အိမ်မမြဲသူ မြဲစေဖို့

အကြောင်းအမျိုးမျိုးရှာ၍ အိမ်တွင်း၌ နေမပျော်ကြသော ခင်ပွန်း(သို့)ဇနီးသည်အတွက်၊ အချိန်တန် အိမ်ပြန်မလာ၍ နေ့စဉ် စိုးရိမ်သောက ရောက်နေကြရမည်မှာ အသေအချာပါ။ တချို့မိန်းမတွေများ အိမ်အလည်ကောင်းလိုက်တာ ထမင်း ချက်ချိန်တောင် ပြန်မရောက်လို့ ယောကျာ်းနဲ့ နပန်းလုံးရသတဲ့ …။ တချို့ယောကျာ်းတွေလည်း အိမ်အလည် လွန်နေလို့ ညကြီးသန်း ခေါင်မှာ မိန်းမက တံခါးဖွင့်မပေးလို့ဆိုပြီး တစ်ရပ်ကွက်လုံး ပွက်ပွက် ညံ့ရသတဲ့ …။
ထိုသို့ ထိုနှယ် …ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ အိမ်အ လည် ကျူးတတ်၍၊ အိမ်မကပ်၍ စိုးရိမ်သောက ရောက်နေကြရသော အိမ်ထောင်သည်များအတွက် သောကငြိမ်းအေးစေမယ့် နည်းကောင်းလေးတစ်ခု၊ အိမ်မြဲစေေ သာ ယတြာတစ်ခု ပြုလုပ်ပုံကို လက်ဆင့်ကမ်းလိုက်ပါတယ်။ မိမိတို့၏ ခင်ပွန်း(သို့)ဇနီး ပြောင်း လဲလာမှုကို လက်တွေ့ အကျိုးခံစားရမှာပါ။ ယတြာပြုလုပ်ပုံအား ခုနှစ်ရက်သားသမီးများအတွက် ဖော်ပြလိုက်ပါတယ်။

အိမ်မကပ်သူက –

တနင်္ဂနွေသားသမီးဆိုခဲ့ရင် – သီဟိုဠ်အရွက် အားနင်း၍ အနောက်အရပ်ကိုမျက်နှာမူပြီး ထန်းရွက်ပေါ်တွင် တနင်္ဂနွေသားသမီး အိမ်မြဲပါစေဟု ရေးပါ။

တနင်္လာသားသမီးဆိုခဲ့ရင် – ထန်းရွက်အားနင်း၍ မြောက်အရပ်ကို မျက်နှာမူပြီး အုန်းရွက်ပေါ်တွင် တနင်္လာသားသမီး အိမ်မြဲပါ စေဟု ရေးပါ။

အင်္ဂါသားသမီးဆိုခဲ့ရင် – အုန်းရွက်အား နင်း၍ အနောက်တောင်အရပ်ကို မျက်နှာ မူပြီး ကံကော်သားပေါ်တွင် အင်္ဂါသားသမီး အိမ်မြဲပါစေဟု ရေးပါ။

ဗုဒ္ဓဟူးသားသမီးဆိုခဲ့ရင် – ကံ့ကော်သာအား နင်း၍ အရှေ့မြောက်အရပ်ကို မျက်နှာမူပြီး ဆီးသားပေါ်တွင် ဗုဒ္ဓဟူးသားသမီး အိမ်မြဲပါစေဟု ရေးပါ။

ကြာသပတေးသားသမီးဆိုခဲ့ရင် – ဆီးသားအားနင်း၍ အရှေ့အရပ်ကို မျက်နှာမူပြီး ရွက်လှရွက်ပေါ်တွင် ကြာသပတေးသားသမီး အိမ်မြဲပါစေဟု ရေးပါ။

သောကြာသားသမီးဆိုခဲ့ရင် – ရွက်လှရွက်အားနင်း၍ အရှေ့တောင်အရပ်ကို မျက်နှာမူပြီး ပျဉ်မရွက်ပေါ်တွင် သောကြာ သားသမီး အိမ်မြဲပါစေဟု ရေးပါ။

စနေသားသမီးဆိုခဲ့ရင် – ပျဉ်မရွက်အားနင်း၍ တောင်အရပ်ကို မျက်နှာမူပြီး သီဟိုဠ်ရွက် ပေါ်တွင် စနေသားသမီး အိမ်မြဲပါစေဟု ရေးပါ။

အဲဒီအစီအရင်ကို ဘယ်နေ့မှာမဆို နံနက်(၇း၃၀)နာရီမှ (၉းဝဝ)နာရီအတွင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အချိန်၏ တိကျခြင်း၊ အရွက်၏ တိကျခြင်း၊ ဆုတောင်းသစ္စာတို့တိကျခြင်းများပြည့်စုံပါက ခင်ပွန်း (သို့) ဇနီးတို့သည် အပေါင်းအသင်းများကို မမင်တော့ဘဲ အိမ်မှာ အမြဲတွယ်ကပ်နေမှာ အသေအချာပင် ဖြစ်ပါကြောင်း …။ ။

ဟိန်းထက်ဇေယျာ(အယူတော်မင်္ဂလာ-မော်လမြိုင်)