နေ့တစ်နေ့၏ ညနေစောင်းလုလုအချိန်ဖြစ် ပါသည်။ ကျွန်တော်သည် ပုဂံမြို့ဟောင်းရှိ ထီးလို မင်းလိုဘုရားတွင် အဓိဋ္ဌာန်ပုတီးသွားစိပ်ရန် အိမ်မှ ထွက်မည်ဟုပြင်နေခိုက် ဗေဒင်မေးနေကျ ဖောက် သည်ကြီး ဒေါ်အေးသွယ် ရောက်လာပါတော့သည်။
ဤတစ်ခေါက်တွင်တော့ သူ့ယောကျာ်းရော၊ နှစ်ဖက်ဆွေမျိုးတွေရော ပါလာကြလေသည်။ ပါလာ သည့်ကလေးတွေကလည်း ဆော့လိုက်ကြသည်မှာ မျောက်ရှုံးပါသည်။
ကျွန်တော့်မှာ ထိုက လေးများကို လိုက်၍ဆွဲ ရင်း –
“အဲဒီပစ္စည်းကိုမကိုင်နဲ့ဟ …၊ ဒီဟာက ကျကွဲမယ်လေ …၊ ဒါကကလေးတွေ မကိုင်ကောင်းဘူး …” စသဖြင့် တတွတ်တွတ် ပြောနေရလေတော့သည်။ နောက် ဆုံးတွင် –
“ကဲပါဒေါ်အေးသွယ်ရယ် …ခင်ဗျားရဲ့ မျောက်တွေနဲ့ စကားလည်း ကောင်းကောင်းပြော လို့ဖြစ်မှာမဟုတ်ပါဘူး၊ လာရင်းကိစ္စကိုသာ တိုတို ပြောပေတော့ဗျို့ …” ဟု ပြောလိုက်ရလေတော့ သည်။ ထိုအခါ ဒေါ်အေးသွယ်၏ယောကျာ်းကြီးက
“ကျွန်တော်တို့ဆွေမျိုးတစ်သိုက်မှာ ဘယ် သူဟာ ထီပေါက်ကိန်းရှိနိုင်သလဲ သိချင်လို့ပါဆရာ ရေ …” ဟု မေးရာ ကျွန်တော်က –
“ထီထိုးတဲ့လူကတော့ ပေါက်ကိန်းတစ်ဝက် ရှိနေပြီဗျာ”ဟုပြန်၍ပြောလိုက်လေသည်။ ဒေါ် အေးသွယ်၏ ယောကျာ်းကြီးက –
“အဲဒီလိုတော့ မပြောပါနဲ့ဆရာရယ်၊ တွက်ကြည့်ပေးပါလား” ဟုပူဆာရာ ကျွန် တော်က –
“ဒီလို လုပ်ဗျာ၊ ကျွန်တော်လည်း အပြင်သွားစရာရှိနေတယ် …၊ ကျွန်တော်တို့ငယ်ငယ်က ဘုန်းကြီးကျောင်းသားဘဝ မှာ ဆရာတော်ကြီးပြောတာလေးတစ်ခု မှတ်မိနေတာ ရှိတယ် …၊
ဘုရားရှင်လက်ထက်တော်အခါတုန်းက စာ ရေးတံမဲ အစဉ်အမြဲပေါက်တဲ့ ကုဏ္ဍဓါနမထေရ်သူ မြတ်ကြီး ရှိခဲ့ဖူးတယ်တဲ့ …၊ အဲဒီမထေရ်မြတ်ကြီး က ဟောဒီဂါထာကို ရွတ်လေ့ရှိတယ်တဲ့ …၊
အဲဒီဂါထာကို ထီထိုးတဲ့အခါမှာလည်း ရွတ်၊ ထီလက်မှတ်ကိုလည်း ကိုင်ပြီး တစ်ခါရွတ်ရင် ၃၇ ခေါက်ရွတ်ရွတ်ပြီး ဆုတောင်းမယ်ဆိုရင် ထီပေါက် မဲပေါက်ဆိုတဲ့ကံအား ကောင်းစေပါလိမ့်မယ်တဲ့ဗျာ” ဟု လိုရင်းတိုရှင်းပြောကာ ထိုဂါထာတော်ကို စာရွက် အလွတ်တစ်ရွက်ပေါ်တွင်ရေးပေးလိုက်ရပါလေတော့ သည်။
ဧတံဒဂံ္ဂ ဘိက္ခဝေ မမ
သာဝကာနံ ဘိက္ခူနံ
ပဌမံ သလာကံ ကဏှန္တာနံ
ယဒိဒံ ကုဏ္ဍဓါနော
ဧတေန သစ္စဝဇ္ဇေန
သောတ္ထိ မေ ဟောတုသဗ္ဗဒါ
ကောင်းစည်သူ(ပုဂံမြို့သစ်)
(မှတ်ချက်။ ။ ဆရာကောင်းစည်သူနှင့် ဆက်သွယ် လိုပါသော် ဖုန်း ဝ၉ ၄၃၀၅၃၆၉၈)