လူ့ဘဝရလာပြီဆိုကတည်းက ပညာရေးနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အလုပ်အကိုင်နှင့် ပတ်သက်၍ ဖြစ်စေ၊ ဘဝနှင့်ပတ်သက်၍ဖြစ်စေ မိမိတို့ စာမေးပွဲ တွေဖြေနေကြရသည်။ မည်သည့် စာမေးပွဲတွေ ဖြေကြသည်ဖြစ်စေ၊ ဖြေဆိုရမည့်သူအဖို့ စိတ်ဓာတ်လန်း ရွှင်နေဖို့၊ ကြည်လင်နေဖို့ အရေးကြီးပါသည်။ သည့် အတွက် အောင်မြင်ရာအောင်မြင်ကြောင်း အထောက် အကူပြုပေးနိုင်သော လောကီအစီအရင်ကလေးကို တင်ပြလိုပါသည်။
၁။ တနင်္ဂနွေသားသမီးများ
မနက်စောစော နေထွက်ချိန်၌ ဒန်းညွန့် ၁၀ ညွန့်ကိုနင်းပြီး ကံ့ကော်ညွန့် ၁၅ ညွန့်ကို ဘုရားထံ လှူပါ။ နင်းပြီးဒန်းညွန့်တို့အား တောင်ဘက်အရပ်၌ စွန့်ပစ်ပါ။
၂။ တနင်္လာသားသမီးများ
မနက်စောစော နေထွက်ချိန်၌ အုန်းညွန့် ၆ ညွန့်ကိုနင်းပြီး ဆီးညွန့် ၈ ညွန့်ကို ဘုရားထံလှူ ပါ။ နင်းပြီးအုန်းညွန့်တို့အား အနောက်တောင်အရပ် ၌ စွန့်ပစ်ပါ။
၃။ အင်္ဂါသားသမီးများ
မနက်စောစော နေထွက်ချိန်၌ ကွမ်းရွက် ၁၅ ရွက်ကိုနင်းပြီး ရဲယိုညွန့် ၁၇ ညွန့်ကို ဘုရားထံ လှူပါ။ နင်းပြီး ကွမ်းရွက်တို့အား အနောက်အရပ် ၌ စွန့်ပစ်ပါ။
၄။ ဗုဒ္ဓဟူးသားသမီးများ
မနက်စောစော နေထွက်ချိန် ၌ ဆီးညွန့် ၈ ညွန့်ကို နင်းပြီး ပေါက် ညွန့် ၁၉ ညွန့်ကို ဘုရားထံ လှူပါ။ နင်းပြီး ဆီးညွန့်တို့အား အနောက် မြောက်အရပ်၌ စွန့်ပစ်ပါ။
၅။ ကြာသပတေးသားသမီးများ
မနက်စောစော နေထွက်ချိန်၌ ဝါးညွန့် ၁၇ ညွန့်ကိုနင်းပြီး သီးညွန့် ၂၁ ညွန့်အား ဘုရားထံ ကပ်လှူပါ။ နင်းပြီး ဝါးညွန့်တို့အား အရှေ့မြောက် အရပ်၌ စွန့်ပါ။
၆။ သောကြာသားသမီးများ
မနက်စောစော နေထွက်ချိန်၌ ပေါက်ညွန့် ၁၉ ညွန့်ကို နင်းပြီး ထန်းရွက် ၁၀ ရွက်အား ဘုရားထံ ကပ်လှူပါ။ နင်းပြီး ပေါက်ညွန့်တို့အား အရှေ့ တောင်အရပ်၌ စွန့်ပါ။
၇။ စနေသားသမီးများ
မနက်စောစော နေထွက်ချိန်၌ သီးညွန့် ၂၁ ညွန့်ကိုနင်းပြီး အုန်းညွန့် ၆ ညွန့်အား ဘုရားထံ ကပ်လှူပါ။ နင်းပြီး သီးညွန့်တို့အား မြောက်အရပ်၌ စွန့်ပါ။
စာမေးပွဲခန်းသို့ ဝင်သည့်အခါ ဒေဝါနံ နန္ဒ နောဒေဝေါ၊ ဒေဝ ဒေဝန နန္ဒိတော၊ ဒေဝ ဒိနေန ဝေဒေန၊ ဝေဒိ ဝေဒေန ဝေဒိတော ဟု ကိုးခေါက် ရွတ်ဆိုပြီးဝင်ပါ။ အစစအရာရာ အဆင်ပြေပါလိမ့်မည်။
မင်္ဂလာဦးရွှေအိုး
