ရွှေစားပွဲ၊ ငွေစားပွဲ

တစ်နေ့သ၌ ကျွနု်ပ်ထံသို့ တာလီဝမ်းဟု ခေါ်သော ကျောင်းနေဖက် သူငယ်ချင်းတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းသည် ၃၁ ရက်တွင် မွေး ဖွားသောကြောင့် မိဘများက သာတီဝမ်းဟု မှည့် ခေါ်ခဲ့သော်လည်း အရပ်ထဲတွင်မူ တာလီဝမ်းဟုသာ အလွယ်ခေါ်ကြလေသောကြောင့် ၎င်း၏အမည်မှာ လည်း တာလီဝမ်း ဟု တွင်ခဲ့ရလေ၏။

၎င်းတာလီဝမ်းသည် ကုမ္ပဏီကြီးတစ်ခု ထောင်ပြီး ကြီးပွားနေသည်ဟု ကြားသိရလေသည်။ လူချင်းမတွေ့ကြသည်မှာမူ ၁၀ နှစ်ခန့်ပင် ကြာခဲ့ပြီ ဖြစ်လေ၏။ ယခုမှ ကျားသားမိုးကြိုး ကျွနု်ပ်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ခြင်း ဖြစ်လေ တော့၏။ ကျွနု်ပ်သည် တာလီဝမ်းအား လက်ဖက်ရည် ဖြင့် ဧည့်ခံရလေ၏။ တာ လီဝမ်းက –

“ဆရာကြီးမင်းသိင်္ခ တို့၊ ကိုယ့်သူငယ်ချင်းတို့ ဆရာတပည့်တွေ လက်ဖက် ရည်ကို တော်တော် ကြိုက်တဲ့အ ပြင် လာသမျှ ဧည့်သည်ကိုလည်း လက်ဖက်ရည်ပဲ တိုက်တယ်။ ဘာလဲ သစ္စာဆိုထား ကြလို့လား …”ဟု မေးရာ ကျွနု်ပ်က –

“ဒီလိုပါ တာလီဖိုးရယ်… ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းတယ်လို့ ဆိုတယ် မဟုတ်လား။ ရှေးဆရာကြီးတွေက လက်ဖက်ရည်ကို နိမိတ်ကောင်းယူပြီး လာဘ်ပွင့်ရေလို့ ခေါ်လေ့ရှိကြ တယ်ကွ။ လက်ဖက်ရည်ဆိုတော့ ဗုဒ္ဖဟူးနံနဲ့ ကြာသ ပတေးနံကွာ … ၄ နဲ့ ၅ ဆိုတော့ ပေါင်းလိုက်ရင် ၉ နဝင်းဖြစ်တာပေါ့ …။

ပြီးတော့ လက်ဆိုတဲ့ ဗုဒ္ဖဟူးဂြိုဟ်သက်က ၁၇ ကွ၊ ဖက်ဆိုတဲ့ ကြာသပတေးဂြိုဟ်သက်က ၁၉ ကွ။ နှစ်ခုပေါင်းတော့ ၃၆၊ ၃ နဲ့ ၆ ကို ပြန် ပေါင်းလိုက်ရင်လည်း ၉ နဝင်းပဲပေါ့ကွာ။ ရုပ်နဝင်း၊ နာမ်နဝင်း နဝင်းနှစ်ထပ် ရတယ် လို့ ခေါ်တယ်။

နဝင်းကိုခံပြီး ကံကိုမြှင့် ရတယ်တဲ့။ အဲဒီတော့ လက် ဖက်ရည် သောက်ခြင်းအားဖြင့် ကံအခွင့်အလမ်းတွေ ပွင့်လန်းပါ စေဆိုတဲ့ နိမိတ်ကိုလည်း ယူတာပေါ့ကွာ”ဟု ရှင်းပြလိုက်ရလေ၏။ ထိုအခါ တာလီဝမ်းက ကျွနု်ပ်၏ စီးကရက်ဘူးထဲမှ စီး ကရက်တစ်လိပ်ကို လှမ်း၍ယူကာ မီးညှိ၍ ရှိုက်ဖွာ ရင်း …

