ညီညီဝင်း(မန္တလေး)

ညီညီဝင်း(မန္တလေး)

အလှူကြီးပေးနိုင်ပြီ

ကျွန်တော် မဟာမြတ်မုနိ ဘုရားအတွင်းက ဗောဓိညောင်ပင်အောက်မှာ ဗေဒင်ထိုင်ဟောနေတဲ့ အချိန်နှစ်ကာလပိုင်းမှာ ကျွန်တော်နှင့် မျက်နှာချင်း  ဆိုင်ထိုင်ဟောတဲ့ဆရာဦးကျော်ဋ္ဌေးဆီကို ဘုရားရှေ့မှာ ဆိုင်းရောင်းတဲ့ ဦးအောင်လွင်က သူ့တာဝန်ပြီး ချိန် ၁၁ နာရီလောက်ဆို သူ့ဝန်ထမ်းအိမ်ကို အပြန် ဝင်ဝင်လာလေ့ရှိတယ်။

တစ်ခါတလေ ဦးကျော်ဋ္ဌေး ဆီ ဗေဒင်မေးသူရှိရင် ကျွန်တော့်ဘက်မှာ ဝင်ထိုင် တတ်တော့ ကျွန်တော်နဲ့ကလည်း ရင်းနှီးပြီးသား “ဘယ်နှယ့်လဲ ခင်ဗျားကော အလုပ်ဖြစ်ရဲ့လား ဒီမှာ ထိုင်ဟောတာ သုံးနှစ်လောက်တော့ ရှိရောပေါ့”တဲ့ “ကျွန်တော်ကတော့ သိပ်အလုပ်မဖြစ်ပါဘူးဗျာ ဆရာ ဦးကျော်ဋ္ဌေးကတော့ နေ့တိုင်းအလုပ်ဖြစ်တယ်”

ဦးအောင်လွင်က ကျွန်တော်ပြောတာ နားထောင်ရင်းက –

“အရင်က ကျွန်တော့်အသိတစ်ယောက် ဆိုက်ကားနင်းတုန်းက ဘုရားကြီးအရှေ့မုခ်မှာ ဂိတ်ထိုးတယ်ဗျ။ တစ်နေ့တော့ ကျွန်တော့်ဆီဝင်လာ တယ်။ ဦးအောင်လွင်ရာ ကျွန်တော်အလုပ်မဖြစ်တာ ကြာပြီတဲ့။ အဲဒါ ဘာလုပ်ရမလဲတဲ့ အကြံလေးရှိရင် ပေးစမ်းပါဦး။ ကျွန်တော်လည်း ဘုန်းကြီးလူထွက်ဆို တော့ ကျွန်တော်သိတာကိုပဲ အကြံပေးလိုက်တာ ပေါ့ခင်ဗျာ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓကို မနက် ၄၅ ခေါက် ည ၄၅ ခေါက် ရွတ်ဗျာ၊ အဆင်ပြေလာလိမ့်မယ်လို့ပြောလိုက်တာ သူလည်း ဟုတ်ကဲ့ …ဟုတ်ကဲ့ဆိုပြီး ပြန်သွားတာ နောက် တစ်နှစ်လောက်ကြာတော့ ကျွန်တော့်ဆီ ပြန်ရောက်လာတယ်ဗျို့။ ဦးအောင်လွင် …ခင်ဗျား အကြံပေးတဲ့အတိုင်း နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ မနက်နှင့်ည ၄၅ ခေါက်စီရွတ်တာ အဆင်ပြေတယ်ဗျ။ ကျွန်တော့် သားသမီးတွေလည်း ရှင်ပြု နားသတော့မယ်ဆိုပြီး ကျွန်တော့်ကို စားစရာတွေရယ်၊ ပုဆိုးရယ်၊ ပိုက်ဆံ ရယ် အလှူဖိတ်စာရယ်ပေးပြီး ထိုင်ကန်တော့သွား တော့တယ်ဗျ။ ခင်ဗျားလည်း အဲဒီလိုရွတ် အဆင်ပြေ မှာပါ”တဲ့။

နောက်ဆယ်နှစ်လောက်ကြာတော့ ကျွန်တော့် အရပ်ထဲက လက်ဖက်ရည်ဆိုင်မှာ တစ်ရပ်ထဲနေ ချောစုဆိုတဲ့ အမျိုးသမီးက ဗေဒင် မေးတယ်။ ဘာဘာညာညာ ဟောပေးလိုက်တယ်။ သူက  စာ မတတ် တစ်နှစ်သုံးလေးလည်း မရေတတ်တော့ စာရွက်နဲ့ ရေးလို့လည်း မဖြစ်။ သူအဆင်မပြေတဲ့ ကိစ္စတွေအတွက် ဘယ်လို အကြံပေးရမလဲ တွေး မိတော့ ဦးအောင်လွင်က ကျွန်တော့်ကို အကြံပေး  တာတွေကို သတိရလိုက်တော့ –

“ခင်ဗျား မနက် မျက်နှာသစ်တဲ့အချိန်ကစ ပြီး နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿကိုရွတ်၊ စားလည်းရွတ်၊ ချက်လည်းရွတ်၊ အဝတ်ဖွတ်ရေချိုးလည်း ရွတ်၊ သွားလည်းရွတ်၊ အိပ်လည်းရွတ်လို့ အကြံပေးလိုက်တယ်။ ဒါမှ ခင်ဗျား ဘုန်းကံကြီးလာမယ်”

ဤဆောင်းပါးဖြင့် ဦးအောင်လွင်ကို ဂါရဝ ပြုလျက်

ညီညီဝင်း(မန္တလေး)