အိမ်အမြန်ရောင်းလိုသော ခုနစ်ရက်သားသမီးများအတွက် နည်းလေးတစ်ခု ရေးသားပြလိုပါသည်။ အိမ်ရောင်းထွက်စေသော ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင် အမျိုးမျိုးရှိပါသည်။ ယခု ရေးသားမည်မှာ ရှေးမြန်မာပညာရှင်များ၏ နည်းတစ်နည်း ဖြစ်ပါသည်။
သောကြာနေ့ နံနက် ၆ နာရီမှ ၇း၃၀ နာရီ အချိန်တွင် ရောင်းလိုသောအိမ်ကို ပျဉ်းတော်သိမ်ညွန့် ၁၁ ညွန့်ဖြင့် ၁၁ ချက်ရိုက်ရန် ဖြစ်ပါသည်။
သောကြာသားသမီးကရိုက်သော် ပို၍ အစွမ်းထက်နိုင်ပါသည်။ ထိုအတိုင်း သောကြာနေ့တိုင်း သောကြာနေ့တိုင်း ဆောင်ရွက်ခြင်းအားဖြင့် ရောင်းရခက်နေသော အိမ်များပင် အဆင်ပြေပြေနှင့် ရောင်းထွက်သွားသည်ကို တွေ့ကြရပါလိမ့်မည်။
အဆင်ပြေကြပါစေရှင် …