စေတီတော်သည် ၁၆ ဆင့်ရှိသည်။ တစ်ဆင့်လျင် ၁၀ ပတ် ၁၆ ဆင့်လျင် စုစုပေါင်း ၁၆၀ အပတ်ပေါင်းစိပ်ရပါမည်။ ၁၆၀ ပတ် ပြီးလျင် စေတီတစ်ဆူ တည်ပြီ မည်ပါသည်။
စေတီအဆူပေါင်း မိမိအသက်နှင့်အမျှ သက်စေစိပ်ပြီးလျှင် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ပေးသည် မည်၏။
၎င်းပုတီးစိတ်နည်းကို ပလ္လင်တော်အောက်ခြေမှ စပြီး စိပ်ပါ။ တစ်ရက်လျှင် တစ်ဆင့်သာ စိပ်ပါ။
အကယ်၍ မအားလျင် တစ်ဆင့်သော်လည်းကောင်း ၂ ဆင့်သော်လည်းကောင်း စိပ်ပြိး မအားလျင် ရပ်ထားပါ။ ရပါသည်။
နောက်မှ ရောက်သော နေရာမှ ပြန်စစိပ်ပါ။
၎င်း ပုတီးစိတ်နည်းသည် ရတနာသုံးပါး၊ ဂုဏ်တော်ကိုးပါး၊ လက္ခဏာသုံးပါး၊ ဉာဏ်တော်စဉ်သုံးပါး တည်းဟူသော သမထ ဝိပဿနာနှစ်ဖြာတို့ကိုပေါင်း၍ ပွားများစိတ်ရခြင်းကြောင့် အသက်ရှည် ကျန်းမာခြင်း၊ သွေးသားစင်ကြယ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်း အစရှိသော အကျိုးတရာများကို ရှိစေပါသည်။
စေတီ ၁၀၈ ဆူ တည်နိုင်လျင် ထွက်ရပ်ပေါက်များနှင့် တွေ့ဆုံရတတ်သည်။ ဤနည်းကို သမာဓိတည် ယုံကြည်စွာ စိပ်ပါ လက်တွေ့အကျိုးပေးပါမည်။
စေတီပုံပါ အချက်အလက်များ
- ၁၆ ပုဒိအာ အာဒိပု
- ၁၅ အနတ္တ (ရုပ်နာမ် )
- ၁၄ ဒုက္ခ (ရုပ်နာမ် )
- ၁၃ အနိစ္စ (ရုပ်နာမ် )
- ၁၂ ဘဂဝါ
- ၁၁ ဗုဒ္ဓေါ
- ၁၀ သတ္ထာ ဒေဝ မနုဿနံ
- ၉ အနုတ္တရော ပုရိသ ဓမ္မ သာရထိ
- ၈ လောကဝိဒူ
- ၇ သုဂတော
- ၆ ဝိဇ္ဇာ စရဏသမ္မန္နော
- ၅ သမ္မာ သမ္ဗုဒ္ဓေါ
- ၄ အရဟံ
- ၃ သံဃံသရဏံ ဂစ္ဆာမိ
- ၂ ဓမ္မံ သရဏံ ဂစ္ဆာမိ
- ၁ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
အထက်ပါအချက် ၁ မှ ၁၆ သည် စေတီတော်ပုံပါ အချက်အလက်များ ဖြစ်ပါသည်။
၁ သည် စေတီတော်၏ပလ္လင်တော်ဖြစ်၍ ၁၆ သည် စိန်ဖူးတော်ကို ကိုယ်စားပြုပါသည်။
စေတီတော်စတည်တော့မည်ဆိုလျှင် အောက်ခြေ ပလ္လင်တော် ၁ မှ စ၍ စိပ်ရမည်ဖြစ်ပါသည်။ တစ်ရက်လျှင် တစ်ဆင့်သာ စိပ်ပါ။ ၁၆ ဆင့်အထိ ရက်ပေါင်း ၁၆ ရက်တွင် စေတီတစ်ဆူပြီးပါသည်။
သူတော်ကောင်းအပေါင်းတို့ ခန္တီစေတီကို စိတ်နှလုံးတည်ငြိမ်အေးချမ်းစွာဖြင့် တည်နိုင်ကြပါစေ။
