အကယ်၍ သင်သည် ကံဇာတာပွင့်လန်း၍ စီးပွားတက်ခြင်း၊ လာဘ်ပွင့်ခြင်းကို အလိုရှိပါသော် အောက်ပါအဓိဋ္ဌာန်ကလေးကို စွဲစွဲမြဲမြဲ ပြုလုပ်သင့်ပါသည်။
နံနက် နေမထွက်မီ အိပ်ရာမှထ၍ ကိုယ်လက်သန့်စင်ပါ။ ညဝတ်အိပ်ခဲ့သော အဝတ်ဟောင်း များကို လဲလှယ်ပါ။
မြတ်စွာဘုရားရှင်အား သောက်တော်ရေချမ်း ဆွမ်းတော်၊ ပန်းတော်များ ကပ်လှူပါ။ ပြီးနောက် အောက်ပါဂါထာကို ၄၅ ခေါက် ရွတ်ဖတ်ပူဇော်ရပါမည်။
ဧဟိ မိတ္တံ ဧဟိ ဓနံ၊
ဧဟိ လာဘံ ဧဟိ သုခံ၊
ဧဟိ ဇေယျ ဧဟိ မင်္ဂလံ၊
သဗ္ဗသိဒ္ဓိ ဒေဟိ ဒေဟိ။
ညနေ နေဝင်သောအချိန်တွင်လည်း မြတ်စွာ ဘုရား၌ အလင်းတိုင် ၉ တိုင် ကပ်လှူပူဇော်ပြီး ထိုဂါထာတော်ကိုပင် ၄၅ ခေါက် ရွတ်ဖတ်ပူဇော်ပါ။
ထိုအတိုင်း ၄၅ ရက်တိတိ အလေးအနက် အဓိဋ္ဌာန်ဖြင့် ပြုလုပ်ပါသော် ကံဇာတာပွင့်လန်းပြီး စီးပွားဥစ္စာတိုးတက်ခြင်း၊ ငွေးကြေးလာဘ်လာဘ ပွင့် လန်းခြင်း ကောင်းကျိုးများကို ရရှိနိုင်ကြပါမည် ဖြစ်ပါတော့သတည်း။
ဟိန်းထက်ဇေယျာ(မော်လမြိုင်)
(အယူတော်မင်္ဂလာ)