အင်္ဂါဂြိုဟ်ပေါ်တွင် လူသားတွေ ရောက်နေပြီလား

ဒါကြောင့် လူဦးရေ လျှော့ချတဲ့အလုပ်ကို လုပ်နေကြတယ်။ ဘယ်လို လုပ်နေကြသလဲဆိုရင်-
– စစ်ဖြစ်ပြီး လူဦးရေ လျှော့တဲ့နည်း
– ရောဂါဘယနဲ့ လျှော့တဲ့နည်း
အဲဒီနှစ်နည်းနဲ့ ဆောင်ရွက်နေကြတယ်။

အင်္ဂါဂြိုဟ်သည် နေကို ဗဟိုပြုပြီး လှည့်ပတ်နေသော ဂြိုဟ်ခုနစ်လုံးအနက် တစ်လုံးဖြစ်သည်။ ကျွနု်ပ်တို့ ကမ္ဘာနဲ့လည်း လကလွဲလျှင် အနီးဆုံး ဂြိုဟ်ဖြစ်သည်။ ယနေ့ခေတ် သိပ္ပံပညာရှင်များလည်း အင်္ဂါဂြိုဟ်ပေါ်သို့ ခြေချနိုင်ရန် ကြိုးစားလျက်ရှိကြသည့် အင်္ဂါဂြိုဟ်သွားရောက်မည့် ဂြိုဟ်တုများ လွှတ်တင်ပြီး အင်္ဂါဂြိုဟ်ကို အနီးကပ်လေ့လာလျက်ရှိကြသည်။ သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ အင်္ဂါ ဂြိုဟ်သည်သက်ရှိသတ္တဝါများ မှီတင်းနေထိုင်နိုင်သော ဂြိုဟ်တစ်လုံးဖြစ်ကြောင်းသိရသည်။ အချို့သော သိပ္ပံပညာရှင်ကြီးများက ဤကမ္ဘာမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် လူများနေထိုင်ဖို့ အခက်အခဲ ကြုံတွေ့လာရလျှင် အင်္ဂါဂြိုဟ်ကို သွားရောက်နေထိုင်ကြဖို့ အကြံပြုထားပါသည်။ ၁၆-၁-၂၀၂၀ ရက် မနက် ၂း၃၀ နာရီမှာ အင်္ဂါဂြိုဟ်က အလွန်ကြီးသော ခန္ဓာကိုယ်နှင့် အစိမ်းရောင်နတ်ကြီးတစ်ပါး ကျွန်တော့်ရှေ့ကြွရောက်လာပါသည်။
ကျွန်ုပ် ။ ကြွရောက်လာတဲ့ နတ်မင်းကြီးကို ကြိုဆိုပါတယ်ခင်ဗျား။ ဘာကိစ္စ ကျွန်တော့်ဆီကို ကြွရောက်လာတယ်ဆိုတာအမိန့်ရှိပါဦး။
နတ်မင်းကြီး။ ။ အင်္ဂါဂြိုဟ်နဲ့ ပတ်သက်လို့ မိန့်ကြားစရာရှိလို့ ကြွလာတာပါ။ အင်္ဂါဂြိုဟ်မှာ မင်းတို့ကမ္ဘာက လူတွေရောက်နေတာ သုံးအုပ်စုရှိတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ရောက်နေတာက နှစ်အုပ်စုရှိတယ်။ သူတို့ရောက်နေတာ နှစ်ပေါင်း ၁၀ဝ ရှိပြီး သူတို့အင်္ဂါဂြိုဟ်ကို တစ်ဖွဲ့နဲ့တစ်ဖွဲ့ သုံးနှစ်လောက်ခြားပြီး ရောက်လာကြတာ တတိယအဖွဲ့ကတော့ ဒုတိယကမ္ဘာစစ်ကြီးပြီးမှ ရောက်လာကြတာ။ သူတို့သုံးဖွဲ့လုံးက သိပ္ပံပညာရှင်တွေ ဦးဆောင်ပြီး ရောက်လာကြတာပါ။
ကျွန်ုပ်။ ။ သူတို့က ဘယ်နိုင်ငံတွေကပါလဲ။ ယခုသူတို့ရဲ့ လူဦးရေက ဘယ်လောက်ရှိနေပါပြီလဲ။ သူတို့ အင်္ဂါဂြိုဟ်ပေါ်မှာ ဘယ်လိုစားသောက်နေထိုင်ကြပါသလဲ။