“ဟုတ်ပါပြီ ဆရာသမားရယ် … အစ တုန်းကတော့ ကိုယ်လည်း အဲဒါမျိုးတွေ သိပ်ပြီး စိတ်ဝင်တစား မရှိလှပါဘူး။ အခုတော့ အလိုလို နေရင်း ကိုယ့်မှာ စိတ်ဓာတ်ကျချင်သလိုလို၊ အားငယ် သလိုလိုတွေ ဖြစ်လာနေတယ်ကွ။ နေရင်းထိုင်ရင်း လုပ်ငန်းအပြိုင်တွေကိုလည်း လန့်သလိုလိုတွေ ဖြစ် နေတယ်ကွ။ ပြီးတော့ တစ်ခါတလေများဆိုရင် ငါ လုပ်နေတဲ့ အလုပ်တွေကိုတောင် ရပ်ပစ်ချင်စိတ်၊ နောက်ဆုတ်ပြီး ထွက်ပြေးချင်စိတ်မျိုးတွေ ပေါ်လာ နေတယ်ကွာ။

အဲဒါ ဆရာသမားတို့ပညာနဲ့ တွက်ချက်ကြည့် ချင်စိတ် ပေါ်လာလို့ပါကွာ။ ကိုယ့်ကို မကောင်းတဲ့ အတတ်တွေ၊ ဘာတွေနဲ့များ တိုက်ထား ခိုက်ထားတာတွေများ ရှိသလားလို့ပါ …”ဟုပြောလျှင် ကျွနု်ပ်က –

“ငါလည်း မင်းရဲ့ သတင်းတွေကို ကြားပါတယ်။ မင်းရဲ့လုပ်ငန်း တော်တော်ကြီးပြီး အပြိုင် အဆိုင်တွေလည်း များတယ်ဆိုပဲ … လုပ်ငန်းကြီး တဲ့သူတွေမှာ စိတ်ဖိစီးမူကတော့ အနည်းနဲ့အများ ပဲကွာမယ် … ရှိတတ်ကြစမြဲပါပဲကွာ။

ကိုယ့်သူငယ်ချင်းကို အကြံပေးချင်တာက တော့ ကိုယ်ရဲ့ အလုပ်စားပွဲတို့၊ အိပ်ရာတို့မှာ ယက်မ ကြီးတွေ၊ ထုတ်တန်းကြီးတွေရဲ့အောက်မှာ ရှိနေ သလားဆိုတာကို တစ်ချက် သတိထားကြည့်ရမယ်။အဲဒီတန်းမှာ မီးချောင်းတွေ တပ်ထားတယ်ကွ။ အဲဒီ မီးချောင်းတွေ လဲရင်းပြုရင်းနဲ့ အဲဒီတန်းကြီး ရှိနေတာ ကို ငါက သတိထားမိတာကွ။ ဟုတ်ပြီ ဟုတ်ပြီ။မနက်ဖြန်မှာကိုပဲ ငါ့ရဲ့ စားပွဲကို အဲဒီတန်းကြီးနဲ့ လွတ်အောင် ရွှေ့မယ်ဟေ့။ ပြီးတော့ ငါ့အတွက် အဲဒီလို ကောင်းနိုးရာရာလေးတွေလည်း ပြောပေး ဦးကွာ …”ဟုမေးလျှင် ကျွနု်ပ်က –

‘ဒီလိုကွ …ကိုယ်ရဲ့အလုပ်စားပွဲပေါ်မှာ ကိုယ့်ရဲ့ ညာဘက်ကျကျ တစ်နေရာမှာ ကြည့်မှန် လေး တစ်ချပ်ကို ကိုယ့်ဘက်ကိုလှည့်ပြီး ထောင်ထား ရမယ်ကွ။ ပြီးတော့ ကိုယ်ရဖူးတဲ့ ဆုတံဆိပ်၊ ဘွဲ့ တံဆိပ်လိုဟာမျိုးကိုလည်း အလုပ်စားပွဲပေါ်မှာ တင် ထားရမယ်။ တကယ့်အစစ်ကိုတင်ဖို့ ခက်နေရင် လည်း ဓာတ်ပုံလေး ရိုက်ပြီး ထောင်ထားပေါ့ကွာ …”

