ဘုရားကိုးဆူပူဇော်နည်း

ဘုရားကိုးဆူ ဆိုသည်မှာ (၁) ဘုရား (၂) ရှင်သာရိပုတ္တရာ (၃) ရှင်မောဂ္ဂလာန် (၄) ရှင် ကောဏ္ဍည (၅) ရှင်အာနန္ဒာ (၆) ရှင်ဂဝံပတိ (၇) ရှင်ရာဟုလာ (၈) ရှင်ရေဝတ (၉) ရှင်ဥပါလိဟူ၍ ဘုရားတစ်ပါးနှင့် ရဟန္တာရှစ်ပါးကိုပေါင်း၍ ပူဇော် သည်ကို အစွဲပြုကာ ဘုရား ကိုးဆူ ခေါ်ဆိုခြင်း ဖြစ်သည်။ လောကီဆရာတို့ အသုံးပြုသော (သံ-ဂုံ-ပ-မ-ယျ ) ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ မေတ္တေယျ ဘုရားငါးဆူ၊ အာဋာနာနိယ သုတ်၌ ဝေဿဝဏ်နတ်မင်းကြီး မိမိသိမီသမျှ ဘုရားကို လျှောက်ထားသော ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားခုနစ်ဆူ၊ ဘုရားနှစ်ကျိပ်ရှစ်ဆူ စသည် ဖြင့် သူ့နေရာနှင့်သူ ခေါ်ဝေါ် အသုံးပြုကြသည် လည်း ရှိသေး၏။ ယင်းဘုရားကိုးဆူ၌ ဘုရားတစ်ပါး နှင့် ရဟန္တာ ရှစ်ပါးဖြစ်၍ ဘုရားချည်း မဟုတ်ဘဲ ဘုရားကိုးဆူဆိုရာမှာ ပြဋ္ဌာန်းသော ဘုရားကို အစွဲပြု ၍ ပဓာနနည်းအားဖြင့် လည်းကောင်း (သို့) ဘုရား နှင့် ရဟန္တာကား ဒက္ခိဏေယျပူဇာရဟ (မြတ်သော အလှူကို ခံယူထိုက်သဖြင့် ပူဇော်ထိုက်သော) လက္ခဏာချင်းတူရကား နေတ္တိပါဠိတော်၊ ဟာရ ၁၆ ပါးတွင် ပြဆိုအပ်သော လက္ခဏာဟာရနည်းအား ဖြင့်လည်းကောင်း၊ ရဟန္တာကို ဘုရားနှင့် အတူထား၍ ဘုရားကိုးဆူ ခေါ်ဆိုခြင်းဖြစ်လေသည်။ ထိုသို့ ယူခဲ့သော် ယင်း ရဟန္တာရှစ်ပါးသာမဟုတ် ရဟန္တာ အများကိုပင် ဘုရား ဟူသော အနက်အဓိပ္ပာယ်ဖြင့် ယူသင့်ပေသည်။ ထိုသို့ယူသင့်သော်လည်း ရဟန္တာ အများကိုမယူဘဲ အရပ်ရှစ်မျက်နှာ အနေအထားဖြင့် အသင့်လျော်ဆုံးဖြစ်သော ယင်းရဟန္တာရှစ်ပါးကိုသာ ဘုရားကိုးဆူ ပူဇော်ရာ၌ ယူအပ်လေသည်။

ဘုရားကိုးဆူပူဇော်သော အလေ့အထမှာ လည်း သက္ကရာဇ် ၇၆၇ ခုနှစ်လောက်က ဇင်းမယ် ပြည်တွင် တရုတ်တို့ နှောင့်ယှက်လာသောအခါ ရွတ် ဖတ် နာယူသူတို့ကို ဘေးကြီးမှ လွတ်ကင်းအေးချမ်း ရန် ရှင်သီလဝံသ ရေးသားအပ်သော ဥပ္ပါတသန္တိ ကျမ်း ဖြစ်ပေါ်လာပြီးနောက် ပိဋကတ်တော်၌ ကျွမ်း ကျင်လိမ္မာသော ဆရာတော်တို့ညွှန်ကြားစီမံချက်အရ ဖြစ်ပေါ်လာဟန် တူသည်။ အကြောင်းကား ဘုရား ကိုးဆူပူဇော်ရာ၌ ဘေးအန္တရာယ်ကင်း၍ ကောင်းကျိုး ချမ်းသာ ဖြစ်စေခြင်းငှာ ဥပ္ပါတသန္တိကျမ်းကို ရွတ် ဖတ်လေ့ ရှိသောကြောင့်ဖြစ်သည်။