နတ်မင်းကြီး။ ။ ဒုတိယကမ္ဘာစစ်မတိုင်မီ ရောက်လာကြတဲ့ နှစ်ဖွဲ့က ဂျာမန်သိပ္ပံပညာရှင်နှစ်ဦးက ဦးဆောင်ပြီး ရောက်လာကြတယ်။ ပထမ တစ်ဖွဲ့ က မိသားစုသုံးစု၊ ဒုတိယအဖွဲ့က မိသားစုငါးစုနဲ့ ရောက်လာကြတာ။ သူတို့က အင်္ဂါဂြိုဟ်ပေါ်မှာ တစ်နေရာစီ နေကြတယ်။ တဖွဲ့နဲ့တစ်ဖွဲ့ ဆက်သွယ် သွားလာမှုတွေ ရှိပါတယ်။ ယခုဆိုလျှင် တစ်ဖွဲ့က လူ ၄၀ လောက်ရှိတယ်။ တစ်ဖွဲ့က လူ ၅၀ ကျော် လောက်ရှိပါတယ်။ တတိယအဖွဲ့ကလည်း ဂျာမန်လူမျိုးတွေပါပဲ။ မိသားစု သုံးစုရှိတယ်။ သူတို့ကလည်း သီးခြားတစ်နေရာနေကြပါတယ်။ သူတို့က လူဦးရေ ၄၀ လောက်ရှိတယ်။ အင်္ဂါဂြိုဟ်မှာ သစ်ပင်တောတောင်တွေရှိ တယ်။ သက်ရှိသတ္တဝါတွေလည်း ရှိပါတယ်။ လက နှစ်စင်းရှိတယ်။ သစ်သီးဝလံတွေကို ကိုယ့်ခြံနဲ့ကိုယ် စိုက်ပျိုးစားကြတယ်။ မိသားစုတစ်စုလျှင် သုံးဧကလောက်စိုက်ပျိုးလျှင် လုံလောက်စွာ စားနိုင်ပါတယ်။ သူတို့အတွက်စားသောက်ကုန် အချို့နဲ့ အသုံးအဆောင်ပစ္စည်းတွေကို မင်းတို့ကမ္ဘာက ဝယ်ယူသုံးစွဲကြတယ်။ အုပ်စုတစ်စုမှာ မင်းတို့ကမ္ဘာကို သွားနိုင်တဲ့ ယာဉ်နှစ်စီးစီရှိကြတယ်။ တစ်လတစ်ခါလောက် သွားရောက်ဝယ်ယူကြတယ်။ ဒီယာဉ်တွေက ဂြိုဟ်တုနဲ့တူတဲ့ လုံးဝန်းတဲ့ သဏ္ဌာန်ရှိတဲ့ ယာဉ်တွေပဲ။ အဲဒီယာဉ်တွေက မင်းတို့ကမ္ဘာက ယာဉ်တွေနဲ့ မတွေ့နိုင်အောင် ကိုယ်ဖျောက်ပြီးသွားလာနိုင်ကြတယ်။ သူတို့သွားချင်တဲ့ မြို့ရဲ့အနီးပင်လယ်ပြင်မှာ ဆင်းသက်လာကြတယ်။ သူတို့ယာဉ်ကို ပင်လယ်ကြမ်းပြင်အောက်မှာ သိမ်းထားခဲ့ကြတယ်။ မိသားစု တိုင်းမှာ သုတေသနဓာတ်ခွဲခန်းတွေ ရှိတယ်။
ကျွန်ုပ်။ ။ သူတို့ရဲ့ သိပ္ပံသုတေသနဓာတ်ခွဲ ခန်းတွေက ဘာတွေ သုတေသနပြုလုပ်နေကြပါသလဲ။
နတ်မင်းကြီး။ ။ သူတို့အဓိက သုတေသနပြုလုပ်နေတာ နှစ်ခုရှိတယ်။ တစ်ခုက လူတွေရဲ့ အသက်ရှည်ရှည်နေနိုင်တဲ့ အသက်ဓာတ်အကြောင်း ကို လေ့လာကြတယ်။ နောက်တစ်မျိုးက လူတွေရဲ့ ယောကျာ်းရယ်၊ မိန်းမရယ် ဖြစ်ပေါ်လာတဲ့ အခြေခံအကြောင်းရင်းကို လေ့လာကြတယ်။
ကျွန်ုပ်။ ။ အစောပိုင်းကာလတွေက ဘာတွေ လေ့လာနေကြပါသလဲ။
နတ်မင်းကြီး။ ။ ပြီးခဲ့ကာလတင်မကဘူး။ ပြီးခဲ့တဲ့ကာလရော၊ ယခုအချိန်မှာပါ သူတို့ ဆောင်ရွက်နေကြတာ နှစ်ခုရှိတယ်။