ဒါမှမဟုတ်ရင်လည်း ကိုယ်ရဖူးတဲ့ ဘွဲ့လက် မှတ် တစ်ခုခုတို့၊ ကိုယ်များများစားစား လှူဒါန်း ခဲ့ဖူးတဲ့ အလှူတော်ငွေ ဂုဏ်ပြုလွှာမှတ်တမ်းလို ဟာမျိုးကို ဓာတ်ပုံအသေးချုံ့ပြီး ထောင်ထားမှာပေါ့ ကွာ …။ တစ်ခုရှိတာက မှန်ထဲကို လှမ်းကြည့် လိုက်ရင် ကိုယ်ရဲ့မျက်နှာရယ် အဲဒီဆုတံဆိပ် ဘွဲ့ တံဆိပ်ရယ်ကို မှန်ထဲမှာ မြင်နေအောင်ထားရမယ်ကွ။အဲဒီမှန်ကို လှမ်းလှမ်းကြည့်ရင်း ကိုယ့်လုပ်ငန်းတွေ အောင်မြင်သည်ထက် အောင်မြင်ဖို့ အောင်ဓာတ် တွေရဖို့ အပြိုင်အဆိုင်တွေကို အောင်နိုင်ဖို့ ဆု တောင်းရမယ်။

အဲဒီလို ပစ္စည်းမျိုးတွေကလည်း ကိုယ်ဟာ တောမရောက် တောင်မရောက် မဟုတ်ဘူးနော် … ငါက ဘယ်လိုကောင်ကွ။ ဘယ်လို တော်တဲ့ ဘယ်လို ထူးချွန်တဲ့ စိတ်ဓာတ်ခွန်အားကို ပေးစေတယ်လေ … ပြီးတော့ မှန်တဲ့၊ နှစ်ဆပွားတဲ့ သဘော၊ ရောင်ပြန် ဟပ်တဲ့ သဘော၊ ဂမ္ဘီရ သဘောတွေလည်း ပါနေ တာပေါ့ကွာ။

မင်းရဲ့ အလုပ်စားပွဲမှာ အဲဒီလိုလေး ထား လိုက်ခြင်းအားဖြင့် ခွန်အားအသစ်တွေ၊ အကြံ ကောင်း ဉာဏ်ကောင်းတွေ၊ ကံအခွင့်အလမ်းကောင်း တွေ ပွင့်လန်းစေပြီး အလုပ်တွေ ဘယ်လောက် များများ၊ အပြိုင်အဆိုင်တွေ ဘယ်လောက်များများ၊ အားနဲ့ မာန်နဲ့ ရှေ့သို့ ချီတက်သွားနိုင်ပါလိမ်မယ် သူငယ်ချင်း”…ဟု ပြောပြလိုက်ရာ မနိုင်ဝန်များကို ထမ်းထားရပုံပေါက်နေခဲ့သော တာလီဝမ်း၏ မျက်နှာသည် ရုတ်ချည်းဆိုသလိုပင် တိမ်စင်ကင်းသော လမင်းပမာ ဝင်းပသွားပါလေတော့၏။ ထို့ နောက် –

“ဟုတ်ပြီကွ ဟုတ်ပြီ။ အဲဒီစကားလေးတွေနဲ့ တင် သူငယ်ချင်းဆီကို လာရကျိုးနပ်သွားပါပြီကွာ …”ဟု ပြောပြောဆိုဆိုပင် လက်တစ်ဖက်က ကျွနု်ပ်၏ လက်အားဆွဲ ဂုဏ်ပြုနှုတ်ဆက်ရင်း တစ်ဖက်ကမူ အလေးပြုသောပုံ လုပ်လိုက်ပါလေတော့သတည်း။