ မရဘူး ဆိုတဲ့ ချွေးမရဲ့ လေအေးကလေးနဲ့ ပြောသံ အကြားမှာ အဘိုးအနေနဲ့ မလေးမစားလုပ်တာကို ခံရတာပါပဲ။
အဘိုးဟာ သူတို့ကို ပစ္စည်းရော ဂုဏ်ပါ ပေးနိုင်တဲ့အဖေကို မွေးထုတ်ပေးခဲ့သူပါကလား။ ပညာပေးခဲ့သူပါကလားလို့ မတွေးတောပါဘူး။ အဘိုးဟာ အပိုကြီး၊ ဖြုန်းတီးနေသူကြီးလို့ ထင် နေကြပါတယ်။
အဲသည်လိုနဲ့ အဘိုး ကွယ်လွန်ခဲ့ပါတယ်။ အဲဒီတော့မှ အဘိုးရှိနေတုန်းက တင့်တယ်မှု၊ လုံခြုံ မှုတွေကို တမ်းတကြရပါတော့တယ်။ အဘိုးက ဘာမှ မလုပ်နိုင်ပေမယ့် အဘိုးလေ အိမ်ဦးခန်းက အခန့်သားထိ်ုင်နေရင် အဟန့်က ကြီးပါဘိသနဲ့။ အိမ်မှာ ယောကျာ်းကလေး အလုပ်သမားတွေ အလုပ်ဆင်း နေလည်း ဘာအရေးလဲ၊ အဘိုးနဲ့ မြေးမ အတူရှိနေတာ ဣန္ဒြေရနေပါတယ်။
အဘိုးမရှိတော့မှ အငယ်တွေကို တစ်လှည့်စီ အစ်မကြီးနဲ့ အိမ်မှာ နေနိုင်အောင် တစ်ချိန် ကျောင်း ကနေပြီး နှစ်ချိန်ကျောင်းကို ပြောင်းယူရတာတွေ ဘာတွေဖြစ်လာပါတယ်။ အဲဒီတော့မှ မြေးမ အကြီးက ပြောတယ်တဲ့။ ‘အဘိုးမရှိမှ အဘိုးရဲ့ တန်ဖိုးကို သိရတယ်။ ဒီလိုမှန်းသိရင် အဘိုး မဆုံးခင်က ပိုပြီးချစ်ချစ်ခင်ခင်ပေါင်းပြီး ပိုပြီး ပြုစုလိုက်ပါရဲ့’တဲ့။
တကယ်တော့ အဲဒီကိစ္စက အဲဒီလောက် ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ သာမန်အသိ၊ သာမန် အတွေးနဲ့တောင် နားလည်နိုင်ပါတယ်။ အသက်ကြီး ဝါကြီးများကို လေးစားရမယ်ဆိုတာ မြန်မာ့ယဉ်ကျေး မှုမှာ မဆိတ်သုဉ်းအပ်တဲ့တရားပဲ။ ‘မာတာပိတု ဥပဋ္ဌာနံ’ တဲ့။ မင်္ဂလာတရားထဲမှာ ပါပါတယ်။ မင်္ဂလာ ရှိစေချင်ရင် မင်္ဂလာအချိန်တွေ၊ မင်္ဂလာ အဆောင် တွေ၊ မင်္ဂလာယတြာတွေကို စမ်းတဝါးဝါးနဲ့ လုပ် နေစရာမလိပါဘူး။ မင်္ဂလာရှိတဲ့အလုပ်ကိုသာ တတ် အားသမျှ လုပ်ပေါ့။
အမိ အဖကို လုပ်ကျွေးမွေးမြူတယ်လို့ ဆိုတာဟာ မင်္ဂလာသိပ်ရှိတာပေါ့။ ထို့အတူ ‘ဉာတ ကာ နဉ္စ သင်္ဂဟော’ အဆွေအမျိုးတို့ကို ထောက်ပံ့ ပါတဲ့။ တကယ်ဆွေမျိုးရင်းချာများဖြစ်တဲ့ သက်ကြီး ရွယ်အိုများကို ထောက်ပံ့ဖို့လည်း လိုပါတယ်။
‘ဂါရဝေါစ နိဝါတောစ သန္တုဋ္ဌီစ ကတညု တာယ’ ပါတဲ့။ ကိုယ့်ထက် ဝယဝုဒ္ဓိ ဂုဏ်အားဖြင့်၊ အရွယ်အားဖြင့် ကြီးတဲ့သူများကို ရိုသေလေးစားစွာ မိမိကိုယ်ကို နှိမ့်ချပြီး ဆက်ဆံရပါမယ်တဲ့။
ကျေးဇူးရှိသူများကို ကျေးဇူးပြန်လည်ပြုရ ပါမယ်တဲ့။ မိဘ ဘိုးဘွားများရဲ့ကျေးဇူးဆိုတာ ကတော့ မိမိအပေါ်မှာ ကြီးမားပါဘိခြင်း။ အဲဒီတော့ မိမိ ကိုယ်ကိုမိမိ ချစ်ရင် မင်္ဂလာတရားတွေနဲ့ ပြည့် စုံပြီး လောကီစည်းစိမ်များနဲ့ ပြည့်စုံစေချင်ရင် မိမိ ဘဝကူးတော့မယ့်အချိန်မှာလည်း နောင်တရပြီး ပူပန်သောကနဲ့ ဇောမှားပြီး ဘဝမကူးချင်ရင် မိမိကိုယ်မိမိ မိဘဘိုးဘွားများရဲ့ ကလျာဏမိတ္တ ဖြစ်လာအောင် ကြိုးစားဖို့လိုပါတယ်။