(၁) မင်းတို့ကမ္ဘာကို တတိယကမ္ဘာစစ် မဖြစ်အောင် တားဆီးနေကြတယ်။ ဘယ်လိုတားသလဲဆိုရင် ယခုမင်းတို့ ကမ္ဘာက အဖျက်စွမ်းအား ကြီးမားတဲ့ အနုမြူလက်နက်တွေကို ထိန်းချုပ်တဲ့အလုပ်ပါပဲ။ သူတို့က ကမ္ဘာက အနုမြူလက်နက်တွေ တကယ် ဖြစ်တော့မည်ဆိုလျှင် သက်ဆိုင်ရာ လက်နက်ရဲ့ အလုပ်တွေ အလုပ်မလုပ်အောင် တားမြစ်နိုင်ကြပါတယ်။ အင်္ဂါဂြိုဟ်ကနေပြီး ထိန်းချုပ်နိုင်ကြပါတယ်။
(၂) ဒုတိယအချက်ကတော့ မင်းတို့ဆီက ပညာရှင်တွေ လူသားအတုတွေ သို့မဟုတ် စက်ရုပ်လူသားတွေ ပြုလုပ်ကြတဲ့နေရာမှာ တကယ် လူသားအစစ်ကဲ့သို့ ဖြစ်မလာအောင် တားမြစ်တဲ့အလုပ်ပါပဲ။
ကျွန်ုပ်။ ။ သူတို့က ဘာကြောင့် စက်ရုပ်လူသားကိစ္စတားမြစ်ကြတာပါလဲ။
နတ်မင်းကြီး။ ။ လူသားအစစ်နဲ့ တူတဲ့ စက်ရုပ် လူသားတည်ထွင်အောင်မြင်လျှင် လူတွေက သားသမီးတွေ မွေးဖွားတဲ့ အလုပ်လုပ်ကြမှာ မဟုတ်တော့ဘူး။ စက်ရုပ်လူသားကိုပဲ ဝယ်ယူပြီး အိမ်မှာ အဖော်အဖြစ် အိမ်အလုပ်တွေအတွက်ရော စက်ရုံတွေမှာလည်း စက်ရုပ်လူသားတွေကပဲ လူတွေ ကိုယ်စား ဝင်ရောက်လုပ်ကိုင်ကြမယ်။ လူသားနဲ့ စက်ရုပ်လူသားနဲ့ ရောနှောနေထိုင်တဲ့လူ့အဖွဲ့အစည်းကြီး ဖြစ်လာပါလိမ့်မယ်။ ပုံစံတကျ လူ့အသိုင်းအဝိုင်းကြီး ဖြစ်လာပါလိမ့်မယ်။ လူသားရဲ့အခန်းကဏ္ဍက ၆၀ ရာခိုင်နှုန်း လျော့နည်းသွားမယ်။ မေတ္တာ တရား သံယောဇဉ်တရားတွေလည်း ရှိကြတော့မှာ မဟုတ်ဘူး။ ဒါကြောင့်သူတို့က စက်ရုပ်လူသား တီထွင်မှုလုပ်ငန်းကို တားမြစ်နေကြတာ ဖြစ်တယ်။ နောက်သူတို့ မင်းတို့ကမ္ဘာနဲ့ ပတ်သက်ပြီး အရေးတကြီးဆောင်ရွက်နေကြတာ။ တစ်ခုရှိသေးတယ်။ အဲဒါ က မင်းတို့ကမ္ဘာက လူဦးရေကို လျှော့ချဖို့ ကိစ္စပါပဲ။ သူတို့က ကမ္ဘာ့လူဦးရေကို သန်း ၄၀ဝ၀ လောက်ပဲရှိစေချင်တယ်။
ကမ္ဘာက လူဦးရေ သန်း ၄၀ဝ၀ ထက်ပိုပြီး မကျွေးမွေးနိုင်ဘူးလို့ သူတို့က သတ်မှတ်ကြတယ်။ စိုက်ပျိုးထွက်ရှိတဲ့ သီးနှံ သောက်သုံးရေ စသည်ဖြင့် သန်း ၄၀ဝ၀ ထက် ကျော်လျှင် တစ်ချိန်မှာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ခံကြရလိမ့်မယ်။ ဒါကြောင့် လူဦးရေ လျှော့ချတဲ့အလုပ်ကို လုပ်နေကြတယ်။ ဘယ်လို လုပ်နေကြသလဲဆိုရင်-
