ကျွန်တော်၏ အဖေသည် တပ်မတော်မှ အရာရှိကြီး တစ်ယောက်ဖြစ်၍ တပ်မတော်မှ ပေး ထားသော အိမ်ကြီးတွင် နေထိုင်ကြပါသည်။
ကျွန်တော်သည် အခြေခံအဆင့်မြင့် အထက်တန်းစာမေးပွဲကို ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ခဲ့၍ ဆရာဝန်လိုင်းတွင် တက်ရောက် သက်ကြားနေရပါသည်။ ဆေးတက္ကသိုလ် ၂ မင်္ဂလာ ဒုံတွင် သင်ကြားရပါသဖြင့် လူအရိုးများကို အဓိက ထား၍ သင်ကြားရပါသည်။ အရိုးများကို လေ့လာလို လျှင် ဆေးတက္ကသိုလ်(၂) အရိုးဌာနတွင် သွား ရောက်လေ့လာရပါသည်။ ဤအကြောင်းကို အဖေ့ အား ပြောပြထားရာ အဖေက သူ့တပည့်တစ်ဦး၏ အဆက်အသွယ်နှင့် လူအရိုးစု အစုံအလင် ခြေဖျားမှ လက်ဖျားခေါင်းအထိပါသော အရိုးစုတစ်လုံးကို ထင်းရူးသေတ္တာတစ်လုံးတွင်ထည့်ပြီး အိမ်ရှေ့ ဝရန်တာ တွင် ထားပါသည်။
ညအခါတွင် ထင်းရူးသေတ္တာအား ထုသည့် အသံတဒုံးဒုံးဖြင့် ဆူညံစွာ ကြားရပါသည်။ ဂျက်ကီ၏ ဟောင်သံများလည်း ကြားရပါသည်။ မနက်မိုးလင်းတော့ ထင်းရူးသေတ္တာကို ဖွင့်၍ ပြန်ကြည့်တော့ နဂိုထည့်ထားသည့်အတိုင်း ရှိနေပါသည်။ ယခုညတွင် ထင်းရူးသေတ္တာအား သော့ဖွင့်၍ ထားခဲ့ပါသည်။
ညစာကြည့်ပြီး အိပ်ပျော်သွားသောအခါ ဂျက် ကီ၏ ဟောင်သံနှင့်အတူ လူတစ်ယောက် လမ်း လျှောက်နေသံကို ကြားရပါသည်။ ဤသည်မှာ ည တိုင်းလိုလို ကြားနေရပါသည်။ တစ်အိမ်လုံး မအိပ် ရတော့ပါ။ အဖေက ပြောပါသည်။ ဤ အရိုးစုအား ဆေးတက္ကသိုလ်(၂) အရိုးဌာနသို့ သွားရောက်လှူဒါန်း ရန်ပြော၍ နောက်တစ်နေ့တွင် တပ်မှ ကားတစ်စီး ခေါ်ပြီး ဆေးတက္ကသိုလ်(၂) မင်္ဂလာဒုံ အရိုးဌာနသို့ လှူဒါန်းလိုက်ကြပါသည်။
နောက်နေ့မှစ၍ တစ်အိမ်သားလုံး ဝ၀လင် လင် အိပ်စက်ရပါတော့သည်။
ဝဏ္ဏထွန်း(မင်းပြား)
မနောမယဝိုင်းတော်သား ဆရာဒိဗ္ဗာန် (ဂမ္ဘီရ) ၏ ပြန်လည်သုံးသပ် တင်ပြချက် . .
ဆရာဝဏ္ဏထွန်း(မင်းပြား)၏ အရိုးခြောက် သရဲစာမူမှာလည်း ထူးဆန်းအံ့ဩစရာပင် ဖြစ်ပါ သည်။ သရဲခြောက်နည်း အမျိုးမျိုးရှိသည့်အနက် တစ်မူကွဲပြား သော သရဲခြောက်ပုံ ခြောက်နည်းဖြစ် ပါသည်။
လူတို့သည် သေခါနီး၌ စွဲမိစွဲရာ စွဲသွားတတ် ကြသည်။ ထိုအစွဲကြောင့်ပင် ကောင်းရာမွန်ရာဘဝ သို့လည်း မကူးပြောင်းနိုင်၊ ဝိဥာဉ်အစိမ်းသရဲဘဝဖြင့် ခေတ်ကာလရှည်ကြာစွာ ကျင်လည်ကျက်စားနေကြ ရသည်။
ယခုစာမူမှာပါသည့် ဆရာဝဏ္ဏထွန်း(မင်းပြား) ၏ အရိုးခြောက်သရဲမှာ သေလွန်ပြီးနောက် မိမိ ခန္ဓာကိုယ်၏ အသား၊ အရည်စသည်တို့ လောင်ကျွမ်းပျက်စီးသွား သော်လည်း ကျန်နေသေးသည့် အရိုးခြောက်တွင် စွဲလန်း ၍ မမြင်အပ်သည့် မကောင်းဆိုးဝါးဝိÓာဉ်အဖြစ် ရပ်တည်ကျင်လည်နေသည်ကို တွေ့ရပေသည်။
ထိုမကောင်းဆိုးဝါး ဝိဥာဉ်တို့သည် ၄င်းအား သေတ္တာထဲထည့်၍ သော့ခတ်ထားခြင်းကို လက်မခံ နိုင်ဘဲ လွတ်လပ်စွာ ကျင်လည်ကျက်စားနိုင်သော ဘဝကို နှစ်သက် ဟန်တူပေသည်။ သို့ဖြစ်၍ အရိုးခြောက်ကြီး ထည့်ထား သည့် သေတ္တာအတွင်းမှ ထုရိုက်သံများပေး၍ သေတ္တာ ဖွင့်ပေးရန် တောင်းဆိုသံများကို ညစဉ်ညတိုင်းကြားရ ကြောင်း စာမူထဲတွင် ဖော်ပြထားပေသည်။ နောက်ဆုံး ထိုအရိုးများ ထည့်ထားသည့် ထင်းရှူးသေတ္တာအား သော့ဖွင့် ပေးလိုက်သောအခါမှသာ ငြိမ်သက်သွားခဲ့သည်ဆို ၏။
ထို့ကြောင့် အရိုးသေတ္တာအား ဆေးရုံသို့ သွား ရောက်လှူဒါန်းလိုက်သောအခါတွင်မူ လုံးဝ အသံ မကြား ရတော့ကြောင်း သိရလေသည်။ ထူးဆန်းပေ စွ။
ဒိဗ္ဗာန်(ဂမ္ဘီရ)