တစ်ကြောင်းလည်း ဇင်းမယ်ပြည်တွင် နှစ် ပေါင်းများစွာ ရှေးအခါကပင် (၁) တနင်္ဂနွေ (၂) တနင်္လာ (၃)အင်္ဂါ (၄) ဗုဒ္ဓဟူး (၅) စနေ (၆) ကြာသပတေး (၇) ရာဟု (၈) သောကြာ (၉) ကိတ်ဟူသော ဂြိုဟ်ကြီး ကိုးလုံးကို ပူဇော်သော အလေ့အထ ရှိခဲ့ဟန်တူသည်။ နက္ခတ်ဗေဒင်ကို အယူအဆရှိသောသူတိုင်း ဂြိုဟ်ကြီးကိုးလုံးကို စောင့် သော နတ်တို့တွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သောမဂြိုဟ်လေးလုံးကို စောင့်သော နတ်တို့သည် မကောင်းကျိုးကို ပေးတတ်သည်ဟု ယူဆကြသည်။ ယူဆကြသည့်အတိုင်း မကောင်းကျိုး ပျောက်၍ ကောင်းကျိုးရောက်အောင် ပူဇော်ကြခြင်း ဖြစ်လေသည်။

ဥပ္ပါတသန္တိကျမ်းပေါ်ပြီးနောက် နှစ်ပေါင်း ၁၅၀ ကျော် သက္ကရာဇ် ၉၁၉ ခုသို့ရောက်သော အခါ ဟံသာဝတီ ဆင်ဖြူရှင်များ မင်းတရားကြီးသည် ဇင်းမယ်ကို အောင်နိုင်၍ သားတော် နော်ရထာကို ဇင်းမယ်ဘုရင်အဖြစ် လွှဲအပ်အုပ်ချုပ်စေသည်။ ထိုအ ခါ ပိဋကတ်တော်မှစ၍ စာပေကျမ်းဂန် ကျွမ်းကျင် လိမ္မာသော ပုဂ္ဂိုလ်အများ ထွန်းကားခဲ့သည်။ ယင်း ဘုရင်လက်ထက် ပိဋကတ်တော်၌ ကျွမ်းကျင်လိမ္မာ သော ဆရာတော်တို့သည် ဤဇင်းမယ်ပြည်၌ ဂြိုဟ် ကြီးကိုးလုံးကို ပူဇော်ကြသည်ကား လောကီအကျိုး မျှသာ ရည်ရွယ်ကြသည်။ တပည့်လိမ္မာသည် ဆရာ ကို သရက်ပင်ရင်း၌ ရေချိုးစေသဖြင့် ဆရာရေချိုး ခြင်းကိစ္စ သရက်ပင် ရေလောင်းခြင်းကိစ္စ နှစ်ကိစ္စ ပြီးစေသော (အတ္ထသေဝနဂရု သိနန) နည်းဖြင့်အ ကျိုး စီးပွားများရာသကဲ့သို့ ဂြိုဟ်ကြီးကိုးလုံး ပူဇော် ရာဝယ် ဘုရားကိုးဆူကို ထည့်သွင်းပူဇော်စေရလျှင် ဂြိုဟ်ကြီးကိုးလုံး ပူဇော်ခြင်းကိစ္စ ဘုရားကိုးဆူပူဇော် ခြင်းကိစ္စ နှစ်ကိစ္စပြီးစေ၍ အကျိုးစီးပွားများရာ သည်ဟူသော ရည်ရွယ်ချက်ဖြင့် ပြည်သူပြည်သား တို့အား ဂြိုဟ်ကြီးကိုးလုံးနှင့် တွဲဖက်၍ ဘုရားကိုးဆူ ကိုပါ တစ်ပြိုင်တည်း ပူဇော်ရန် စီမံပေးကြသည်။ထိုအခါကစ၍ ဘုရားကိုးဆူပူဇော်ရန် စီမံပေးကြ သည်။ ထိုအခါကစ၍ ဘုရားကိုးဆူ ပူဇော်ခြင်းအ လေ့အထ ဖြစ်ပေါ်လာဟန် တူသည်။ နောက် မြန်မာ နိုင်ငံသို့ရောက်လာကာ ယနေ့ထက်တိုင် ပူဇော်လျက် ရှိလေသည်။ ပူဇော်လာသောအခါ ဘုရားကိုးဆူထား ရန် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဘုရားကို လူနတ်တို့ဆရာ ရဟန်းသံဃာတို့ အကြီး အမှူးဖြစ်၍ အလယ်ဗဟိုအရပ်၌ ထားရ သည်။