– စစ်ဖြစ်ပြီး လူဦးရေ လျှော့တဲ့နည်း
– ရောဂါဘယနဲ့ လျှော့တဲ့နည်း
အဲဒီနှစ်နည်းနဲ့ ဆောင်ရွက်နေကြတယ်။
ကျွန်ုပ်။ ။ အင်္ဂါဂြိုဟ်က လူတွေက ဒီကမ္ဘာကတွေ သူတို့ဆီလာနေမှာကို မလိုလားဘူးဆိုတာ မှန်ပါသလား။
နတ်မင်းကြီး။ ။ ဟုတ်ပါတယ်။ သူတို့ဆီက လူတွေက ယာဉ်ကျေးတဲ့ လူ့လက်ရွေးစင်တွေနေတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ မင်းတို့ကမ္ဘာက လူတွေ လာရောက်နေထိုင်တာကို အလွယ်တကူ နေထိုင်ခွင့်ပြုလိုက်လျှင် လူမျိုးစုံပါလာပြီး သူတို့ရဲ့ အင်္ဂါဂြိုဟ်ဟာ မင်းတို့ရဲ့ ဒုတိယကမ္ဘာဖြစ်လာပြီး သူတို့ရဲ့ မူလယဉ်ကျေးတဲ့ လူ့အသိုက်အဝန်းပျက်စီးသွားမှာ အလွန်စိုးရိမ်ကြတယ်။ အဲဒါကြောင့် မင်းတို့ ကမ္ဘာကလာတဲ့ ယဉ်တွေသူတို့ဆီ ခြေချမှာကို နှောင့်ယှက်နေကြပါတယ်။ မင်းတို့ကမ္ဘာနဲ့ မင်းတို့ အဆင်ပြေအောင် ကူညီနေကြပါတယ်။
ကျွန်ုပ်။ ။ သူတို့ဆီက လူတွေက ဒီကလူတွေထက် အသက်ပိုရှည်အောင် နေနိုင်ကြပါသလား။
နတ်မင်းကြီး။ ။ သူတို့က အသက်ရှည်အောင် နေတဲ့ နည်းရော လူဦးရေ ထိန်းချုပ်တဲ့နည်းရော ကျန်းမာရေးကောင်းအောင်နေတဲ့နည်းရော ကောင်း စွာတတ်မြောက်နေကြပါပြီ။
ကျွန်ုပ်။ ။ နတ်မင်းကြီးက အင်္ဂါဂြိုဟ်နဲ့ တစ်စုံတစ်ရာပတ်သက်မှုရှိပါသလား။
နတ်မင်းကြီး။ ။ ယခုမင်းတို့ကမ္ဘာကလာတဲ့ လူတွေက အင်္ဂါဂြိုဟ်တစ်ဖက်ခြမ်းမှာနေကြတာ အင်္ဂါဂြိုဟ်ရဲ့ အခြားနေရာတွေ ၃၅ သန်းလောက်ရှိတယ်။ သူတို့က မင်းတို့ကမ္ဘာကလာတဲ့ ဂျာမန်လူမျိုး တွေလောက် ပညာမတတ်မြောက်ကြပါဘူး။ ဉာဏ်ရည် နိမ့်ပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ ငါက အဲဒီလူမျိုးတွေ ကိုးကွယ်တဲ့နတ်ကြီးပါ။
ငါက မင်းဆီလာတဲ့ ရည်ရွယ်ချက် နှစ်ချက်ရှိတယ်။
– မင်းတို့တစ်တွေ မင်းတို့ကမ္ဘာမှာ နေထိုင်ဖို့ အခက်ခဲရှိလျှင် အင်္ဂါဂြိုဟ်ပေါ်မှာ လာနေထိုင်ဖို့ မကြိုးစားပါနဲ့။
– မင်းတို့ကမ္ဘာက အုန်းပင်မှာ လူကို အသက်ရှည်စေနိုင်တဲ့ဓာတ်တွေပါတယ်။ လူတွေကို အသက်တိုစေနိုင်တဲ့ဓာတ်အချို့လည်း ပါတယ်။ အုန်းသီးကို လူတွေရဲ့ အစာအာဟာရတစ်မျိုးအဖြစ် စားသုံးမယ်ဆိုလျှင် ကိုယ်ခန္ဓာကျန်းမာပြီး အသက်ရှည်နိုင်ပါတယ်။ အုန်းသီးဆံကို ထန်းလျက်နဲ့ တွဲစားရင် ကျန်းမာရေးကောင်းပြီး အသက်ရှည်နိုင်ပါတယ်။