ကလျာဏဆိုတာ ရှားလည်းရှားပါတယ်လို့ ဆိုထားတော့ ကလျာဏဖြစ်ဖို့ သိပ်ခက်တယ်လို့ မထင်ကြပါနဲ့။ တကယ်တော့ စိတ်ကောင်း၊ စေတနာ ကောင်းထားရင် ကလျာဏမိတ္တဖြစ်သွားမှာပါပဲ။ ဒါပေမဲ့ မိဘဘိုးဘွားများ အနေနဲ့ကတော့ သူတစ်ပါး က အကောင်းစားတွေ လာကျွေးတာထက် မိမိ သားသမီးများက သူတို့ကြိုက်တဲ့ သာမန်အစား အစာကလေးတွေကို တယုတယ ကျွေးမွေးတာကို ခံချင်ကြမှာပါပဲ။
ကလျာဏမိတ္တဖြစ်အောင် ကြိုးစားလိုကြ သူများအနေနဲ့ မိမိရဲ့စိတ်ကို မိမိ ဆုံးမရမှာပါပဲ။ အသက်ကြီးလာတဲ့သူများဟာ စိတ်တိုတတ်ပါတယ်။ စိတ်ငယ်တတ်ပါတယ်။ နားမလည်နိုင်အောင် ရိုးရိုး အအကြီးတွေ ဖြစ်ကုန်တတ်ကြပါတယ်။ အလိုလို နေရင်း စိတ်တွေကျနေတတ်ပါတယ်။ အဲသည်လို ဆိုရင် စိတ်မဆိုးလိုက်ကြပါနဲ့၊ သူတို့ဟာ အိုနာ လို့ခေါ်တဲ့ ရောဂါကို ခံစားနေရလို့သာ မှတ်ကြ ပါတော့။
ကျွန်မကိုယ်တိုင် မှားဖူးတာ ရှိပါတယ်။ ကျွန်မ တို့အဖေကို ကျွန်မတို့ အလွန်ပြုစုခဲ့ကြပါတယ်။ ဒါပေမဲ့ အဖေဟာ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါ တစ်မျိုးကို ခံစားနေရလို့ ဆရာဝန်ကြီးနဲ့ ပြသပြီး ဆေးကုသမှုကို ခံယူရပါတယ်။ ဆရာဝန်ကြီးက မလဲစေနဲ့လို့ မှာလိုက်ပါတယ်။
ကျွန်မတို့ကလည်း လဲမှာစိုးလို့ ဂရုစိုက်၊ အဖေကလည်း နေလို့မကောင်းတော့ ထလိုက် လျှောက်လိုက် လုပ်ချင်နဲ့။ ကျွန်မက ပြောမိပါတယ်။ ]ဖေဖေကလည်း လဲမှာစိုးလို့ ဂရုစိုက်နေရတဲ့အထဲ လမ်းပဲ လျှောက်နေတာပဲ}လို့ ပြောမိတာပါ။ တကယ် တော့ စိုးရိမ်လို့ ပြောတာ၊ ဒါပေမဲ့ အသံက မာသွားပါ တယ်။
ဖေဖေဟာ သိပ်ကို သနားစရာ ကောင်းတာ ပါပဲ။ အဲသည်လိုဖြစ်ပြီး နှစ်ပတ်အတွင်းမှာ ဆုံးတာပါ။ အဲဒီတော့ ကျွန်မမှာ ဖေဖေကလည်းလို့ ပြော လိုက်မိတဲ့အတွက် အလွန်ခံစားရပါတယ်။ တော် သေးတာက လိုလေသေး မရှိအောင် ပြုစုလိုက်နိုင် တာကြောင့်ပါပဲ။ နို့မို့ရင် ဖြေနိုင်ဖို့တောင် ခပ်ခက်ခက် ပါပဲ။
ကဲ တင်ပြခဲ့တဲ့ အချက်အလက်များကလည်း တော်တော်စုံသွားပါပြီ။ ကျွန်မက သားသမီးများ ဘက်က ကလျာဏမိတ္တဖြစ်ဖို့ကိုသာ ဆွေးနွေးတော့ မိဘများဘက်ကရောလို့ မေးစရာရှိပါတယ်။ တကယ်တကယ်တော့ လူတိုင်း လူတိုင်းဟာ ကလျာ ဏမိတ္တများအဖြစ် မိမိတို့ဘာသာမိမိတို့ ပြင်ဆင် သင့်တာပါပဲ။ ဒါမှ အမှားနည်းနည်းနဲ့ အဆင်ပြေ အချိုးကျတဲ့ လူမှုဆက်ဆံရေးကို ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်။
အဲဒီတော့မှ ‘အသက်တစ်ရာ မနေရ၊ အမှု တစ်ရာ တွေ့ရ’ဆိုတဲ့ လောကကြီးဟာ အနည်း နဲ့အများ သာယာပြေပြစ်လာမယ် ဖြစ်ပါတယ်။
ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)