(၂) ရှင်သာရိပုတ္တရာကို ဘုရား၏ လက်ယာတော်ရံ ဖြစ်၍ တောင်အရပ်၌ ထားရသည်။

(၃) ရှင်မောဂ္ဂလန်ကို ဘုရား၏ လက်ဝဲတော်ရံဖြစ်၍ မြောက်အရပ်၌ ထားရသည်။

(၄) ရှင်ကောဏ္ဍညကို ရဟန္တာရှစ်ပါးတွင် သိက္ခာဝါ အကြီးအဆုံးဖြစ်၍ အရှေ့အရပ်၌ ထားရသည်။

(၅) ရှင်အာနန္ဒာကို ဘုရား၏ အလုပ်အကျွေး နောက် တော်ပါဖြစ်၍ အနောက်အရပ်၌ ထားရသည်။

(၆) ရှင်ဂဝံပတိကို ရာဟုဂြိုဟ်၏ အရှင်ဖြစ်၍ ရာဟု ဂြိုဟ်တည်နေရာ အနောက်မြောက် အရပ်၌ ထားရ သည်။ (ဂဝံပတိ၌ ဂေါသဒ္ဒါ နွားအနက်ကိုရသည်။ ပသုသဒ္ဒါလည်း နွားအနက်နှင့် ရာဟုဂြိုဟ်အနက်ကို ရသည်။ ရာဟုဂြိုဟ်အနက်ကိုရသော ပသုသဒ္ဒါသည် ဂေါသဒ္ဒါကဲ့သို့ နွားအနက်ကိုလည်း ရသောကြောင့် ဂေါသဒ္ဒါလည်း နွားအနက် သာမဟုတ် ရာဟုဂြိုဟ် အနက် ကိုလည်း ရနိုင်သည်။ ထိုအတွက် ဂဝံပတိသ ဒ္ဒါသည် ရာဟုဂြိုဟ်အရှင်ဟု ဆိုပါသည်)

(၇) ရှင်ရာဟုလာကို ရဟန္တာရှစ်ပါးတွင် သိဆာဝါန ငယ်ဆုံးဖြစ်၍ အသက်အငယ်ဆုံးဖြစ်သော တနင်္ဂနွေ ဂြိုဟ်တည်နေရာ အရှေ့မြောက်အရပ်၌ ထားရသည်။

(၈) ရှင်ရေဝတကို ရှင်သာရိပုတ္တရာ၏ ညီတော်ရင်း ဖြစ်၍ ရှင်သာရိပုတ္တရာ၏အနီး အရှေ့တော်အရပ်၌ ထားရသည်။

(၉) ရှင်ဥပါလိကို ဝိနည်းကို ဆုံးဖြတ်ရသော ဝိနည်း ဓိုရ်ဖြစ်၍ ရှေးအခါကတရားသူကြီး ဖြစ်ဖူးသော စနေ ဂြိုဟ် တည်နေရာ အနောက်တောင်အရပ်၌ ထားရ သည်။

