အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၄) ဂဏန်းသမားများ

အင်္ဂလိပ်လရဲ့ ဘယ်လမဆို ၄-ရက်၊ ၁၃-ရက်၊ ၂၂-ရက်၊ ၃၁-ရက်နေ့တွေမှာ မွေးရင် ၄-ဂဏန်းသမားလို့ ခေါ်ရမယ်။ သူတို့ရဲ့ မျက်နှာသွင်ပြင်ဟာ တစ်ခြားသူ နဲ့ မတူပဲ တမူ ထူးခြားနေတယ်။

ထက်ထက်မြက်မြက် ရှိတဲ့ မျက်နှာမျိုးရှိတယ်။ ၄-ဂဏန်းသမားတွေဟာ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့ မရဘူး။ တစ်နည်း တစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများတကာနဲ့လည်း အယူအဆချင်း မတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။ စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။ (၄)-ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွား တတ်တယ်။ မိတ်ဆွေအပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။ အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေ ဖြစ်တတ်တယ်။

(၄)-ဂဏန်းသမားတွေ အရေးကြီးတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် ၄-ရက် ။ ၁၃-ရက်။ ၂၂-ရက် ၃၁-ရက်တွေဟာ အကောင်းဆုံးပဲ။

သူတို့အတွက်ကံကောင်းစေတဲ့ အရောင်ကတော့ စပ်ထားတဲ့အရောင် ။ မီးခိုရောင် ၊ ညိုမှိုင်းတဲ့အရောင်တွေ ဖြစ်တယ်။

ဝတ်ဆင်သင့်တဲ့ ရတနာကတော့ နီလာပေါ့ကွာ။

ပြီးတော့ (၄)-ဂဏန်းသမားတွေဟာ ရောဂါဆန်းတွေ ဖြစ်တတ်တယ်။ မမြင်ရတဲ့ နေရာတွေမှာ အနာဖြစ် တတ်တယ်ကွ။ ရောဂါ ဖြစ်လာရင် လျှပ်စစ်ဓာတ်ကို အသုံးပြုပြီး ကုသတဲ့ ကုသနည်းဟာ အထူးကောင်းတယ်။ နောက်တစ်ခုက (၄)ဂဏန်းသမားတွေဟာ ဆေးစားခြင်း ဆေးသောက်ခြင်းထက် အချိန် လုံလုံလောက်လောက် အနားယူလိုက်ခြင်းဟာ ကောင်းတယ်။ ၄-ဂဏန်းသမား နေထိုင်မကောင်း ဖြစ်တဲ့အခါ သတ်သတ်လွတ် စားလိုက်တာနဲ့ ပျောက်ကင်းသွားတတ်ပါတယ်။