အိပ်ခန်းအတွင်းကြည့်မှန်ရှိခြင်းကြောင့် ဖြစ်ပေါ်လာသောပြဿနာများ

အိပ်ခန်းအတွင်းကြည့်မှန်ရှိခြင်းကြောင့် ဖြစ်ပေါ်လာသောပြဿနာများ

တစ်ချို့ကိစ္စတွေဟာ တစ်ခါတစ်ရံမှာ သတိမမူရင် ဂူမမြင်ဖြစ်တတ်ပါတယ်။ ဟုတ်ကဲ့သတိမူရင်တော့ မြူတောင်မြင်ရတယ်လို့ဆိုရိုးစကားရှိပါတယ်။ ဟုတ်ကဲ့ ကြည့်မှန်များအနေဖြင့် ထူးခြားသောစွမ်းအင် ( အလွန်ကောင်းခြင်း ) နှင့် ( အလွန်ဆိုးခြင်း )ကို ပိုင်ဆိုင်ထားသည်ကို ပထမသိထားရပါမယ်။ ၎င်းကြည့်မှန်အား အိပ်ခန်းအတွင်းထားရှိပါက များစွာသောဆိုးကျိုးများကို ပေးပါသည်။ ဒါကြောင့်ကြည့်မှန်ကိုအိပ်ခန်းအတွင်းမထားကောင်းဟုလက်ခံယုံကြည်ထားရမည်။

ကြည့်မှန်ကြောင့် ချစ်သူစုံတွဲနှင့် အိမ်ထောင်ဖက်တို့ ကွဲကွာရသည့်အထိ ဖြစ်တတ်ပါသည်။ ကြည့်မှန်အား အိမ်ခန်းအတွင်းထားရှိပါက မိမိအိပ်စက်သောအချိန်၌ ဖုံးအုပ်ထားပေးရပါမည်။ နောက်ထပ်သတိပြု့စရာအချက်မှာ ကြည့်မှန်ကိုအိပ်ယာနှင့်တိုက်ရိုက်မျက်နှာချင်းဆိုင်ထားတတ်ခြင်းကြောင့် မကောင်းသော Feng Shui ၏ အကျိုးသက်ရောက်မှုများကို ရတတ်ပါသည်။ Feng Shui ပညာရှင်တို့၏အဆိုအရ ချစ်သူ၏သစ္စာဖောက်ဖျက်ခံရခြင်းတို့ ကြုံတွေ့တတ်ရကြောင်းသိရပါသည်။ တစ်နည်းအားဖြင့် ဇနီးခင်ပွန်းတို့အိပ်စက်နေစဉ် ကြည့်မှန်မှ အနှောင့်အယှက်ပေးသည့်စွမ်းအင်အမျိုးမျိုးထုတ်လွှတ်နေသည်ဟု သတိမူရပါမည်။

ဟုတ်ကဲ့ သတိမူ၍ ပြုပြင်နိုင်ပြီး အချစ်ရေး အိမ်ထောင်းရေးတွေခိုင်မြဲသာယာကြပါစေ။

Credit : ဆရာသော်တာအောင်