ဘုရားကိုးဆူ ပူဇော်ရာ၌ ဘုရားကိုးဆူ သက် သက်လည်း ပူဇော်နိုင်သည်။ ဂြိုဟ်ကြီးကိုးလုံးနှင့် တစ်နေရာတည်း တွဲဖက်၍လည်း ပူဇော်နိုင်သည်။ တစ်နေရာစီခွဲ၍လည်း ပူဇော်နိုင်သည်။ ပူဇော်သော အခါ ဂြိုဟ်ကြီးကိုးလုံးကို ထားရန်မှာ အောက်ပါ အစီအစဉ်အတိုင်း ဖြစ်သည်။

တနင်္ဂနွေဂြိုဟ်ကို အရှေ့အရပ်၌ ထားရသည်။

တနင်္လာဂြိုဟ်ကို အရှေ့အရပ်၌ ထားရသည်။

အင်္ဂါဂြိုဟ်ကို အရှေ့တောင်အရပ်၌ ထားရသည်။

ဗုဒ္ဓဟူးဂြိုဟ်ကို တောင်အရပ်၌ ထားရသည်။

စနေဂြိုဟ်ကို အနောက်တောင်အရပ်၌ ထားရ သည်။

ကြာသပတေးဂြိုဟ်ကို အနောက်အရပ်၌ ထားရ သည်။

ရာဟုဂြိုဟ်ကို အနောက်မြောက်အရပ်၌ ထား ရသည်။

သောကြာဂြိုဟ်ကို မြောက်အရပ်၌ ထားရသည်။

ကိတ်ဂြိုဟ်ကို အလယ်ဗဟိုအရပ်၌ ထားရသည်။

ဘုရားကိုးဆူနှင့် ဂြိုဟ်ကြီးကိုးလုံးကို ပူဇော် ရာ၌ ပိုမိုစုံလင်အောင် ထည့်သွင်းလိုလျှင် (၁) သူရ ဿတီ (၂) စန္ဒီ (၃) ပရမီသွာ (၄) မဟာပိန္နဲ (၅) ဂေါရမန္တ နတ်မင်းကြီးငါးပါးနှင့် (၆) ရုက္ခစိုး (၇) ဘုမ္မစိုး (၈) အာကာသစိုး (၉) အိမ်စောင့်နတ်ဟူ၍ နတ်ကိုးပါးကို ထည့်သွင်းနိုင်ပေသည်။ အကယ်၍ ထည့်သွင်းလျှင် ဘုရားကိုးဆူ ကိုးပွဲအစုံအလင်၊ ဂြိုဟ် ကြီးကိုးလုံး ကိုးပွဲအစုံအလင်၊ နတ်ကိုးပါး ကိုးပွဲ အစုံအလင် အားလုံး ၂၇ ပွဲ ပြင်ရသည်။ ဒါနစု၊ စုစုမြားမြောင်၊ ကျောင်းဆောင်ဆီမီး၊ တံခွန်ထီးနှင့်၊ သစ်သီးသုံးထွေ၊ မသွေရေချမ်း၊ ပန်းလည်းသုံးပါး၊ မုန့်ကားဖြူနီ၊ ယိုစုံစီနှင့် တလီအံ့လောက်၊ ပေါက် ပေါက်ချိုဖြုန်း၊ ကြံအုန်းငှက်ပျော၊ ချိုမောနှစ်သက်၊ လက်ဖက်ကွမ်းယာ၊ သုဓာစုံလင်၊ ဆွမ်းဘောဇဉ် ဟု ရှေးဆရာကြီးများ စပ်ဆိုထားသည့် အတိုင်းပါ။ ဆွမ်းချက်ရန် အစီအစဉ်မှာ ဆန်ကျိုးမပါ ဆန်သစ် ဆန်ကောင်းကို ကိုးနဝင်းကြေ၊ ချက်လိုသလောက် ကိုးခွက်ချင့်၍ ကိုးကြိမ်ဆေး၊ မချက်ဘူးသေးသော အိုးသစ်တွင်ထည့်၍ ဆီးသားထင်း၊ ဆီးသားယောက်မ သို့မဟုတ် သန့်သော ထင်းယောက်မ ဖိုခနောက်ကို ဂဠုန်ရုပ်၊ နဂါးရုပ်၊ ခြင်္သေ့ရုပ်ခံ၍ နံနက် အရုဏ်တက် ဆွမ်းကပ်မီ မတူးမခြစ်အောင် ချက်ရမည်။