နတ်ကြီးလည်း မနက် ၄း၃၀ နာရီမှာ ပြန်ကြွသွားပါပြီ။
ယနေ့ကမ္ဘာကြီးကို လေ့လာမည်ဆိုလျှင် လူဦးရေက သန်းပေါင်း ၆၀ဝ၀ ကျော်နေပါပြီ။ ဆက်လက်ပြီးလည်း လူဦးရေတွေက တိုးနေဦးမှာပါ ပဲ။ လက်ရှိကမ္ဘာ့ စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုက လက်ရှိလူဦးရေကိုပင် လုံလောက်စွာ ကျွေးမွေးနိုင်ဖို့ အခက်အခဲတွေ တချို့နိုင်ငံတွေမှာ ကြုံတွေ့နေကြ ပါပြီ။ စိုက်ပျိုးနိုင်တဲ့မြေက တိုးမလာပါဘူး။ စားမယ့် လူတွေကသာ တိုးလာနေတာပါ။ ဒါကြောင့် စိုက် ပျိုးသီးနှံတွေကို အထွက်နှုန်းကောင်းတဲ့ သီးနှံတွေ ဖြစ်လာအောင် လေ့လာသုတေသနပြုနေကြရပါ တယ်။ ဓာတ်မြေဩဇာအမျိုးမျိုးလည်း စမ်းသပ် ထုတ်လုပ်နေကြရပါတယ်။
တချို့သော ရေပညာရှင်များက နောက် ၁၅နှစ်၊ အနှစ် ၂၀ ကြာလျှင် ကမ္ဘာပေါ်က လူ အားလုံးအတွက် လုံလောက်တဲ့ ရေချိုရဖို့ပင်လျှင် အခက်အခဲတွေ့နိုင်တယ်လို့ ပြောဆိုနေကြပါပြီ။
နိုင်ငံကြီးတွေလည်း လူဦးရေထိန်းချုပ် ကန့်သတ်ရေးကို ဆောင်ရွက်နေကြတာလဲ တွေ့ရပါတယ်။ လူဦးရေနဲ့ နယ်ချဲ့ဖို့ ကြံစည်နေတဲ့သူတွေ လည်းရှိပါတယ်။ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် စိုက်မှုပျိုးမှု နေမှုထိုင်မှု၊ အခက်အခဲတွေလည်း ကြုံတွေ့နေကြရပါတယ်။
အနုမြူလက်နက်ကိုင်ဆောင်ထားတဲ့ နိုင်ငံ တွေစစ်ဖြစ်မှာကိုလည်း စိုးရိမ်နေကြရပါတယ်။ ဒီအထဲကမ္ဘာမှာ နေစရာမရှိလို့ သိပ္ပံပညာရှင်တွေက အင်္ဂါဂြိုဟ်ကို သွားရောက်နေထိုင်ကြဖို့ တိုက်တွန်း နေသော်လည်း အင်္ဂါဂြိုဟ်ပေါ်က အရင်ရောက်နေတဲ့ သူတွေက သူတို့ရဲ့ အသိုက်အဝန်းလေး ပျက်စီးမှာ စိုးလို့ အလာမခံပြန်ဘူး။ အင်္ဂါဂြိုဟ်မှာရှိတဲ့ နတ်ကြီးကလည်း သူတို့ဆီမလာဖို့ တားမြစ်နေပြန်ပါတယ်။ ကမ္ဘာကြီးမှာ နေဖို့ထိုင်ဖို့ အခက်အခဲဖြစ်လျှင် ကျွန်တော်တို့ ဘယ်ကိုများ ပြေးရှောင်ကြရမလဲ။ ဒီကြားထဲ စက်ရုပ်လူသားတွေကလည်း တစ်မှောင့်။
သတ္တဝါများကျန်းမာချမ်းသာပါစေ …
ဆရာဝင်း(သာကီနွယ်)

(ဤဆောင်းပါးပါ အယူအဆများသည် စာရေးသူ၏အယူအဆများသာဖြစ်ပါသည်၊ အယ်ဒီတာအဖွဲ့၏အာဘော်မဟုတ်ပါကြောင်း၊
အယ်ဒီတာအဖွဲ့)