ဆွမ်းချက်သောနေရာကို သန့်ပြန့်စွာ ပြုလုပ် ၍ သဲဖြူခင်းရာဇမတ်ကာ၊ အထက်က ပိတ်မျက်နှာ ကြက်ကြက်၊ ထောင့်လေးထောင့်နှင့် အလယ်မီး ထွန်း ထောင့်လေးထောင့်၌ ငှက်ပျောအုန်းစိုက် ရာဇ မတ်ပေါ်တွင် တံခွန် ကုက္ကား ကြက်လျှာ ထီး တံခွန် စိုက်ရမည်။

ဆွမ်းချက်မည့်သူ စောစောထ ရေချိုး၊ ခေါင်း လျှော်၊ ဝတ်ဖြူစင်ကြယ်ဝတ်၊ ငါးပါးသီလခံပြီး ရာဇ မတ်အတွင်းဝင် မင်းကိုးချည်(ပရိတ်ချည်) ပတ်မိ အောင်ပတ်၊ ဆွမ်းမကျက်မီ အပြင်မထွက်နှင့်။ ဆွမ်း ကျက်မှ အပြင်ထွက်ရမည်။ ပွဲပြင်ရန်အစီအစဉ်မှာ ကျောင်းဆောင် သို့မဟုတ် စားပွဲကြီး၊ ဆီမီးဖယောင်း တိုင်၊ ထီး၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ၊ သစ်သီးသုံး မျိုး၊ ပန်းသုံးမျိုး၊ ယိုသုံးမျိုး၊ မုံ့ဖြူ၊ မုံ့နီ၊ ပေါက်ပေါက်၊ ကြံ၊ အုန်းငှက်ပျော၊ လက်ဖက်၊ ကွမ်းယာ၊ ဆွမ်း၊ ရေချမ်း စုံလင်အောင် စီစဉ်ရမည်။ သို့မဟုတ် မိမိတို့ စွမ်းနိုင်သလောက် စီစဉ်နိုင်သည်။ ပွဲပြင်ရာ၌ ဘုရား ကိုးဆူအတွက် ကိုးပွဲအစုံအလင် ဂြိုဟ်ကြီးကိုးလုံး အတွက် ကိုးပွဲအစုံအလင်၊ နတ်ကိုးပါးအတွက် ကိုးပွဲ အစုံအလင် ညဥ့်ဦးက ပြင်ဆင်ထားရမည်။ ဆွမ်းပွဲကို နံနက် အရုဏ်တက်မှ ပြင်ဆင်ရမည်။

ပူဇော်ပုံ အစီအစဉ်မှာ ရှေးဦးစွာ ခွင့်ပန်သော အနေဖြင့် ညဥ့်ဦးယံဘုရားပင့်၊ နောက်အရုဏ်တက် သောအခါ ထပ်၍ ဘုရားပင့်ပြီးလျှင် ရဟန္တာရှစ်ပါးကို အစဉ်အတိုင်းပင့်၊ ပူဇော်၊ ဆုတောင်း၊ ရေစက်ချ၊ အမျှပေးဝေရမည်။ နောက်ဂြိုဟ်ကြီး ကိုးလုံးနှင့် နတ် ကိုးပါးကိုလည်း ထိုအစီအစဉ်အတိုင်းပင့် ပူဇော် ဆု တောင်း။ နောက်ဂြိုဟ်ကြီး ကိုးလုံးကို အစဉ်အတိုင်း ပြန်ပို့ရမည်။

ဟန်ထက်စော

မှီငြမ်း။   ။ (၁) သဇ္ဇနဝိလာသနီကျမ်း (ကျီးသဲလေး ထပ်ဆရာတော်)

(၂) ကိုယ်ပိုင်လေ့လာချက်များ